လူတစ်ယောက်သည် အထက်ကို သတင်းပို့ဖို့ ကင်းမျှော်စင်ပေါ်မှ အမြန်ဆင်းသွားလေပြီး နောက်တစ်ယောက်သည် ကင်းမျှော်စင်မှာ ဆက်နေပြီး အပြင်ဘက်ကို ဆက်တိုက်အာရုံစိုက်နေလေသည်။
ကျန့်ယွင်နှင့်သူ့နောက်လိုက်များသည် လင်ချန်းအကျဉ်းထောင်ဂိတ်တံခါးသို့ ရောက်ရှိလာပြီး ထောင်တံခါးကို မြေကြီးစွမ်းအားရှင်များမှ တင်းတင်းကြပ်ကြပ် အလုံပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ အဝင်အထွက်ကို ကူညီဖို့ မြေကြီးစွမ်းအားရှင်များ လိုအပ်သည့်ပုံရလေသည်။
ဤသို့သော အခက်အခဲလေးသည် ကျန့်ယွင်ကို အနိုင်မယူနိုင်ချေ။ သူ ကျန်းရှို့လျန်ကို ကားထဲမှဆင်းခိုင်းခါနီးအချိန်၌ သူ့ရှေ့ရှိ အုတ်တံတိုင်းသည် ပြိုကျပြီးဖြစ်လေကာ ကားနှစ်စီးဝင်နိုင်လောက်သည့်လမ်းကို ဖွင့်ပေးလိုက်လေသည်။
“ဝင်လာ!”
ပြိုကျနေသော နံရံအနောက်တွင် လူငယ်နှစ်ဦး ပေါ်လာပြီး သူတို့အား လက်ဝှေ့ယမ်းပြနေခဲ့သည်။
ကျန့်ယွင်သည် တုန့်ဆိုင်းမနေခဲ့ချေ။ ဂတ်စ်ကို နင်းလိုက်သည်နှင့် တပြိုင်နက် ကားနှစ်စီးသည် လင်ချန်းအကျဉ်းထောင်ထဲသို့ တိုက်ရိုက်မောင်း၀င်သွားခဲ့လေသည်။ တချိန်တည်းမှာပင် လူငယ်နှစ်ယောက်သည် ဂိတ်တံခါးကို တံတိုင်းနှင့် ချက်ချင်းပြန်ပိတ်လိုက်ကာ ဖုတ်ကောင်များကို အပြင်ဘက်တွင် ထားခဲ့လိုက်လေသည်။
အပြင်ဘက်တွင် ဖုတ်ကောင်များသည် အော်ဟောက်ပြီး တံတိုင်းကို စတင် ထုရိုက်၊ ရိုက်နှက်ကြလေသည်။
ထိုအချိန်၌ လူများ ပိုများလာပြီး စိတ်လှုပ်ရှားစရာကို ကြည့်နေသကဲ့သို့ လဟာပြင်နေရာတွင် စုရုံးလာကြလေသည်။ တကယ်တမ်း၌ သူတို့ကားနှစ်စီးကို ဖြည်းညှင်းစွာ ဝိုင်းရံထားခဲ့ကြလေသည်။
“အဆင်ပြေပါတယ် မင်းတို့ထွက်လာနိုင်ပါတယ်”
အနီရောင်ရင့်ရင့်ချောင်ဆမ် ၀တ်ထားသော အမျိုးသမီးတစ်ဦးသည် နှင်းခရူဇာတံခါးဆီသို့ လှမ်းလာကာ ပြတင်းပေါက်တံခါးကို ခေါက်လိုက်ပြီး ပြုံးကာ ပြောလာလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ???《 ??????????????????? 》
Start from the beginning