抖阴社区

??????? ???《 ?????????????????????? 》

Start from the beginning
                                    

သို့သော်လည်း သူတို့ အဆောက်အဦးထဲမှ ထွက်လာကြသည်နှင့် ကျန့်ချန်ဖုန်းလား? ဟူသော ချီတုံချတုံဖြစ်နေသော အသံကို သူတို့အနောက်ဘက်မှ ကြားလိုက်ရလေသည်။

လူများမသိစိတ်ကြောင့် နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူတို့အားလှမ်းခေါ်လိုက်သည့်သူမှာ ပန်လီဟွားဖြစ်လေ၏။ သူမလက်ထဲတွင် နှင်းများပြည့်နေသည့် ပလပ်စတစ်အင်တုံတစ်ခုကို ကိုင်ထားလေ၏။ သူမ နှင်းများကိုယူပြီး ရေအဖြစ်သုံးဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်မှာ ထင်ရှားပေသည်။

ပန်လီဟွားသည် စစ်အင်္ကျီကို ရစ်ပတ်ထားဆဲဖြစ်ကာ လေအေးကြောင့် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ သူမသည် အိမ်သာသွားချင်သဖြင့် ရေဆေးရန်ဆီးနှင်းများယူရန် အပြင်သို့ထွက်ခဲ့လေသည်။ သူမ ပြန်လာသောအခါ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် အဆောက်အဦးထဲမှ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။

ကျန့်ယွင်၏အဝတ်အစားများသည် အလွန်တောက်ပနေသဖြင့် ပန်လီဟွားသည် ၎င်းတို့အား သဘာဝအတိုင်း သတိပြုမိခဲ့သည်။ သူတို့ ကျန့်ချန်ဖုန်းကို ရှာဖွေနေကြသည်ကို သူမ သတိရလိုက်လေ၏။သူတို့အဖွဲ့သည် လေးယောက်မှ ခြောက်ယောက်အထိ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောအခါ သူမတုန်လှုပ်သွားလေသည်။ သူမလူငယ်နှစ်ယောက်တွဲထားသော ထော့နဲ့ထော့နဲ့ဖြစ်နေသည့် အသက်ကြီးသူကို ဂရုတစိုက်ကြည့်လိုက်သောအခါ နောက်ဆုံး၌ ထိုသူသည် သူမ၏ခင်ပွန်း ကျန့်ချန်ဖုန်းဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။

ကျန့်ချန်ဖုန်းသည် ခေါင်းမှခြေဖျားအထိ ထွေးပတ်ခံထားရသော်လည်း ပန်လီဟွားသည် သူ့နောက်ကျောနှင့် ရင်းနှီးလေသည်။

“နင်တို့က ဘယ်သူတွေလဲ?! ငါ့ယောကျ်ားကို ဘယ်ခေါ်သွားမလို့လဲ?”

ပန်လီဟွားသည် ရှေ့ကိုလှမ်းလာဖို့ စိတ်အားထက်သန်နေ၏။ မသိလျှင် သူမသည် သူမခင်ပွန်းကို ဂရုစိုက်သည်ဟု ထင်နိုင်လေသည်။

သို့သော် ကျန့်ချန်ဖုန်းသည် သူမကို ပြန်မကြည့်ချင်ခဲ့ပေ။ သူသည် သူမအဝေးသို့ ခေါင်းကိုလှည့်လိုက်ပြီး သူ့ရပ်တည်ချက်ကို ပြလိုက်၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now