ကျောက်ပင်း : ???
ကျောက်ပင်းသည် အံ့သြသွားခဲ့သော်လည်း မကြာခင်မှာပင် တည်ငြိမ်သွားလေ၏။ စုရွေ့ကျယ်၏ အထူးစွမ်းရည်သည် တစ်ခုခုဖြစ်ကြောင်း သူ အချိန်အတော်ကြာကတည်းက သိထားခဲ့သည်။ စတုတ္ထအဆင့်သို့ တိုးမြှင့်လိုက်ပြီးနောက်တွင် နောက်ထပ် စွမ်းရည်တစ်ခု ထပ်မံရရှိလာခြင်းဖြစ်နိုင်သည်။ ယခုသည် ထိုအချက်များကို ဂရုစိုက်ရမည့်အချိန်မဟုတ်သေးပေ။ ထိုအစား သူတို့သည် ဒီဖုတ်ကောင်နှင့် ဖြေရှင်းဖို့ အာရုံစိုက်နေကြရလေသည်။
ဒဏ်ရာမှ သွေးထွက်ခြင်းရပ်သွားပြီးနောက် စုရွေ့ကျယ်သည် နေကြာပန်းမီးအိမ်ကို ချက်ချင်းသိမ်းလိုက်ပြီး ဓာတ်မီးတစ်ဒါဇင်ကို ထုတ်ယူလိုက်ကာ ၎င်းတို့အား ကြိုးများဖြင့် ချည်ပေးကာ ကျန့်ယွင်ထံသို့ ပစ်ချပေးလိုက်သည်။
“ဒါက နေရာကပြောင်းနိုင်တဲ့ ဖုတ်ကောင်မဖြစ်သင့်ဘူး။ ကျွန်တော်တို့ရဲ့ အရိပ်တွေဆီကနေ ထွက်လာတာလို့ ကျွန်တော်ထင်တယ်။ ကျန့်ကော ဒီဓာတ်မီးတွေကို မျက်နှာကျက်ပေါ်မှာ ကောရဲ့စွမ်းအားနဲ့ တပ်ထားလိုက်”
ကျန့်ယွင်သည် ထိုဓာတ်မီးများအစီအစဉ်ကို မြင်ပြီးသည်နှင့် စုရွေ့ကျယ်၏အကြံကို ချက်ချင်းနညးလည်သွားလေ၏။ ရူပဗေဒတွင် အရိပ်မဲ့မီးအိမ်ဟုခေါ်သည့် အကျိုးသက်ရောက်မှုမျိုး ရှိလေသည်။
အလင်းရောင်ပြင်းအား မြင့်မားသော အလင်းရင်းမြစ်များကို မီးအိမ်ခွက်ကြီးတစ်ခုပေါ်တွင် စက်ဝိုင်းပုံစံ စီထားသောကြောင့် အလင်းရောင်သည် မတူညီသောထောင့်များမှ လင်းနေကာ မီးတစ်ခုစီမှ ဖြစ်ပေါ်လာသော အရိပ်ကိုမမြင်ရတော့ချေ။ ဆေးရုံ၏ခွဲစိတ်ခန်းအတွင်းရှိ အရိပ်မဲ့မီးအိမ်သည် ဤနည်းဥပဒေသဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။
【TN : ဒါကို မြင်သာအောင်ပြောရရင် သွားဆေးခန်းတို့ ခွဲစိတ်ခန်းတို့မှာ အပေါ်ကနေထိုးတဲ့ မီးအိမ်ကိုပြောတာပါ။ အပေါ်ကနေထိုးထားပေမယ့် ငုံ့ပြီး ခွဲစိတ်နေတဲ့အပေါ် အရိပ်မကျဘူးလေ။ သတိထားမိကြတယ်မလား။ အဲ့လို မီးအိမ်ပုံစံကိုပြောတာပါ။ 】

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ????????????????? 》
Start from the beginning