抖阴社区

??????? ???《 ?????????????????????-? 》

Start from the beginning
                                    

ထို့နောက် သူ့အား တစ်စုံတစ်ဦးမှ ကယ်ဆယ်ခဲ့ပြီး ကားအသစ်တစ်စီးဖြင့် ကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်ပြီးဖြစ်သောမြို့တော်အခြေစိုက်စခန်းသို့ အောင်မြင်စွာရောက်လာခဲ့‌လေသည်။ ထိုအချိန်၌ အခြေစိုက်စခန်းတစ်ခုလုံးသည် ပရမ်းပတာဖရိုဖရဲဖြစ်နေခဲ့ကာ ဆေးဘက်ဆိုင်ရာအခြေအနေမှာ အလွန်ချို့တဲ့နေခဲ့လေသည်။ ဆရာဝန်များသည် သူ့အား အရိုးထောင့်ညီစွာကျိုးသွားခဲ့ကြောင်း သတ်မှတ်ခဲ့လေသည်။

တကယ်တမ်း ဤကဲ့သို့သောအရိုးကျိုးခြင်းမျိုးသည် အရေးကြပုံပေါ်ရုံသာဖြစ်၏။ အင်္ဂတေကိုသုံးပြီး သုံးလကြာအောင်တည့်မတ်ထားပြီး ကုတင်ပေါ်လှဲပြီးအနားယူနေသရွေ့ အရိုးများပြန်လည်ကောင်းမွန်လာပေမည်ဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက အင်္ဂတေမရှိခဲ့ဘဲ ရိုးရှင်းစွာပင်ပတ်တီးများဖြင့်စည်းရုံသာစည်းပြီး ပြုပြင်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ကျန့်ချန်ဖုန်းသည် နောက်သုံးလကြာအောင် ​​အိပ်ရာထဲတွင်နေပြီး ဘာမှမလုပ်ရချေ။

မြို့တော်အခြေစိုက်စခန်းကလည်း အလုပ်အလိုက် ပစ္စည်းများဖြန့်ဝေပေးသော်လည်း ကျန့်ချန်ဖုန်းသည် အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ဒဏ်ရာရနေသဖြင့် အခြေစိုက်စခန်းမှ သူ့အား ဆေးကုသမှုပေးသဖြင့် အဆင်ပြေလေသည်။

သူ့ကို နေ့စဉ်‌နေ့တိုင်း ရေနှင့်အစားအသောက်အချို့ ပေးလိမ့်မည်ဖြစ်သော်လည်း မိသားစုဝင်များဖြစ်သည့် ပန်လီဟွားနှင့်ကျန်းပေါ်တို့သည် ထိုကဲ့သို့သောဆက်ဆံ‌ပေးမှုမခံကြရပေ။ ပန်လီဟွားနှင့်ကျန်းပေါ်တို့သည် အပြင်ထွက် အလုပ်လုပ်ဖို့ ဆန္ဒမရှိကြသောကြောင့် သူတို့သည် ကျန့်ချန်ဖုန်းကိုပြုစုစောင့်ရှောက်ရန် ဆေးဘက်ဆိုင်ရာစင်တာတွင်သာ နေထိုင်ခဲ့ကြလေသည်။

သို့သော် ကျန့်ချန်ဖုန်း၏ဝေစုသည် သိပ်မများလှချေ။ လူသုံးယောက်အတွက် ခွဲရဖို့ခက်ခဲ့‌လေသည်။ကျန့်ချန်ဖုန်းစိတ်ထဲတွင် စိတ်ထဲတွင်မပျော်ရွှင်နေသော်လည်း လင်နှင့်မယားကြား ဆက်ဆံရေးရှိနေသည်ဆိုကတည်းက သူဆက်သည်းခံခဲ့လေသည်။သူသည် သူ့ဇနီးနှင့်သားအတွက် စားစရာများ အမြဲချန်ထားပေးလေသည်။ သို့သော် ပန်းလီဟွားနှင့် ကျန်းပေါ်တို့သည် သူ့အား သိပ်ဂရုမစိုက်ပေးခဲ့ချေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now