My Cherry Will Explode in the Apocalypse
Chapter 2
Author: Drunken Light Song
Source: Jostena M
Translator: オタク
【Unicode】
"စုရွေ့ကျယ်"
ရုတ်တရက်ဆိုသလိုပဲ ခပ်စူးစူးအသံတစ်ခုက စုရွေ့ကျယ်ရဲ့နာမည်ကိုအော်ခေါ်လိုက်လေသည်။
စုရွေ့ကျယ်ဘေးပတ်လည်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် သူမ၏ မျက်နှာဝိုင်းဝိုင်းပေါ်မှာတော့ သူမအလွန်ကိုမှချစ်မြတ်နိုးရတဲ့ကလေးကိုကြည့်နေသကဲ့သို့ ကြင်နာသော အပြုံးလေးတစ်ခုနှင့် လမ်းကျဉ်းလေး၏ထိပ်၌ ရပ်နေသည်ကိုတွေ့လိုက်ရသည်။
စုရွေ့ကျယ် သူ့နှုတ်ခမ်းတွေလှုပ်ရှားလိုက်ပြီး စကားလုံးသုံးလုံးကိုညစ်ထုတ်လိုက်၏။
" အကြီးဆုံးအဒေါ်..."
" ရှောင်ကျယ်..ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ? ငါဒီကိုအကြိမ်ကြိမ်ရောက်ခဲ့သေးတယ်။ မင်းငါနဲ့အမြဲဖယ်ခွာနေတော့တာပဲ။ အိုး..မင်းအလေးချိန်ကို ကြည့်စမ်းပါအုံး။ မင်းဒီရက်တွေမှာ ကောင်းကောင်းမစားခဲ့ရဘူးလား? ဘယ်လိုတောင်လဲဆိုးရွားတာလဲ !!"
သူတို့ဘယ်လောက်ရင်းနှီးသလဲဆိုသည်ကို မသိခဲ့သလိုပုံနှင့် ချန်ဟွေ့ကျန်းက စိတ်ဆင်းရဲပြီး အဆင်မပြေပုံပေါက်နေခဲ့သည်။ အဖိုးမင်းမင်း*ဆုံးပါးသွားပြီးနောက် ဘယ်မိသားစု၀င်ကမှ ပေါ်မလာခဲ့ဖူးပေ။
သူ့အဖိုးကိုတွေးလိုက်မိလျှင် စုရွေ့ကျယ် သူ့မျက်လုံးတွေတဖန်နီရဲလာပြန်ပြီး သူ၏အားနည်းလှသော မျက်ရည်တွေကိုထပ်မကျစေဖို့ ရှင်းရှင်းလင်းလင်း ကတိပြုထားခဲ့သော်ငြား အဖိုးနှင့်ကျန်းယွင်ကတော့ သူ့၏အထိအခိုက်မခံနိုင်သော နှလုံးသားမှအမာရွတ်တွေဖြစ်သည်မို့ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပေ...
ချန်ဟွေ့ကျန်း စု့ရွေ့ကျယ်၏ အသွင်ပြင်ကိုတွေ့လိုက်ရသောအခါ သူမ၏စိုးရိမ်ပေးမှုကြောင့် ခံစားသွားရသည်ဟု ထင်လိုက်သည်။ သူမကထပ်ပြီး ညင်ညင်သာသာနှင့်ပြောလာခဲ့သည်...
" မင်းတစ်ယောက်တည်းအိမ်မှာ ကောင်းကောင်းမစားရဘူး။ အဒေါ်နဲ့လာပြီး အိမ်မှာလိုက်စားလိုက် "
၀မ်ရန် ..စုရွေ့ကျယ် သူ့အဖိုးအကြောင်းတွေးမိ၍ ဖြစ်ပေါ်လာသော သူ့မျက်လုံးများဆီမှ ၀မ်းနည်းမှုကို လျစ်လျူရှုမှုဖြင့် ခပ်မြန်မြန်အစားထိုးလိုက်သည်။
သူ့ရဲ့အတိတ်ဘ၀တုန်းက ခင်မင်ရင်းနှီးပုံရတဲ့သူ့အဒေါ်က သူ့ကိုညစာအတွက်အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ပိုပြီးကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးဖို့ အိမ်တွင်နေခွင့်ပြုပုံပေါ်ခဲ့သည်။ သူ့ဦးလေး၏မိသားစု အခြေအနေက အတော်လေးကောင်းမွန်ပြီး ဦးလေးနှင့်အဒေါ်တို့နှစ်ယောက်လုံးက ပြည်နယ်ပိုင်စီးပွားရေးလုပ်ငန်း*မှ ၀န်ထမ်းများဖြစ်ကြသည်။ အိပ်ခန်းသုံးခန်းနှင့် ရေချိုးခန်းတစ်ခန်းပါအိမ်ကို ထိုနှစ်အတွက်စာချုပ်ချုပ်ခဲ့ကြပြီး အခန်းက ကျယ်၀န်းက ပြတင်းပေါက်တွေက သန့်ရှင်းသပ်နေနေပြီး အဖိုး၏ နိမ့်ပါးလှသောအခန်းကျဉ်းလေးနှင့် အလွန်ကိုကွာခြားလှ၏။
【 T/N; state-owned enterprises ကို နိုင်ငံပိုင်အစား ပြည်နယ်ပိုင်လို့ရေးလိုက်တာပဲ ဟီးဟီး တရုတ်က ပြည်နယ်တွေခွဲထားတာဆိုတော့လေ 】
ပထမဆုံးအကြိမ်အဖြစ် ထိုကျယ်၀န်းသောအိမ်၌နေရပြီး သန့်ရှင်းသောအ၀တ်အစားများကို၀တ်ဆင်ရကာ နူးညံ့ပြီးသက်တောင့်သက်သာရှိလှသောအိပ်ရာ၌ အိပ်ဖူးခြင်းဖြစ်၏။ အရာရာတိုင်းက လှပနေပြီး လှပသောအိပ်မက်တစ်ခုလိုပင်။
နောက်ပိုင်း၌ အကြီးဆုံးအဒေါ်က အကြီးဆုံး၀မ်းကွဲ၏ကလေးများက ပိုကောင်းမွန်သောအစိုးရမူလတန်းကျောင်းသို့သွားချင်ကြောင်းပြောလာခဲ့သည်။ သူမက နံပါတ်တစ်အလယ်ကျောင်း၏တွဲဖက်မူလတန်းကျောင်းကို သဘောကျခဲ့သော်လည်း ကလေး၏ အိမ်ထောင်စုစာရင်းက ထိုနေရာ၌မဟုတ်ပေ။ သူတတ်နိုင်လျှင် ထိုကလေး၏ အိမ်ထောင်စုစာရင်းကို သူ့အဖိုး၏အိမ်၌ ထားစေချင်ကြောင်း သူမက သူ့ကိုမေးဖို့စိုးရိမ်နေခဲ့သေးသည်။
