ဆရာဝန်သည် သူ့အိတ်ကပ်ထဲမှ ထူးဆန်းသော အပြာနုရောင်ဆေးနှစ်လုံးကို ထုတ်လိုက်ကာ ဝူရယ်နှင့်အာ့ရယ်တို့အား ပေးလိုက်သည်။
“စကြစို့!”
ဒါဇင်ပေါင်းများစွာသော လူများသည် အုပ်စုနှစ်စုခွဲကာ အခန်းထဲမှ အပြေးအလွှားထွက်လာကြပြီး လမ်းကြောင်းနှစ်ဖက်သို့ သွားကြလေသည်။
အာ့ရယ်သည် လူခုနစ်ယောက် ရှစ်ယောက်လောက်ကို နှင်းခရူဆာဆီသို့ ခေါ်ဆောင်သွားလေသည်။ ကားကိုစောင့်ကြည့်ရန် လူအနည်းငယ်သာ ကျန်ခဲ့သည်။ ထို့အပြင် သူတို့သည် ဟင်းရည်ကို စားခဲ့ကြပါက တိုက်ပွဲ၀င်ရန်စွမ်းအား ရှိကြလိမ့်မည်မဟုတ်ပါချေ။ သူတို့ကို ဂရုစိုက်ရန် လုံးဝကိုလွယ်ကူသွား ပြီဖြစ်သည်။ သူသည် ထိုကားကြီးကား အလွန်မျက်စိကျနေခဲ့သည်ဖြစ်ရာ ၎င်းသည်အလွန်ခိုင်ခံ့ပြီး နှင်းများပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာနိုင်လေသည်။ သူသာ ထိုကားကြီးထဲတွင် နေခဲ့မည်ဆိုပါက အေးခဲနေမည်ကို စိုးရိမ်နေစရာ လိုတော့မည်မဟုတ်ချေ။
ထို့အပြင် ဝူရယ်သည် ကျန်သည့်လူ 20 နီးပါးကို ထောင်အနောက်ဘက်သို့ တိုက်ရိုက် အပြေးအလွှားခေါ်သွားပြီး ကျန့်ယွင်နှင့်အခြားသူများ၏အခန်းတံခါးဆီသို့ တိတ်တဆိတ်ခြေလှမကာ ခိုးဝင်လာကြလေသည်။ ထို့နောက် ပုလင်းထဲရှိ အပြာရောင်အရည်များကို မြေကြီးပေါ်သို့ လောင်းချလိုက်လေသည်။
အပြာရောင်အရည်သည် လေနှင့်ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ဖောက်ထွင်းမြင်ရသောဓာတ်ငွေ့တစ်မျိုးအဖြစ် ပြောင်းလဲသွားကာ အခန်းထဲသို့ ပျံ့လွင့်သွားလေသည်။
အခန်းတွင်း၌ လှုပ်ရှားမှုမရှိသည်ကို သေချာစေရန် နှစ်မိနစ် သုံးမိနစ်ခန့် စောင့်ပြီးနောက် ဝူရယ်သည် အခန်းတံခါးကို ကန်ထုတ်လိုက်ကာ လိပ်များကို အိုးတစ်လုံးထဲတွင် ဖမ်းရန် ပြင်ဆင်ခဲ့လေသည်။ သို့သော်လည်း.....
သူသည် အနက်ရောင်သေနတ်ပြောင်း၀များစွာနှင့် ရင်ဆိုင်လိုက်ရလေ၏။ ထိုသေနတ်များ၏ အရောင်များသည် အလွန်ထူးဆန်းသော်လည်း ထိုသေနတ်များ၏ မော်ဒယ်များကို အသိအမှတ်ပြုခြင်းမှ သူ့အားမတားဆီးနိုင်ခဲ့ချေ။ ၎င်းတို့သည် နိုင်ငံခြားရုပ်ရှင်ထဲမှသေနတ်များဖြစ်ကြလေသည်။ MP5 သည် စစ်ပွဲရုပ်ရှင်များတွင် တွေ့ရလေ့ရှိသော စွမ်းအား၊ တိကျမှုနှင့် သယ်ဆောင်ရလွယ်ကူသော လက်နက်တစ်ခုဖြစ်လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ???《 ????????????????????????-? 》
Start from the beginning