ဤတစ်ကြိမ်၌ အဓိကဖျော်ဖြေသူများကတော့ တပ်မတော်ထဲမှ အနုပညာရှင်စစ်သားအချို့နှင့် ဖျော်ဖြေဖို့အထူးဖိတ်ကြားထားသူများဖြစ်ကြသည်။ ထိုလူများသည် ကမ္ဘာပျက်ကပ်မတိုင်ခင်က ကျော်ကြားသော နာမည်ကြီး အဆိုတော်များနှင့်အကသမားများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖျော်ဖြေပွဲအတွက် ငါးယောက် ခြောက်ယောက်သာ လိုအပ်သော်လည်း ဖျော်ဖြေမှုတစ်ခုတစ်ခုအတွက် အလုပ်ရမှတ် 20 သာရရှိလေသည်။
ဗဟိုရင်ပြင်ရှိ အလင်းရောင်နှင့်အသံစနစ်သည် အတော်လေး ရိုးရှင်းသော်လည်း သူအားလုံး အလွန်နှစ်သက်ကြ၏။ အများစုမှာ သူတို့၏ မျက်လုံးများတွင် မျက်ရည်များပင် ဝိုင်းနေကြ၏။ သူတို့အသက်ရှင်နေဆဲဖြစ်ပြီး မျှော်လင့်ချက်များ ရှိနေသည်ဟု ခံစားနေကြရသည်။
နှစ်သစ်ကို စတင်ခဲ့ပြီးဖြစ်၏။
“ခေါင်းဆောင်ကျန့်! လူကြီးမင်းစု!”
ဖျော်ဖြေပွဲအပြီးတွင် လူအုပ်ကြီးသည် ဖြည်းညှင်းစွာ လူစုခွဲလိုက်သောအခါ တစ်စုံတစ်ယောက်သည် ရုတ်တရက် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို လှမ်းခေါ်လာလေ၏။
သူတို့ပြန်လှည့်ကြည့်လိုက်ပြီး ကျန်းမောင့်ရုန်၊ လီကျားနှင့် ရွှီဖုန့်ယင်း တို့ကိုတွေ့လိုက်ကြ၏။ သူတို့ လုံး၀အံ့အားသင့်သွားလေ၏။ ရွှီဖုန့်ယင်း၏မျက်လုံးများသည် အနည်းငယ်နီနေဆဲဖြစ်၏။
“အဲ့ဒါခင်ဗျားတို့ပဲ! ဘယ်လိုနေလဲ? ခင်ဗျားတို့ ဒီမှာ နေရတာ အသားကျပြီလား?”
“ငါတို့ အသားကျနေပြီ! အရမ်း ကောင်းတယ်! ဒီထက်ပိုကောင်းဖို့ မဖြစ်နိုင်တော့ဘူး!”
လူတစ်ချို့၏ မျက်နှာများသည် ဖုံးကွယ်လို့မရသည့်အပြုံးများနှင့် ပြည့်နေခဲ့လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ကမ္ဘာပျက်ကပ်ကာလကြီးထဲမှာ တောင်ပိုင်းအခြေစိုက်စခန်းလိုနေရာမျိုး ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြဘူးလေ”
လင်ချန်းအခြေစိုက်စခန်းနှင့် နှိုင်းယှဉ်ပါက တောင်ပိုင်းအခြေစိုက်စခန်းသည် သုခဘုံတစ်ခုဖြစ်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ?????????????? 》
Start from the beginning