သူ့အဖိုး၏ အိမ်က ယိုယွင်းနေပြီဖြစ်သော်လည်း တည်နေရာကတော့အဆင်ပြေသည်ကို စုရွေ့ကျယ် မှတ်မိခဲ့သည်။
အဖိုးဆုံးပါးပြီးနောက် ထိုယိုယွင်းပျက်စီးနေသော အိမ်ကလေးသည်သူ့အပိုင်ဖြစ်လာပြီး သူကအိမ်ထောင်ဦးစီးဖြစ်လာခဲ့သည်။
ထိုအချိန်က သူသည်အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် ကလေးတစ်သောက်သာဖြစ်ချေသေးသည်။ တစ်ဖန်ပြန်အချစ်ခံရပြီဟု သူတစ်ကယ်ကိုထင်ခဲ့သည်။ သူ့အဒေါ်အိမ်၌နေထိုင်ခဲ့ရသော နေ့ရက်များသည် သူ့ဘ၀၌အကောင်းဆုံးနေ့ရက်များဖြစ်ခဲ့သည်ကိုတော့ သဘာ၀ကျကျ သူတစ်ကယ်ကို သံသယမရှိခဲ့ လက်ခံခဲ့ပေသည်။
ထိုနောက်ပိုင်းတွင် သူ့အဒေါ်ကလည်း သူ့အပေါ်ပို၍ကောင်းမွန်ပေးလာခဲ့သည်။
သူ့၀မ်းကွဲအကြီးဆုံးက အစိုးရဌာန၌အလုပ်လုပ်နေပြီး သိပ်မကြာခင်မှာပင် သူ့တူလေး၏အကောင့်ကို သူ့အဖိုး၏အိမ်သို့ပြောင်းရွှေ့ခဲ့ပြီး ၀မ်းကွဲအကြီးဆုံးနှင့် အကြီးဆုံးမရီး၏အကောင့်နှင့်ပင် ချိတ်ဆက်ထားခဲ့သည်။ နောက်ဆုံးမှာတော့ အကြီးဆုံးအဒေါ်က သူကအိမ်ထောင်ဦးစီးဖြစ်ရန်ငယ်ရွယ်လွန်းပြီး ထို့ကြောင့်ပင် အိမ်ထောင်ဦးစီးကပြောင်းလဲသွားသည်ဟု ပြောခဲ့သည်။
နောက်ပိုင်းမှာတော့ အဖိုး၏အိမ်ခန်းသည် စီးပွားရေးနှင့်သက်ဆိုင်သောအိမ်* မဟုတ်ပဲ အစိုးရငှားရမ်းပေးသောအိမ်ဖြစ်ကာ အသုံးပြုလို့သာရပြီး ပိုင်ဆိုင်ခွင့်မရှိကြောင်း စုရွေ့ကျယ်သိခဲ့ရသည်။ ပြန်ရောင်းဖို့မဟုတ်ပဲ ဖြိုဖျက်ဖို့တစ်ခုတည်းသာမျှော်လင့်နိုင်သည်။ ဦးလေးက ထိုအိမ်ကိုဖြိုဖျက်ဖို့အကြောင်းနှင့်ပတ်သတ်၍ကြားခဲ့ပြီး ထိုအကြောင်းကြောင့်ပင် သူ့အဒေါ်က သူ့ကိုသူတို့နှင့်နေရန်ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။
【 T/N ; ရောင်းလို့ရတဲ့ကိုယ်ပိုင်အိမ်မျိုးမဟုတ်ပဲ အစိုးရကစီးပွားရေးမကောင်းတဲ့ သက်ကြီးရွယ်အိုနဲ့ အိမ်ခြေမဲ့တွေဖို့ ဆောက်ပေးထားတဲ့ အဆောင်တန်းလျားမျိုးဖြစ်မယ်ထင်တယ်။ 】
ထိုဖြိုဖျက်ရန်အကြောင်းကြားစာက သိပ်မကြာခင်မှာပဲရောက်လာခဲ့သည်။ ဖြိုဖျက်သည့်လျော်ကြေးငွေကို လူအရေအတွက်အလိုက်ခွဲပေးခဲ့ပြီး လူတစ်ဦးလျှင် ယွမ်* ထောင်ပေါင်းရာနှင့်ချီပြီးရခဲ့ကြသည်။ လူတိုင်းကထိုငွေကိုရခဲ့ကြပြီး စုရွေ့ကျယ်လည်းပဲ စုစုပေါင်း 300,000 ရခဲ့သည်။ အကြီးဆုံးအဒေါ်က သူကကလေးသာရှိသေးပြီး သူကလည်း သူတို့အိမ်တွင် နေထိုင်စားသောက်သောကြောင့် ထိုငွေများကိုမလိုအပ်သည်မို့ သူမက အရင်စုထားပေးမည်ဟုပြောခဲ့သည်။
သူတို့ကဆက်လက်၍ သူ့ကို အရသာရှိသော အစားအသောက်ကောင်းများကိုကျွေးမွေးခဲ့ကြပြီး တစ်လမတိုင်ခင်မှာပဲ သူ့အဒေါ်အကြီးဆုံးပြောသောစကားတိုင်းကိုယုံကြည်သည်အထိ အရူးလုပ်ခံခဲ့ရလေသည်။
စုရွေ့ကျယ် ထိုအချိန်က သူ့မိုက်မဲမှုများကိုပြန်တွေးမိပြီး သက်ပြင်းမချပဲမနေနိုင်ပေ။ ထိုနှစ်က သူ နွေးထွေးကြင်နာမှုနှင့် ယုံကြည်ခြင်းကိုမတောင့်တခဲ့ပါက နောက်ပိုင်းအခြေအနေများ၌ သူချစ်ခင်ခဲ့ရသော ဆိုးယုတ်သည့်နှလုံးသားနှင့်ဆွေမျိုးများထံမှ တွန်းထုတ်ခြင်းခံခဲ့ရမည်မဟုတ်ပေ။
"ရှောင်ကျယ် ? ရှောင်ကျယ် !"
စုရွေ့ကျယ်၏ မှတ်ဉာဏ်များကို သူမ၏ ကြည်လင်သောအသံက နှောက်ယှက်ခဲ့သောကြောင့် သူကြည့်လိုက်သောအခါ သူ့အရှေ့မှ သူ့အဒေါ်သည် နူးညံ့ကြင်နာပုံရနေသေးပြီး သူ့ကိုပြုံးပြနေခဲ့သည်။
" မင်း အကြီးဆုံးအဒေါ်နဲ့ အိမ်ကိုလိုက်မယ်မလား။ အိမ်မှာ အသားစွပ်ပြုတ်ချက်ထားတယ်။ ပြီးတော့ မင်းဦးလေးက မင်းအကြောင်းအမြဲပြောနေတာ။ နောက်ဆုံးမှာတော့ တို့တွေက မင်းရဲ့တစ်ဦးတည်းသော သွေးရင်းဆွေမျိုးတွေပဲမဟုတ်လား!! "
ချန်ဟွေ့ကျန်း က ထို သွေးရင်းဆွေမျိုးတွေ ဆိုသော စကားလုံးကို တမင်ပိုဆိုးရွားလာစေခဲ့သည်။
စုရွေ့ကျယ် သူ့နှလုံးသားထဲကနေ လှောင်ပြောင်လိုက်သည်။ ရင်းနှီးတဲ့သွေးရင်းဆွေမျိုးတွေတဲ့လား..သူ့ရဲ့အသုံးချနိုင်သမျှတန်ဖိုးတွေကို အကုန်ညှစ်ထုတ်ခဲ့ပြီး ပြတ်ပြတ်သားသားကန်ထုတ်ခဲ့ကြတဲ့သူတွေကလေ !!
