“မင်းက ဖုတ်ကောင်တွေရဲ့အာရုံကို ဖမ်းစားဖို့ မင်းရဲ့သေနတ်တွေရဲ့ ပစ်ခတ်နိုင်စွမ်းကို အသုံးပြု။ အခြေစိုက်စခန်းမှာရှိတဲ့ တိုက်ခိုက်ရေးအခြေခံတဲ့ စွမ်းအားရှင်တွေ အားလုံးက တံတိုင်းပေါ်မှာ တိုက်ခိုက်ကြလိမ့်မယ်။ ငါ့အဖွဲ့က အဲ့နောက်မှာ သူတို့ခေါင်းဆောင်ကို ရှာဖွေပြီး သူတို့ကို သတ်ပစ်မယ်”
ပြောရမည်ဆိုလျှင် နောက်လိုက်များကို ဖျက်ဆီးဖို့ ရှင်ဘုရင်ကို အရင်ဖမ်းရမည်ဖြစ်သည်။ ဖုတ်ကောင်ဝိုင်းရံခြင်းကို ချိုးဖျက်ဖို့ရန် မခက်ပါချေ။ ခေ့င်းဆောင် အဆင့် 4 ဖုတ်ကောင်ကို သတ်နိုင်သရွေ့ ထို့အပြင် ဖုတ်ကောင်အသစ်ကို မဆွဲဆောင်ခဲ့သရွေ့ ဖုတ်ကောင်ဒီရေသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မည်ဖြစ်သည်။
“ခေါင်းဆောင်! ဖုတ်ကောင်တွေမှာ ခေါင်းဆောင်တွေရှိလား?”
ကျန်းယောင်ဟွားသည် မယုံကြည်နိုင်စွာ မေးလာ၏။
“ဟုတ်ကဲ့၊ အဆင့်မြင့်ဖုတ်ကောင်တွေက အဆင့်နိမ့်ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်တယ်။ ကျွန်တော်တို့ ခန့်မှန်းမိတာက ဒီဖုတ်ကောင်၀ိုင်းရံမှုကို အမိန့်ပေးတဲ့သူက အဆင့်လေးဖုတ်ကောင်ဖြစ်သင့်တယ်”
'အဆင့် လေး ဖုတ်ကောင်' ဟူသော စကားလုံးကို ကြားလိုက်ရပြီး ကျန်းယောင်ဟွား၏ မျက်နှာသည် ပြောင်းလဲသွားခဲ့လေ၏။ သူတို့အခြေစိုက်စခန်းရှိ တစ်ဦးတည်းသော အဆင့် သုံး ပင်ကိုယ်စွမ်းအားရှင်မှာ အဆင့်လေးဖုတ်ကောင်တစ်ကောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။
“အဲဒါက အဆင့် လေး ဖုတ်ကောင်တစ်ကောင်ပါ! မင်းတို့ ဒါကို လုပ်နိုင်မှာ သေချာရဲ့လား? မတိုင်ခင်က ငါတို့အခြေစိုက်စခန်းမှာ အဆင့်သုံးစွမ်းအားရှင်တစ်ယောက်က အဲ့ဖုတ်ကောင်ရဲ့လက်ထဲမှ သေသွားခဲ့တာ ”
“အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ငါတို့အရင်ဆုံးကြိုးစားရမယ်။ ငါတို့မှာ ဖြေဆေးတွေ စွမ်းရည်ဆေးတွေရှိရုံသာမကဘဲ ငါ့ချစ်သူရဲ့ စွမ်းရည်က ထူးခြားတယ်။ သူက အပင်တွေကို လက်နက်အဖြစ်ပြောင်းလဲနိုင်ပြီး ဖုတ်ကောင်တွေကို ကြီးကြီးမားမားပျက်စီးစေနိုင်တဲ့ အထူးလက်နက်တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ????????????????????????? 》
Start from the beginning