“ဒါက ခင်ဗျားးရဲ့ကိစ္စမဟုတ်ဘူး”
ကျန့်ယွင်သည် မျက်မှောင်ကြုတ်ပြီး စိတ်မရှည်စွာပြောလိုက်သည်။
“ဒါက ငါ့ယောကျာ်းပဲ!”
ပန်လီဟွားသည် ကျယ်လောင်သောအသံဖြင့် ပြောလာလေသည်။
“ဟားဟား၊ ဒါဆို ရှင်အခု ရှင့်ရဲ့ယောက်ျားကို မှတ်မိပြီပေါ့လေ? ဒါဖြင့် ဒီတချိန်လုံး ရှင်ဘာတွေ လုပ်နေခဲ့လဲ? ”
ချန်းကျောင်းသည် လုံးဝယဉ်ကျေးမနေပါချေ။
သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လေလှိုင်းလုံးကြီးတိုက်ခတ်လာလေကာ ပန်လီဟွားကို ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားစေသည်။
ပန်လီဟွား၏မျက်နှာသည် လေအေးကြောင့် လွင့်စင်သွားကာ သူမအား အပ်တစ်ချောင်းဖြင့်ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။
စွမ်းအားရှင်တွေ!
ထိုလူများထဲတွင် စွမ်းအားရှင်များရှိနေ၏! ပန်လီဟွားသည် ချန်းကျောင်းအား နောင်တရပြီး ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်၏။ ကျန့်ချန်ဖုန်းသာ ထိုကဲ့သို့သောလူကို သိခဲ့သည်ကို သူမသိခဲ့ပါက သူမ ထိုကဲ့သို့ ပြုမူခဲ့လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း အောင်မြင်မှုကို ဝယ်ရန်ခက်ခဲပေသည်။ ယခုကျန့်ချန်ဖုန်းသည် သူမအပေါ် လုံးဝအေးစက်နေပြီး သူမအားကြည့်လိမ့်မည်တောင်မဟုတ်ဘူးဆိုသည်ကို သူမသိနေခဲ့သည်။ ကျန့်ယွင်သည် သူမကိုကြည့်ပြီး လှောင်ပြုံးကာ ပြောလိုက်၏။
“ငါက ကျန့်ယွင်ပဲ။ ငါ့အဖေက ခင်ဗျားကို အနာဂါတ်မှာ အနှောင့်အယှက်ပေးတော့မှာ မဟုတ်ဘူး ”
ကျန့်ယွင်လား!?
မိုးခြိမ်းသံကဲ့သို့သော ဤစကားနှစ်ခွန်းသည် ပန်လီဟွား၏ခန္ဓာကိုယ်ကို ကွဲကွာသွားစေပြီး သူတို့အား ဆက်လက်မပူဆူဝံ့တော့ဘဲ လူတစ်စု ထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နိုင်ခဲ့လေသည်။
“အားကျန့်၊ မင်းအရင်ပြန်သွားနှင့်။ ငါတို့လည်း အဖေနဲ့အမေကို သွားခေါ်လိုက်မယ်”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ???《 ?????????????????????? 》
Start from the beginning