" ဟင့်အင်း.. အဒေါ် .. ဒီနေ့ကအဖိုးရဲ့ ၃၇ရက်မြောက်နေ့လေ။ ကျနော်သူ့ကိုတစ်ယောက်တည်းမဖြစ်စေချင်လို့ သူ့ကိုအဖော်ပြုပေးမလို့ပါ "
သေဆုံးသွားသော အဖိုးစုကိုရည်ညွှန်းလိုက်သောအခါ ချန်းဟွေ့ကျန်း၏မျက်နှာပေါ်မှ အပြုံးကတမုဟုတ်ချင်း ပျောက်ကွယ်သွားကာ ခြောက်ကပ်စွာနဲ့ပြောလာသည်။
" အိုး... ဒါဆိုလည်း ညစာအတွက် တို့အိမ်ကို နောက်ရက်မှသွားကြတာပေါ့လေ "
ထို၀သောပုံရိပ် လမ်းကျဉ်းထိပ်ကနေပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် စုရွေ့ကျယ် သူ့မျက်လုံးတွေမှေးမှိန်သွားပြီး ယိုယွင်းပျက်စီးနေသောအိမ်လေးထဲသို့ လှည့်၀င်သွားလိုက်သည်။
အခန်းက လွတ်နေပြီး နံရံပေါ်တွင် အဖိုး၏အဖြူအမဲဓါတ်ပုံတစ်ခုသာချိတ်ဆွဲထားလေသည်။ သွားတွေမရှိတော့သော လူအိုကြီးက ကြင်နာစွာအပြုံးနေပြီး စုရွေ့ကျယ်၏မျက်ရည်များချက်ချင်းကို စီးကျလာရတော့သည်။
အဖိုးက သူ့ကို ခက်ခက်ခဲခဲပျိုးထောင်ခဲ့ရပြီး သူသေဆုံးသည့်အချိန်ထိ ကောင်းမွန်တဲ့နေ့ရက်တစ်ရက်တောင် သူ မဖြတ်သန်းခဲ့ရပေ။ နေရာလွတ်နဲ့တောင် ပြန်လည်မွေးဖွားလာခဲ့သော်လည်း ဘ၀က ဘာအဓိပ္ပါယ်မှမရှိတော့ဘူးထင်ပါတယ်လေ...
အကယ်၍သာ ကမ္ဘာပေါ်မှာ သူ့ကိုစိတ်ပူပေးတဲ့ ထိုသူတစ်ယောက်သာ မရှိတော့ဘူးဆိုလျှင် ထိုကြောက်စရာကောင်းလှသော ပျက်ကပ်ဆိုးကြီးကိုထပ်ရင်ဆိုင်ဖို့ သူဆန္ဒမရှိတော့ချေ။
ကောင်းကင်ကပိုမှောင်ရီလာပြီး အဝေးကနေအစားအသောက်အနံ့များရနေသောကြောင့် စုရွေ့ကျယ် သူ့နေရာလွတ်ထဲမှာသိမ်းထားသည့် ဘာဘီကျူးကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြမ်းတမ်းတဲ့သစ်သားကုတင်ပေါ်လှဲချလိုက်ကာ မနက်ဖြန်ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းကိုသာ တွေးတောနေလိုက်သည်။
ကမ္ဘာကြီးရဲ့အဆုံးသတ်ရောက်ဖို့ တစ်လသာလိုတော့သည်။ အချိန်ကအလွန်တိုတောင်းပြီး သူကောင်းကောင်းပြင်ဆင်ထားရမည်။ အခုချိန်ထိ သူကဆင်းရဲနေသေးပြီး အသီးအရွက်များရောင်းချခြင်းမှ တစ်ရက်လျှင် ယွမ်ရာဂဏန်းအောက်သာ၀င်ငွေရှိ၏။ အစားအသောက်အတွက်တော့ သူစိတ်မပူပေ။ သူ့နေရာလွတ်တွင် ဖရဲသီး၊အသီးအရွက်များ၊ဆန်ကြမ်းနှင့် အစေ့အဆံများ အားလုံးရှိသော်လည်း အသားတော့မရှိပေ။ ပျက်ကပ်အတောတွင်း အသားမပြောနှင့် ပူပူနွေးနွေးအစားအသောက် စားရဖို့မည်မျှခက်ခဲသည်ကို ဘုရားသာသိပေလိမ့်မည်။
ဆယ်နှစ်လောက်အသားစားနိုင်ဖို့လုံလောက်တဲ့ငွေကိုရချင်လျှင် ဘဏ်ကို ဓားပြ တိုက်သည်က ပိုမြန်ပေလိမ့်မည်...
ကံမကောင်းစွာဖြင့် ကမ္ဘာကြီးအဆုံးသတ်ကမစတင်သေးသလို ကမ္ဘာကြီးကလည်း ဖရိုဖရဲမဖြစ်သေးပေ။ ဘဏ်ကိုဓားပြတိုက်ဖို့ရာ သူ့ခန္ဓာကိုယ်သေးသေးလေးဖြင့် အောင်မြင်ဖို့မဆိုထားနှင့် သူအဖမ်းခံရလျှင် ထောင်ထဲ၀င်ရလိမ့်မည်။ ကမ္ဘာကြီးအဆုံးသတ်ရောက်ချိန်တွင် အကျဉ်းထောင်သည် လုံခြုံသောနေရာမဟုတ်ပေ။ ထောင်သားအလောင်းကောင်များ* ကိုက်ခြင်းမခံရလျှင်တောင် သံတိုင်များကြား အစာငတ်ကာ သေနိုင်သည်။ ဥပဒေကိုလိုက်နာသော နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် လုံခြုံစွာ ပိုက်ဆံစုဆောင်းသည်က ပိုကောင်းပေသည်။
စုရွေ့ကျယ် နေရာလွတ်ထဲသို့လျပ်တပြတ်၀င်ရောက်သွားပြီး လှပသောချိုင့်ဝှမ်းတစ်ခုဆီသို့ လာခဲ့လိုက်သည်။ ထိုနေရာသည် သိပ်မကြီးသော်လည်း မြေဧကတစ်ဒါဇင်လောက်ကျယ်၀န်း၏။ သို့သော်ငြား ထိုနေရာတွင် စပါးစိုက်ခင်းများ၊ အသီးအရွက်ဥယျာဉ်နှင့် သစ်သီး၀လံသစ်တောတို့နှင့်ပြည့်နေသည်။ ထိုနေရာတွင် မျက်စိဖြင့်ပင်မြင်နိုင်လောက်သော ကြည်လင်နေသည့် စမ်းချောင်းတစ်ခုလည်းရှိပြီး သူထိုနေရာသို့သွားလိုက်ကာ ချိုမြိန်သောစမ်းရေကို ပါးစပ်အပြည့်သောက်လိုက်ပြီးနောက် သူ့ကိုလန်းဆန်းသွားစေသည်။
