မီးစွမ်းအားရှင်များသည် ဖုတ်ကောင်များဆီသို့ မီးလုံးများဆက်၍ပစ်ပေါက်နေကြသည်။ ဖုတ်ကောင်များသည် ၎င်းတို့၏မြင့်မားသော ပျက်စီးယိုယွင်းမှုကြောင့် အလောင်းကောင်ဆီအလွှာဖြင့် ဖုံးအုပ်ထားလေ့ရှိ၏။ ဖုတ်ကောင်များပေါ်သို့ မီးလုံးကျရောက်ပြီးနောက် ၎င်းတို့၏ခန္ဓာကိုယ်များ ချက်ချင်းလောင်ကျွမ်းသွားမည်ဖြစ်သည်။ ဖုတ်ကောင်များသည် နာကျင်မှုကို အာရုံမခံစားနိုင်ဘဲ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ လောင်ကျွမ်းနေသောမီးများကို မည်ကဲ့သို့ ငြိမ်းသတ်ရမည်ကို မသိနိုင်ချေ။ တစ်ခဏအကြာတွင် ဖုတ်ကောင်များကို တိုက်ရိုက်လောင်ကျွမ်းသွားစေလေသည်။
တိုက်ခိုက်ရေးအခြေခံသည့် စွမ်းအားရှင်အားလုံးကလည်း ဖုတ်ကောင်များအပေါ် သူတို့၏စွမ်းရည်ကို ထုတ်လွှတ်ရန် ကြိုးစားနေကြသည်။ ယခုဆို ဖုတ်ကောင်များသည် ဝိုင်းရံထား၍ မရနိုင်တော့ဘဲ တင်းကြပ်သောဝိုင်းရံမှုကို မရှိနိုင်ကြတော့ချေ။ ယခုအချိန်တွင် ဖုတ်ကောင်များကို သတ်ခြင်းကသာ အသက်ရှင်သန်နိုင်ဖို့နည်းလမ်းတစ်ခု ရှာနိုင်လေသည်။ အကယ်၍ သူတို့သာ ခေတ္တပြန်ဆုတ်ခွာလိုင်ပါက သူတို့ သေသွားလိမ့်မည်ဖြစ်သည်။
ခွန်အားနှင့် အရှိန်စွမ်းအားရှင်များသည် သူတို့၏ သာမာန် အေးစက်နေသောလက်နက်များနှင့်အတူ တံတိုင်းပေါ်တွင်ရပ်ကာ ဖုတ်ကောင်များကို အနီးကပ်တိုက်ခိုက်နေကြသည်။
ကျန့်ယွင်သည် ကျန်သည့်အဖွဲ့ကိုလည်း တံတိုင်းပေါ်တက်ပြီး တိုက်ပွဲဝင်ခိုင်းလိုက်လေသည်။
တခဏတာအတွင်း တိုက်ပွဲမြင်ကွင်းသည် အလွန်အမင်းကို ကြောက်မက်ဖွယ် ပြင်းထန်လှ၏။
ကျန့်ယွင်သည် စုရွေ့ကျယ်ထံမှ ပဲစေ့ကျည်ဆန်ကြီးတစ်ထုပ်ကို ယူကာ ပစ်ခတ်ရာတွင်ပိုကောင်းသည့် ကျန်းယောင်ဟွားအား ပေးလိုက်သည်။
ကျန့်ယွင်သည် ဤကျည်ဆန်မျိုးသုံးပါက ခေါင်းကိုချိန်ဖို့ မလိုအပ်ကြောင်း ပြောလ်ုက်၏။ ခန္ဓာကိုယ်ကို ထိမှန်ဖို့သာလိုပြီး ဖုတ်ကောင်ကို သတ်ပစ်လိမ့်မည်ဖြစ်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ????????????????????????? 》
Start from the beginning