တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကိတ်မုန့်လုပ်သူသည် စုရွေ့ကျယ်ကို အမှန်တကယ်သိခဲ့လေသည်။ သူမသည် ရွှီကျားစားသောက်ဆိုင်၏ပိုင်ရှင် ရွှီမင်းဖြစ်လေသည်။ ကမ္ဘာကြီးမပျက်ခင်က စုရွေ့ကျယ်သည် သူမ၏ဆိုင်သို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပေးပို့ခဲ့လေသည်။
ကမ္ဘာကြီးပျက်စီးပြီးနောက် သူမသည်လည်း တောင်ပိုင်းအခြေစိုက်စခန်းသို့ရောက်လာကာ ကန်တင်း၌ အလုပ်တစ်ခုရှာတွေ့ခဲ့သည်။ သို့သော်လည်း သူမသည် နောက်ဖေးမီးဖိုချောင်တွင်ရှိနေသောကြောင့် သူတို့နှင့် မဆုံခဲ့ရပေ။ စုရွေ့ကျယ်ကို များစွာဂရုစိုက်ခဲ့သော ဝူချီသည်လည်း သူမနှင့်တွဲပြီး ကန်တင်း၌ အလုပ်လုပ်ခဲ့သည်။ ၎င်းကိုကြားပြီးနောက် ကျန့်ချန်ဖုန်းသည် ကျန့်ယွင်နှင့် ဆွေးနွေးခဲ့ပြီး သူတို့အား စုရွေ့ကျယ်၏မွေးနေ့ပါတီကို ဖိတ်ကြားခဲ့လေသည်။ ဤအကြောင်းနှင့်ပတ်သတ်ပြီး စုရွေ့ကျယ် အလွန်ပျော်သွားမည်ဟု သူတို့ ယုံကြည်ကြလေသည်။
ညနေပိုင်း မွေးနေ့ပွဲ၌ သူတို့သည် ကျန်းရွှီကျိုး နှင့် တပ်ခွဲမှူးကျန်းကဲ့သို့သော ကျောက်ပင်းနှင့် ဟန်လဲ့၊ လီမင်း၊ နျိုသလီ နှင့် တခြားသော သူတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြသည့် အသိမိတ်ဆွေအချို့ကို ဖိတ်ကြားခဲ့ကြလေသည်။ အကြမ်းဖျင်းခန့်မှန်းကြည့်ပါက အနည်းဆုံး တစ်ဒါဇင်ခန့်ရှိမည် သို့မဟုတ် သူတို့အဖွဲ့မှလူများပါပေါင်းပြီး; လူသုံးဆယ် သို့မဟုတ် လေးဆယ်နီးပါး ရှိနိုင်လေသည်။ သူတို့စားသောက်ရန် ထိုင်ကြသည့်အခါ စားပွဲလေးလုံးနီးပါး ပြင်ဆင်ထားရလေသည်။
ချက်ပြုတ်နိုင်သူအားလုံးနီးပါး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြ၏။ ဝူချီနှင့် ရွှီမင်းတို့လည်း လာကူညီကြပြီး နောက်ဆုံး၌ လူ 50 အတွက် လုံလောက်သည့် အစားအစာများကို ချက်ပြုတ်ခဲ့ကြလေသည်။
ကျန့်ယွင်သည်လည်း တိတ်တိတ်ဆိတ်ဆိတ် အလုပ်များနေခဲ့လေသည်။ သူသည် သူတို့ထက် ပိုပြီးပြင်ဆင်ရန်ရှိနေခဲ့လေ၏။ အရွယ်ရောက်သည့် တစ်ညတာလုံးကို ကုန်ဆုံးရန် စုရွေ့ကျယ်ကိုအဖော်ပြုချင်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
?????《 ??????????????????? ???????????????????? ?????????? 》
Start from the beginning