စမ်းချောင်း၏တစ်ဖက်ခြမ်းတွင် ကြီးမားကျယ်ပြန့်သောအစိမ်းရောင် မြက်ခင်းပြင်ကြီးတစ်ခုရှိပြီး ထိုနေရာတွင် သက်ရှိတိရိစ္ဆာန်တချို့မွေးမြူရန်စီစဉ်ထားသည်။ ချို့ဝှမ်းထဲတွင် လေးငါးမီတာကျယ်သော ဂူတစ်ခုလည်းရှိပြီး လတ်ဆတ်သောအသီးအရွက် သစ်သီး၀လံများကိုခူးဆွတ်ကာ ထိုဂူထဲသိုတိုက်ရိုက်ထည့်ထားနိုင်သည်။
အမှန်တကယ်တော့ နေရာလွတ်သည် စုရွေ့ကျယ်၏ဒုတိယမြောက်စွမ်းရည်ဖြစ်သည်။ ပျက်ကပ်ကြီးအတွင်း စွမ်းရည်နှစ်မျိုးတွဲသည် မရှိခြင်းမဟုတ်သော်ငြား ရှားပါးလှပေသည်။
အစပိုင်း၌ သူ၏စွမ်းရည်သည် မမြင့်မားပေ။ သစ်သားစွမ်းအားသည် တိုက်ခိုက်နိုင်စွမ်းနည်းပါးသော်ငြား သူတို့သည် အသီးအရွက်အစေ့များကို လျင်မြန်စွာကြီးထွားစေနိုင်သည်။ နေရာလွတ်စွမ်းအားများသည် ကုဗမီတာအနည်းငယ်သာကြီးမားပြီး ထိုနေရာတွင် ဝောာင်များနှင့်မြစ်များမရှိကြပေ။ သေဆုံးပြီးသောအရာအချို့သာလျှင် သိမ်းထားနိုင်ပြီး အကျိုးသက်ရောက်မှာနည်းပါးလှသည်။
ပျက်ကပ်ကြီးအတွင်း၌ ပတ်၀န်းကျင်သည် ဆိုးရွားပြီးရင်းဆိုးရွားလာခဲ့ကာ အပင်များစွာသည်လည်း သန္ဓေပြောင်းသွားခဲ့ပြီး လူသားများသည် ရှင်သန်နိုင်ဖို့ အရေးပေါ်အကျပ်အတည်းများကို ကြုံခဲ့ကြရသည်။ စုရွေ့ကျယ်သူ့ဦးလေးမိသားစုနှင့် နှစ်အတော်ကြာကွဲကွာပြီးနောက် အခြေစိုက်စခန်းကြီးတစ်ခုသိုရောက်လာခဲ့သည်။ အခြေစိုက်စခန်း၏သုတေသနဌာနသည် သုတေသနလုပ်ငန်းများ၌ကူညီရန် စွမ်းအားရှင်များကိုစုစည်းခဲ့ရာ စုရွေ့ကျယ်၏ စိုက်ပျိုးနိုင်ခြင်းနှင့် နေရာလွတ်ကဲ့သို့သော စွမ်းရည်များသည် အလွန်ရေပန်းစားခဲ့သည်။
အစပိုင်း၌ သုတေသနဌာနသည် သူ့အပေါ်တွင်ကောင်းမွန်ခဲ့ပြီး အဓိကအားဖြင့် သူ့စွမ်းအားများကိုသာ လေ့လာခဲ့သည်။ ထိုအရာက သူ့နျူကလိယအဆင့်မြှင့်တင်မှုအများအပြားလုပ်ခဲ့ပြီး သူ၏စွမ်းအားများသည်လည်း တတိယအဆင့်သို့ တိုးလာစေခဲ့သည်။ ထို့နောက် သူ့စွမ်းအားများပြောင်းလဲသွားသည်ကိုတွေ့ခဲ့ရပြီး သူ့နေရာလွတ်သည် ပိုကြီးလာခဲ့ကာ ထိုနေရာတွင် တောင်များ မြစ်များနှင့် ကုန်းမြေတို့ပါရှိနေခဲ့သည်။ အသီးအနှံများစိုက်ပျိုးနိုင်သည်သာမက သစ်သားစွမ်းအားကိုအသုံးပြုပြီး အသီးများကိုလည်း လက်နက်အဖြစ်ပြောင်းလဲစိုက်ပျိုးနိုင်ခဲ့လေသည်။
သို့သော်လည်း အခြားသောနေရာလွတ်စွမ်းအားများအတွက်မူမဖြစ်လာခဲ့ပေ။ ထိုအချိန်၌ စုရွေ့ကျယ်သည် ပျက်ကပ်ကြီးအတွင်း နှစ်ပေါင်းများစွာရှင်သန်လာခဲ့ပြီး အခြားသောအမှောင်ဘက်ခြမ်းများကိုလည်း မြင်တွေ့ခဲ့ရသော်လည်း သူ့နှလုံးသားထဲတွင်မူ သူ့ကိုနွေးထွေးမှုနှင့်ဂရုစိုက်မှုပေးခဲ့သော ဆွေမျိုးများ၏အရေးပါမှာကို အလေးထားနေဆဲဖြစ်ကာ ထိုလျို့ဝှက်ချက်ကြီးကို သူ့အဒေါ်ထံသို့ဖွင့်ဟခဲ့ပြီး သူတို့မိသားစုပိုမိုကောင်းမွန်လာစေဖို့ရာ တွေးခဲ့လေသည်။
သူဘယ်တော့မှ မတွေးထားမိသည်က သူ့အဒေါ်သည် သူ့ကိုလှည့်စားခဲ့ပြီးနောက် တက္ကသိုလ်သို့ရောင်းစားခဲ့သည်ကိုပင်...
တက္ကသိုလ်မှ နူးညံ့သိမ်မွေ့သော သုတေသီများသည် သူတို့၏ နူးညံ့သိမ်မွေ့သော မျက်နှာဖုံးများကိုဆုတ်ဖြဲကာ ရသမျှနည်းလမ်းမျိုးစုံနှင့် သူ့ကို စမ်းသပ်မှုများပြုလုပ်ခဲ့ကြပြီး သူ့နာမည်ကိုပင် လူသားမျိုးနွယ်ရဲ့အနာဂါတ်မျှော်လင့်ချက်ဟုပင် ခေါ်ဝေါ်ခဲ့ကြသေးသည်။
လူမဆန်သောနည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ခဲ့ကြပြီးနောက် စုရွေ့ကျယ်၏ နျူကလိယကိုပင် ထိုစွမ်းအားအတွက်တူးဖော်ခဲ့ကာ သူသေဆုံးသွားခဲ့ရပြီး ထို့နောက် သုတေသီများကလည်း သူတို့၏ နောက်ထပ်မျှော်လင့်ချက်များအတွက် ဆက်လက်ရှာဖွေခဲ့ကြသည်။
အိုး ဘယ်လိုတောင် ထူးဆန်းလိုက်သလဲလေ ...
