ထို့အပြင် ဖုတ်ကောင်အုပ်စုအတွင်းရှိ ပုပ်ပွနေခြင်းနည်းပြီး ပိုလွတ်လပ်စွာလှုပ်ရှားနိုင်ပုံရသည်ဖုတ်ကောင်များကိုသာ ပစ်မှတ်ထားရန် ကြိုးစားခိုင်းလိုက်သည်။ ဖုတ်ကောင်အများစုသည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များဖြစ်ကြ၏။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ဖုတ်ကောင်များထက် အဆများစွာပိုမိုအားကောင်းကြ၏။ ၎င်းတို့သည် အခြေစိုက်စခန်းမြို့တံတိုင်းများကို ပိုမိုပျက်စီးစေနိုင်လေသည်။
ကျန်းယောင်ဟွားသည် တစ်ကိုယ်လုံးအစိမ်းရောင်ရှိသည့်ကျည်ဆန်ကို ကြည့်လိုက်ပြီး ကျည်ဆန်သည် အထူးအဆန်းဖြစ်ကြောင်း ခံစားလိုက်ရ၏။သူ့အား ကျေးဇူးတင်စကားဆိုပြီးနောက် သူသည် ချက်ချင်း လူများအား ၎င်းကို ဖြန့်ဝေခွင့်ပေးလိုက်သည်။
ပဲစေ့ကျည်ဆံများသည် ခေါင်းကိုမချိန်ဘဲ ခန္ဓာကိုယ်ကို ထိမှန်သရွေ့ ဖုတ်ကောင်များကိုသေစေနိုင်ပြီး ၎င်းသည် စစ်သားများ၏ တိုက်ခိုက်မှုအရှိန်ကို လွန်စွာမြန်ဆန်စေပြီး ထိမှန်မှုနှုန်းကို တိုးမြင့်စေသည်။
“သုန်သုန်၊ ဖုတ်ကောင်တွေကြားထဲက တခြားဖုတ်ကောင်တွေနဲ့ မတူတဲ့ ဖုတ်ကောင်တစ်ကောင်ကို ရှာတွေ့နိုင်လား?”
တခြားလူများကို စီစဉ်ပြီးနောက် ကျန့်ယွင်သည် နောက်ဆုံး၌ ယွီသုန်သုန်ကို အလွန်ခက်ခဲသည့်အလုပ်တစ်ခု ပေးလိုက်လေသည်။
ယွီသုန်သုန်သည် လေးနှစ်ကျော်လေးမျှသာရှိသေးသော်လည်း ယခုအခါတွင် သူ၏စိတ်စွမ်းအားသည် အဆင့်နှစ်ရှိပြီဖြစ်၏။ သူ့စိတ်စွမ်းအားလွှမ်းခြုံမှုသည် မီတာ 100 အထိရောက်ရှိနေပြီဖြစ်ကာ ဖုတ်ကောင်အများစုကို ဖုံးလွှမ်းထားနိုင်လေသည်။
“ကောင်းပါပြီ”
ယွီသုန်သုန်သည် နာခံစွာ ခေါင်းညိတ်ပြလိုက်၏။
“အခု ကိုယ်တို့ အလှည့်ရောက်ပြီ”
ကျန့်ယွင်သည် စုရွေ့ကျယ်ကို ကြည့်လိုက်၏။
စုရွေ့ကျယ်သည် သူ့ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် စွမ်းရည်ဆေးတစ်ပုလင်းကို ထုတ်ယူ၍ သောက်လိုက်ကြသည်။ ပြီးနောက် သူတို့သည် တိုက်ရိုက် လက်များကိုင်ထားကာ တံတိုင်းပေါ်မှ ခုန်ဆင်းသွားကြလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ????????????????????????? 》
Start from the beginning