抖阴社区

??????? ???《 ?????????????????????-? 》

Start from the beginning
                                    

လူအိုကြီးသည် ချက်ချင်းပြန်မဖြေဘဲ သတိထား၍ မေးလာလေသည်။

"ကျွန်တော်က သူ့သားပါ။ ကျွန်တော့်နာမည်က ကျန့်ယွင်ပါ "

"သား? မင်းက အိမ်ကထွက်ပြေးသွားတဲ့ သားအကြီးဆုံးလား? "

လူအိုကြီးသည် ကျန့်ယွင်ရှိကြောင်းသိသည်မှာ သိသာထင်ရှားပြီး သူ့မျက်နှာသည် ချက်ချင်းရွှင်မြူးသွားလေ၏။

"အာ...."

ကျန့်ယွင်သည် ခဏလောက် လျှာလိပ်သွားလေ၏။ သူသည် အိမ်ကထွက်‌ပြေးသွားခြင်းမဟုတ်ဘဲ ကျန်းချန်ဖုန်းမှ အိမ်အပြင်သို့ နှင်ထုတ်ခဲ့ခြင်းဖြစ်လေသည်။

သို့သော်​ အရာအားလုံးသည် အတိတ်​ပင်ဖြစ်​ကာ မည်​မျှပင်​ရှုပ်​​ထွေး​နေပါစေ ကျန့်ယွင်သည် ​ခေါင်းညိတ်​ပြီး ဝန်​ခံလိုက်၏။

"အရမ်းကောင်းတယ်၊ မင်းအဖေက မင်းအကြောင်းကို တွေးနေတာ! သူ မင်းကို ဒီလိုရက်စက်တဲ့အမေနဲ့သားအတွက် လျစ်လျူမရှုလိုက်သင့်ဘူးလို့ အမြဲပြောနေခဲ့တာ။ ကံကောင်းလို့ မင်းဘေးကင်းကင်းနဲ့ ပြန်လာခဲ့တယ်...."

ထိုလူသည် ဝမ်းသာအားရဖြင့် တံခါးကိုဖွင့်ကာ သူတို့အား အထဲသို့ ခေါ်သွားခဲ့သည်။

မြို့တော်အခြေစိုက်စခန်းတွင် ဆောက်လုပ်ထားသော တိုက်ခန်းများသည် ကမ္ဘာပျက်ကပ်မတိုင်မီက တည်ဆောက်ခဲ့သော တိုက်ခန်းများနှင့် ကွဲပြားလေသည်။ အပြင်ဘက်မှကြည့်လျှင် ၎င်းတို့အားလုံးသည်တူညီကြသော်လည်း တက္ကသိုလ်အဆောင်များကဲ့သို့ပင်ဖြစ်လေ၏။ မိသားစုတစ်စုစီသည် ရိုးရိုးအိမ်သာနှင့် ရေချိုးခန်းပါရှိသည့် အခန်းတစ်ခုတည်းတွင် နေထိုင်ကြသည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် နှင်းကျသည့်နေ့ဖြစ်လေသည်။ အပြင်ထွက်ပြီး နှင်းပုံးတစ်ပုံးပြန်ယူလာ၊ ရေအဖြစ်ပြောင်းပြီး အိမ်သာကို ရေဆေးချလိုက်ပြီး တစ်ကိုယ်လုံးကို သုတ်သင်သန့်ရှင်းလိုက်ဖို့ ပြဿနာမရှိပါချေ။

လေးယောက်သားသည် အခန်းထဲသို့ဝင်လာပြီးနောက် ကျန့်ယွင်သည် အခန်းထောင့်တွင်လဲလျောင်းနေသော ကျန့်ချန်ဖုန်းကိုတွေ့လိုက်ရလေသည်။ သူသည် ဆံပင်ဖြူများ၊ ကိုင်းနေသောနောက်ကျာနှင့် ချိုင့်ကျနေသောပါးပြင်များရှိလေသည်။ သူသည် အသက် 70 နှင့် 80 နှစ်အရွယ် လူအိုကြီးတစ်ယာက်နှင့် တူနေလေ၏။ ကျန့်ယွင်သည် သူသည် သူ့အဖေဖြစ်ကြောင်းကို မယုံနိုင်ခဲ့ပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now