စုရွေ့ကျယ် ပလပ်စတစ်အိတ်များစွာကိုထုတ်လိုက်ပြီး အသီးအရွက် သစ်သီး၀လံများနှင့်ဖြည့်လိုက်သည်။ ထိုအိတ်များကို ဂူကြမ်းပြင်ပေါ်တွင် စုပုံထားလိုက်ပြီး မနက်ဖြန်ရောင်းချနိုင်ဖို့ရန် ပြင်ဆင်ခဲ့လိုက်သည်။
နေရာလွတ်အပြင်ဘက်တွင် စုရွေ့ကျယ် သစ်သားကုတင်ပေါ်လဲလျောင်းလိုက်ပြီး အားကစား၀တ်စုံဟောင်း၏အိပ်ကပ်ထဲ၌ ပျံ့ကျဲနေသောပိုက်ဆံများကိုထုတ်လိုက်ကာ ဂရုတစိုက်ရေတွက်လိုက်သည်။ ထိုငွေများသည် သူအသီးအရွက်နှင့်သစ်သီး၀လံများရောင်းချခြင်းမှ ဒီနေ့အတွက်၀င်ငွေဖြစ်သည်။ စုစုပေါင်း ငါးရာ့နှစ်ဆယ်ယွမ်သည် အတိတ်၌ ကြီးမားသော ပမာဏဖြစ်သော်ငြား ယခုစုရွေ့ကျယ်အတွက်မူ အလွန်နည်းပါးသေးပေသည်။
ပျက်ကပ်ကြီးအတွင်း၌ လိုအပ်သည့်ပစ္စည်းများမှာ အလွန်များပြားပေသည်။ အကယ်၍ ပျက်ကပ်မစခင် တစ်လကိုအခွင့်ကောင်းယူကာ လိုအပ်သည့်ပစ္စည်းများမစုဆောင်းပါက ပျက်ကပ်စသောအခါတွင် အလွန်ကိုနောက်ကျသွားပေလိမ့်မည်။
ပိုက်ဆံ ပိုက်ဆံ ! သူ ပိုက်ဆံအများကြီးလိုအပ်ပေသည်။
ထိုတစ်ခဏမှာပင် ရုတ်တရက် သူအိမ်ကိုသတိရသွားသည်။ သိပ်မကြာခင်မှာပင် ဖြိုဖျက်ဖို့အကြောင်းကြားစာ ရောက်လာလိမ့်မည်ဖြစ်ပြီး စာချုပ် ချုပ်သ၍ အကြောင်းကြားစာအရ လူတစ်ဦးလျှင် 300,000 ထက်ပိုရနိုင်လေသည်။
.
.
.
.
【Zawgyi】
"စုေ႐ြ႕က်ယ္"
႐ုတ္တရက္ဆိုသလိုပဲ ခပ္စူးစူးအသံတစ္ခုက စုေ႐ြ႕က်ယ္ရဲ႕နာမည္ကိုေအာ္ေခၚလိုက္ေလသည္။
စုေ႐ြ႕က်ယ္ေဘးပတ္လည္ကို ျဖည္းျဖည္းခ်င္းလွည့္ၾကည့္လိုက္ေသာအခါ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ သူမ၏ မ်က္ႏွာဝိုင္းဝိုင္းေပၚမွာေတာ့ သူမအလြန္ကိုမွခ်စ္ျမတ္နိုးရတဲ့ကေလးကိုၾကည့္ေနသကဲ့သို႔ ၾကင္နာေသာ အၿပဳံးေလးတစ္ခုႏွင့္ လမ္းက်ဥ္းေလး၏ထိပ္၌ ရပ္ေနသည္ကိုေတြ႕လိုက္ရသည္။
စုေ႐ြ႕က်ယ္ သူ႕ႏႈတ္ခမ္းေတြလႈပ္ရွားလိုက္ၿပီး စကားလုံးသုံးလုံးကိုညစ္ထုတ္လိုက္၏။
" အႀကီးဆုံးအေဒၚ..."
"ေရွာင္က်ယ္..ဒီရက္ေတြမွာ မင္းဘယ္ေရာက္ေနတာလဲ? ငါဒီကိုအႀကိမ္ႀကိမ္ေရာက္ခဲ့ေသးတယ္။ မင္းငါနဲ႕အၿမဲဖယ္ခြာေနေတာ့တာပဲ။ အိုး..မင္းအေလးခ်ိန္ကို ၾကည့္စမ္းပါအုံး။ မင္းဒီရက္ေတြမွာ ေကာင္းေကာင္းမစားခဲ့ရဘူးလား? ဘယ္လိုေတာင္လဲဆိုး႐ြားတာလဲ !!"
သူတို႔ဘယ္ေလာက္ရင္းႏွီးသလဲဆိုသည္ကို မသိခဲ့သလိုပုံႏွင့္ ကခ်န္ေဟြ႕က်န္း စိတ္ဆင္းရဲၿပီး အဆင္မေျပပုံေပါက္ေနခဲ့သည္။ အဖိုးမင္းမင္း*ဆုံးပါးသြားၿပီးေနာက္ ဘယ္မိသားစု၀င္ကမွ ေပၚမလာခဲ့ဖူးေပ။
သူ႕အဖိုးကိုေတြးလိုက္မိလွ်င္ စုေ႐ြ႕က်ယ္ သူ႕မ်က္လုံးေတြတဖန္နီရဲလာျပန္ၿပီး သူ၏အားနည္းလွေသာ မ်က္ရည္ေတြကိုထပ္မက်ေစဖို႔ ရွင္းရွင္းလင္းလင္း ကတိျပဳထားခဲ့ေသာ္ျငား အဖိုးႏွင့္က်န္းယြင္ကေတာ့ သူ႕၏အထိအခိုက္မခံနိုင္ေသာ ႏွလုံးသားမွအမာ႐ြတ္ေတြျဖစ္သည္မို႔ သူ႕ကိုယ္သူမထိန္းခ်ဳပ္နိုင္ေပ...
ခ်န္ေဟြ႕က်န္း စု႔ေ႐ြ႕က်ယ္၏ အသြင္ျပင္ကိုေတြ႕လိုက္ရေသာအခါ သူမ၏စိုးရိမ္ေပးမႈေၾကာင့္ ခံစားသြားရသည္ဟု ထင္လိုက္သည္။ သူမကထပ္ၿပီး ညင္ညင္သာသာႏွင့္ေျပာလာခဲ့သည္...
