抖阴社区

??????? ???《 ????????????????????????-? 》

Start from the beginning
                                    

“အပြင်ကလူတွေ ဘယ်လိုနေလဲ? ”

ကျန့်ယွင် မေးလိုက်သည်။

ထိုအချိန်တုန်းက အပြင်ဘက်တွင်ရှိသည့် အသက်ရှင်ကျန်သူများကို ကျန်သည့် နျော့ခီစွတ်ပြုတ်အိုးကြီးကို ပေးခဲ့လေသည်။ ထိုလူများသာ အစားအသောက်နှင့် ရှုပ်ချင်ပါက စွတ်ပြုတ်အိုးထဲတွင် လုပ်ရလိမ့်မည်ဖြစ်ပေသည်။

“ကျွန်မ ပြန်လာတော့ သူတို့အားလုံး အိပ်ပျော်နေကြတာကို မြင်လိုက်ရတယ်။ လှုပ်ရှားမှု မရှိဘူး ”

ဝူကျင်းသည်လည်း အစားအသောက်များတွင် အသုံးပြုသည့် ခြယ်လှယ်ခြင်းအမျိုးအစားကို မဆုံးဖြတ်နိုင်ချေ။ ထိုလူများ ယခင်က ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်းမရှိခဲ့ချေ။ သို့သော်လည်း အိပ်ဆေး သို့မဟုတ် တစ်ခုခုကို အထဲ၌ ထည့်ထားခဲ့သည်ဟု ခန့်မှန်းရလေသည်။

တစ်နာရီသည် လျှင်မြန်စွာကုန်လွန်သွားပြီး ဝူရယ်သည် လှုပ်ရှားရန် ဆုံးဖြန်လိုက်ကာ ချောင်ချီရှန်းသည်လည်း ဆံပင်ဖြူလူအိုကြီးတစ်ဦးနှင့်အတူ ရောက်လာခဲ့လေသည်။

“လောင်တ မင်းလိုအပ်တဲ့အချိန်တိုင်း လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အစားအသောက်တွေ အကုန်စားပြီးပြီ။ ဒီမှာ ဆရာဝန်နဲ့သာဆို ဒီလူတွေနဲ့ ဆက်ဆံရတာ တကယ်ကို လွယ်ပါတယ်။ မင်းဒီကို လူကိုယ်တိုင်လာဖို့ မလိုပါဘူးဗျာ”

ဝူရယ်သည် ရှေ့တိုးလာပြီး လေသံတိုးတိုးဖြင့်ပြောလာလေ၏။

“သတိထားတာက ပိုကောင်းပါတယ်”

ချောင်ချီရှန်းသည် လောင်တဖြစ်သည်ဆိုကတည်းက သူ့စိတ်သည် လက်အောက်ရှိလူများထက် ပိုလေးနက်လေသည်။ သူဘာကြောင့် နည်းနည်းစိတ်မသက်မသာဖြစ်နေလဲဆိုသည်ကို မသိသည့်အတွက် ဆရာဝန်နှင့် ရောက်လာခဲ့လေသည်။

ဆရာဝန်သည် ဆံပင်ဖြူလူအိုကြီး ဖြစ်သည်။ သူသည် ခါး‌အနည်းငယ်ကုန်းနေကာ၊ ကွဲအက်နေသည့် မျက်မှန်တစ်လက်နှင့် ခပ်တိုတို ချည်သားအင်္ကျီတစ်ထည်နှင့်ဖြစ်လေသည်။ သူ့မျက်နှာအသွင်အပြင်များသည် အလွန်လေးနက်ပြီး အရေပြားအရေးအကြောင်းများနှင့် စိတ်လှုပ်ရှားမှုနှင့် သားရဲ၏စိတ်ဆန္ဒနှင့် တလက်လက်တောက်ပ နေသည့် တြိဂံပြောင်းပြန်ပုံမျက်လုံးများကြောင့် ဖြစ်လသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now