" မင္းတစ္ေယာက္တည္းအိမ္မွာ ေကာင္းေကာင္းမစားရဘူး။ အေဒၚနဲ႕လာၿပီး အိမ္မွာလိုက္စားလိုက္ "
၀မ္ရန္ ..စုေ႐ြ႕က်ယ္ သူ႕အဖိုးအေၾကာင္းေတြးမိ၍ ျဖစ္ေပၚလာေသာ သူ႕မ်က္လုံးမ်ားဆီမွ ၀မ္းနည္းမႈကို လ်စ္လ်ဴရႈမႈျဖင့္ ခပ္ျမန္ျမန္အစားထိုးလိုက္သည္။
သူ႕ရဲ႕အတိတ္ဘ၀တုန္းက ခင္မင္ရင္းႏွီးပုံရတဲ့သူ႕အေဒၚက သူ႕ကိုညစာအတြက္အိမ္ကိုဖိတ္ေခၚခဲ့ၿပီး ပိုၿပီးေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ေပးဖို႔ အိမ္တြင္ေနခြင့္ျပဳပုံေပၚခဲ့သည္။ သူ႕ဦးေလး၏မိသားစု အေျခအေနက အေတာ္ေလးေကာင္းမြန္ၿပီး ဦးေလးႏွင့္အေဒၚတို႔ႏွစ္ေယာက္လုံးက ျပည္နယ္ပိုင္စီးပြားေရးလုပ္ငန္း*မွ ၀န္ထမ္းမ်ားျဖစ္ၾကသည္။ အိပ္ခန္းသုံးခန္းႏွင့္ ေရခ်ိဳးခန္းတစ္ခန္းပါအိမ္ကို ထိုႏွစ္အတြက္စာခ်ဳပ္ခ်ဳပ္ခဲ့ၾကၿပီး အခန္းက က်ယ္၀န္းက ျပတင္းေပါက္ေတြက သန႔္ရွင္းသပ္ေနေနၿပီး အဖိုး၏ နိမ့္ပါးလွေသာအခန္းက်ဥ္းေလးႏွင့္ အလြန္ကိုကြာျခားလွ၏။
【 T/N; state-owned enterprises ကို နိုင္ငံပိုင္အစား ျပည္နယ္ပိုင္လို႔ေရးလိုက္တာပဲ ဟီးဟီး တ႐ုတ္က ျပည္နယ္ေတြခြဲထားတာဆိုေတာ့ေလ 】
ပထမဆုံးအႀကိမ္အျဖစ္ ထိုက်ယ္၀န္းေသာအိမ္၌ေနရၿပီး သန႔္ရွင္းေသာအ၀တ္အစားမ်ားကို၀တ္ဆင္ရကာ ႏူးညံ့ၿပီးသက္ေတာင့္သက္သာရွိလွေသာအိပ္ရာ၌ အိပ္ဖူးျခင္းျဖစ္၏။ အရာရာတိုင္းက လွပေနၿပီး လွပေသာအိပ္မက္တစ္ခုလိုပင္။
ေနာက္ပိုင္း၌ အႀကီးဆုံးအေဒၚက အႀကီးဆုံး၀မ္းကြဲ၏ကေလးမ်ားက ပိုေကာင္းမြန္ေသာအစိုးရမူလတန္းေက်ာင္းသို႔သြားခ်င္ေၾကာင္းေျပာလာခဲ့သည္။ သူမက နံပါတ္တစ္အလယ္ေက်ာင္း၏တြဲဖက္မူလတန္းေက်ာင္းကို သေဘာက်ခဲ့ေသာ္လည္း ကေလး၏ အိမ္ေထာင္စုစာရင္းက ထိုေနရာ၌မဟုတ္ေပ။ သူတတ္နိုင္လွ်င္ ထိုကေလး၏ အိမ္ေထာင္စုစာရင္းကို သူ႕အဖိုး၏အိမ္၌ ထားေစခ်င္ေၾကာင္း သူမက သူ႕ကိုေမးဖို႔စိုးရိမ္ေနခဲ့ေသးသည္။
သူ႕အဖိုး၏ အိမ္က ယိုယြင္းေနၿပီျဖစ္ေသာ္လည္း တည္ေနရာကေတာ့အဆင္ေျပသည္ကို စုေ႐ြ႕က်ယ္ မွတ္မိခဲ့သည္။
အဖိုးဆုံးပါးၿပီးေနာက္ ထိုယိုယြင္းပ်က္စီးေနေသာ အိမ္ကေလးသည္သူ႕အပိုင္ျဖစ္လာၿပီး သူကအိမ္ေထာင္ဦးစီးျဖစ္လာခဲ့သည္။
ထိုအခ်ိန္က သူသည္အသက္တစ္ဆယ့္ခုနစ္ႏွစ္အ႐ြယ္ ကေလးတစ္ေသာက္သာျဖစ္ေခ်ေသးသည္။ တစ္ဖန္ျပန္အခ်စ္ခံရၿပီဟု သူတစ္ကယ္ကိုထင္ခဲ့သည္။ သူ႕အေဒၚအိမ္၌ေနထိုင္ခဲ့ရေသာ ေန႕ရက္မ်ားသည္ သူ႕ဘ၀၌အေကာင္းဆုံးေန႕ရက္မ်ားျဖစ္ခဲ့သည္ကိုေတာ့ သဘာ၀က်က် သူတစ္ကယ္ကို သံသယမရွိခဲ့ လက္ခံခဲ့ေပသည္။
ထိုေနာက္ပိုင္းတြင္ သူ႕အေဒၚကလည္း သူ႕အေပၚပို၍ေကာင္းမြန္ေပးလာခဲ့သည္။
သူ႕၀မ္းကြဲအႀကီးဆုံးက အစိုးရဌာန၌အလုပ္လုပ္ေနၿပီး သိပ္မၾကာခင္မွာပင္ သူ႕တူေလး၏အေကာင့္ကို သူ႕အဖိုး၏အိမ္သို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၀မ္းကြဲအႀကီးဆုံးႏွင့္ အႀကီးဆုံးမရီး၏အေကာင့္ႏွင့္ပင္ ခ်ိတ္ဆက္ထားခဲ့သည္။ ေနာက္ဆုံးမွာေတာ့ အႀကီးဆုံးအေဒၚက သူကအိမ္ေထာင္ဦးစီးျဖစ္ရန္ငယ္႐ြယ္လြန္းၿပီး ထို႔ေၾကာင့္ပင္ အိမ္ေထာင္ဦးစီးကေျပာင္းလဲသြားသည္ဟု ေျပာခဲ့သည္။
ေနာက္ပိုင္းမွာေတာ့ အဖိုး၏အိမ္ခန္းသည္ စီးပြားေရးႏွင့္သက္ဆိုင္ေသာအိမ္* မဟုတ္ပဲ အစိုးရငွားရမ္းေပးေသာအိမ္ျဖစ္ကာ အသုံးျပဳလို႔သာရၿပီး ပိုင္ဆိုင္ခြင့္မရွိေၾကာင္း စုေ႐ြ႕က်ယ္သိခဲ့ရသည္။ ျပန္ေရာင္းဖို႔မဟုတ္ပဲ ၿဖိဳဖ်က္ဖို႔တစ္ခုတည္းသာေမွ်ာ္လင့္နိုင္သည္။ ဦးေလးက ထိုအိမ္ကိုၿဖိဳဖ်က္ဖို႔အေၾကာင္းႏွင့္ပတ္သတ္၍ၾကားခဲ့ၿပီး ထိုအေၾကာင္းေၾကာင့္ပင္ သူ႕အေဒၚက သူ႕ကိုသူတို႔ႏွင့္ေနရန္ျပန္ေခၚလာခဲ့ျခင္းျဖစ္သည္။
【 T/N ; ေရာင္းလို႔ရတဲ့ကိုယ္ပိုင္အိမ္မ်ိဳးမဟုတ္ပဲ အစိုးရကစီးပြားေရးမေကာင္းတဲ့ သက္ႀကီး႐ြယ္အိုနဲ႕ အိမ္ေျခမဲ့ေတြဖို႔ ေဆာက္ေပးထားတဲ့ အေဆာင္တန္းလ်ားမ်ိဳးျဖစ္မယ္ထင္တယ္။ 】
ထိုၿဖိဳဖ်က္ရန္အေၾကာင္းၾကားစာက သိပ္မၾကာခင္မွာပဲေရာက္လာခဲ့သည္။ ၿဖိဳဖ်က္သည့္ေလ်ာ္ေၾကးေငြကို လူအေရအတြက္အလိုက္ခြဲေပးခဲ့ၿပီး လူတစ္ဦးလွ်င္ ယြမ္* ေထာင္ေပါင္းရာႏွင့္ခ်ီၿပီးရခဲ့ၾကသည္။ လူတိုင္းကထိုေငြကိုရခဲ့ၾကၿပီး စုေ႐ြ႕က်ယ္လည္းပဲ စုစုေပါင္း 300,000 ရခဲ့သည္။ အႀကီးဆုံးအေဒၚက သူကကေလးသာရွိေသးၿပီး သူကလည္း သူတို႔အိမ္တြင္ ေနထိုင္စားေသာက္ေသာေၾကာင့္ ထိုေငြမ်ားကိုမလိုအပ္သည္မို႔ သူမက အရင္စုထားေပးမည္ဟုေျပာခဲ့သည္။
သူတို႔ကဆက္လက္၍ သူ႕ကို အရသာရွိေသာ အစားအေသာက္ေကာင္းမ်ားကိုေကြၽးေမြးခဲ့ၾကၿပီး တစ္လမတိုင္ခင္မွာပဲ သူ႕အေဒၚအႀကီးဆုံးေျပာေသာစကားတိုင္းကိုယုံၾကည္သည္အထိ အ႐ူးလုပ္ခံခဲ့ရေလသည္။
စုေ႐ြ႕က်ယ္ ထိုအခ်ိန္က သူ႕မိုက္မဲမႈမ်ားကိုျပန္ေတြးမိၿပီး သက္ျပင္းမခ်ပဲမေနနိုင္ေပ။ ထိုႏွစ္က သူ ႏြေးေထြးၾကင္နာမႈႏွင့္ ယုံၾကည္ျခင္းကိုမေတာင့္တခဲ့ပါက ေနာက္ပိုင္းအေျခအေနမ်ား၌ သူခ်စ္ခင္ခဲ့ရေသာ ဆိုးယုတ္သည့္ႏွလုံးသားႏွင့္ေဆြမ်ိဳးမ်ားထံမွ တြန္းထုတ္ျခင္းခံခဲ့ရမည္မဟုတ္ေပ။
"ေရွာင္က်ယ္ ? ေရွာင္က်ယ္ !"
စုေ႐ြ႕က်ယ္၏ မွတ္ဉာဏ္မ်ားကို သူမ၏ ၾကည္လင္ေသာအသံက ႏွောက္ယွက္ခဲ့ေသာေၾကာင့္ သူၾကည့္လိုက္ေသာအခါ သူ႕အေရွ႕မွ သူ႕အေဒၚသည္ ႏူးညံ့ၾကင္နာပုံရေနေသးၿပီး သူ႕ကိုၿပဳံးျပေနခဲ့သည္။
" မင္း အႀကီးဆုံးအေဒၚနဲ႕ အိမ္ကိုလိုက္မယ္မလား။ အိမ္မွာ အသားစြပ္ျပဳတ္ခ်က္ထားတယ္။ ၿပီးေတာ့ မင္းဦးေလးက မင္းအေၾကာင္းအၿမဲေျပာေနတာ။ ေနာက္ဆုံးမွာေတာ့ တို႔ေတြက မင္းရဲ႕တစ္ဦးတည္းေသာ ေသြးရင္းေဆြမ်ိဳးေတြပဲမဟုတ္လား!! "
ခ်န္ေဟြ႕က်န္း က ထို ေသြးရင္းေဆြမ်ိဳးေတြ ဆိုေသာ စကားလုံးကို တမင္ပိုဆိုး႐ြားလာေစခဲ့သည္။
စုေ႐ြ႕က်ယ္ သူ႕ႏွလုံးသားထဲကေန ေလွာင္ေျပာင္လိုက္သည္။ ရင္းႏွီးတဲ့ေသြးရင္းေဆြမ်ိဳးေတြတဲ့လား..သူ႕ရဲ႕အသုံးခ်နိဳင္သမွ်တန္ဖိုးေတြကို အကုန္ညွစ္ထုတ္ခဲ့ၿပီး ျပတ္ျပတ္သားသားကန္ထုတ္ခဲ့ၾကတဲ့သူေတြကေလ !!
" ဟင့္အင္း.. အေဒၚ .. ဒီေန႕ကအဖိုးရဲ႕ ၃၇ရက္ေျမာက္ေန႕ေလ။ က်ေနာ္သူ႕ကိုတစ္ေယာက္တည္းမျဖစ္ေစခ်င္လို႔ သူ႕ကိုအေဖာ္ျပဳေပးမလို႔ပါ "
ေသဆုံးသြားေသာ အဖိုးစုကိုရည္ၫႊန္းလိုက္ေသာအခါ ခ်န္းေဟြ႕က်န္း၏မ်က္ႏွာေပၚမွ အၿပဳံးကတမုဟုတ္ခ်င္း ေပ်ာက္ကြယ္သြားကာ ေျခာက္ကပ္စြာနဲ႕ေျပာလာသည္။
" အိုး... ဒါဆိုလည္း ညစာအတြက္ တို႔အိမ္ကို ေနာက္ရက္မွသြားၾကတာေပါ့ေလ "
ထို၀ေသာပုံရိပ္ လမ္းက်ဥ္းထိပ္ကေနေပ်ာက္ကြယ္သြားသည္ကို ေစာင့္ၾကည့္ၿပီးေနာက္ စုေ႐ြ႕က်ယ္ သူ႕မ်က္လုံးေတြေမွးမွိန္သြားၿပီး ယိုယြင္းပ်က္စီးေနေသာအိမ္ေလးထဲသို႔ လွည့္၀င္သြားလိုက္သည္။
အခန္းက လြတ္ေနၿပီး နံရံေပၚတြင္ အဖိုး၏အျဖဴအမဲဓါတ္ပုံတစ္ခုသာခ်ိတ္ဆြဲထားေလသည္။ သြားေတြမရွိေတာ့ေသာ လူအိုႀကီးက ၾကင္နာစြာအၿပဳံးေနၿပီး စုေ႐ြ႕က်ယ္၏မ်က္ရည္မ်ားခ်က္ခ်င္းကို စီးက်လာရေတာ့သည္။
အဖိုးက သူ႕ကို ခက္ခက္ခဲခဲပ်ိဳးေထာင္ခဲ့ရၿပီး သူေသဆုံးသည့္အခ်ိန္ထိ ေကာင္းမြန္တဲ့ေန႕ရက္တစ္ရက္ေတာင္ သူ မျဖတ္သန္းခဲ့ရေပ။ ေနရာလြတ္နဲ႕ေတာင္ ျပန္လည္ေမြးဖြားလာခဲ့ေသာ္လည္း ဘ၀က ဘာအဓိပၸါယ္မွမရွိေတာ့ဘူးထင္ပါတယ္ေလ...
အကယ္၍သာ ကမၻာေပၚမွာ သူ႕ကိုစိတ္ပူေပးတဲ့ ထိုသူတစ္ေယာက္သာ မရွိေတာ့ဘူးဆိုလွ်င္ ထိုေၾကာက္စရာေကာင္းလွေသာ ပ်က္ကပ္ဆိုးႀကီးကိုထပ္ရင္ဆိုင္ဖို႔ သူဆႏၵမရွိေတာ့ေခ်။
ေကာင္းကင္ကပိုေမွာင္ရီလာၿပီး အေဝးကေနအစားအေသာက္အနံ႕မ်ားရေနေသာေၾကာင့္ စုေ႐ြ႕က်ယ္ သူ႕ေနရာလြတ္ထဲမွာသိမ္းထားသည့္ ဘာဘီက်ဴးကို ထုတ္ယူလိုက္သည္။ ထို႔ေနာက္ ၾကမ္းတမ္းတဲ့သစ္သားကုတင္ေပၚလွဲခ်လိဳက္ကာ မနက္ျဖန္ဘာလုပ္ရမယ္ဆိုတဲ့အေၾကာင္းကိုသာ ေတြးေတာေနလိုက္သည္။
ကမၻာႀကီးရဲ႕အဆုံးသတ္ေရာက္ဖို႔ တစ္လသာလိုေတာ့သည္။ အခ်ိန္ကအလြန္တိုေတာင္းၿပီး သူေကာင္းေကာင္းျပင္ဆင္ထားရမည္။ အခုခ်ိန္ထိ သူကဆင္းရဲေနေသးၿပီး အသီးအ႐ြက္မ်ားေရာင္းခ်ျခင္းမွ တစ္ရက္လွ်င္ ယြမ္ရာဂဏန္းေအာက္သာ၀င္ေငြရွိ၏။ အစားအေသာက္အတြက္ေတာ့ သူစိတ္မပူေပ။ သူ႕ေနရာလြတ္တြင္ ဖရဲသီး၊အသီးအ႐ြက္မ်ား၊ဆန္ၾကမ္းႏွင့္ အေစ့အဆံမ်ား အားလုံးရွိေသာ္လည္း အသားေတာ့မရွိေပ။ ပ်က္ကပ္အေတာတြင္း အသားမေျပာႏွင့္ ပူပူႏြေးႏြေးအစားအေသာက္ စားရဖို႔မည္မွ်ခက္ခဲသည္ကို ဘုရားသာသိေပလိမ့္မည္။
ဆယ္ႏွစ္ေလာက္အသားစားနိုင္ဖို႔လုံေလာက္တဲ့ေငြကိုရခ်င္လွ်င္ ဘဏ္ကို ဓားျပ တိုက္သည္က ပိုျမန္ေပလိမ့္မည္...
ကံမေကာင္းစြာျဖင့္ ကမၻာႀကီးအဆုံးသတ္ကမစတင္ေသးသလို ကမၻာႀကီးကလည္း ဖရိုဖရဲမျဖစ္ေသးေပ။ ဘဏ္ကိုဓားျပတိုက္ဖို႔ရာ သူ႕ခႏၶာကိုယ္ေသးေသးေလးျဖင့္ ေအာင္ျမင္ဖို႔မဆိုထားႏွင့္ သူအဖမ္းခံရလွ်င္ ေထာင္ထဲ၀င္ရလိမ့္မည္။ ကမၻာႀကီးအဆုံးသတ္ေရာက္ခ်ိန္တြင္ အက်ဥ္းေထာင္သည္ လုံၿခဳံေသာေနရာမဟုတ္ေပ။ ေထာင္သားအေလာင္းေကာင္မ်ား* ကိုက္ျခင္းမခံရလွ်င္ေတာင္ သံတိုင္မ်ားၾကား အစာငတ္ကာ ေသနိုင္သည္။ ဥပေဒကိုလိုက္နာေသာ နိုင္ငံသားေကာင္းတစ္ေယာက္အေနျဖင့္ လုံၿခဳံစြာ ပိုက္ဆံစုေဆာင္းသည္က ပိုေကာင္းေပသည္။
စုေ႐ြ႕က်ယ္ ေနရာလြတ္ထဲသို႔လ်ပ္တျပတ္၀င္ေရာက္သြားၿပီး လွပေသာခ်ိဳင့္ဝွမ္းတစ္ခုဆီသို႔ လာခဲ့လိုက္သည္။ ထိုေနရာသည္ သိပ္မႀကီးေသာ္လည္း ေျမဧကတစ္ဒါဇင္ေလာက္က်ယ္၀န္း၏။ သို႔ေသာ္ျငား ထိုေနရာတြင္ စပါးစိုက္ခင္းမ်ား၊ အသီးအ႐ြက္ဥယ်ာဥ္ႏွင့္ သစ္သီး၀လံသစ္ေတာတို႔ႏွင့္ျပည့္ေနသည္။ ထိုေနရာတြင္ မ်က္စိျဖင့္ပင္ျမင္နိုင္ေလာက္ေသာ ၾကည္လင္ေနသည့္ စမ္းေခ်ာင္းတစ္ခုလည္းရွိၿပီး သူထိုေနရာသို႔သြားလိုက္ကာ ခ်ိဳၿမိန္ေသာစမ္းေရကို ပါးစပ္အျပည့္ေသာက္လိုက္ၿပီးေနာက္ သူ႕ကိုလန္းဆန္းသြားေစသည္။
စမ္းေခ်ာင္း၏တစ္ဖက္ျခမ္းတြင္ ႀကီးမားက်ယ္ျပန႔္ေသာအစိမ္းေရာင္ ျမက္ခင္းျပင္ႀကီးတစ္ခုရွိၿပီး ထိုေနရာတြင္ သက္ရွိတိရိစ္ဆာန္တခ်ိဳ႕ေမြးျမဴရန္စီစဥ္ထားသည္။ ခ်ိဳ႕ဝွမ္းထဲတြင္ ေလးငါးမီတာက်ယ္ေသာ ဂူတစ္ခုလည္းရွိၿပီး လတ္ဆတ္ေသာအသီးအ႐ြက္ သစ္သီး၀လံမ်ားကိုခူးဆြတ္ကာ ထိုဂူထဲသိုတိုက္ရိုက္ထည့္ထားနိုင္သည္။
အမွန္တကယ္ေတာ့ ေနရာလြတ္သည္ စုေ႐ြ႕က်ယ္၏ဒုတိယေျမာက္စြမ္းရည္ျဖစ္သည္။ ပ်က္ကပ္ႀကီးအတြင္း စြမ္းရည္ႏွစ္မ်ိဳးတြဲသည္ မရွိျခင္းမဟုတ္ေသာ္ျငား ရွားပါးလွေပသည္။
အစပိုင္း၌ သူ၏စြမ္းရည္သည္ မျမင့္မားေပ။ သစ္သားစြမ္းအားသည္ တိုက္ခိုက္နိုင္စြမ္းနည္းပါးေသာ္ျငား သူတို႔သည္ အသီးအ႐ြက္အေစ့မ်ားကို လ်င္ျမန္စြာႀကီးထြားေစနိုင္သည္။ ေနရာလြတ္စြမ္းအားမ်ားသည္ ကုဗမီတာအနည္းငယ္သာႀကီးမားၿပီး ထိုေနရာတြင္ ေဝာာင္မ်ားႏွင့္ျမစ္မ်ားမရွိၾကေပ။ ေသဆုံးၿပီးေသာအရာအခ်ိဳ႕သာလွ်င္ သိမ္းထားနိုင္ၿပီး အက်ိဳးသက္ေရာက္မွာနည္းပါးလွသည္။
ပ်က္ကပ္ႀကီးအတြင္း၌ ပတ္၀န္းက်င္သည္ ဆိုး႐ြားၿပီးရင္းဆိုး႐ြားလာခဲ့ကာ အပင္မ်ားစြာသည္လည္း သႏၶေေျပာင္းသြားခဲ့ၿပီး လူသားမ်ားသည္ ရွင္သန္နိုင္ဖို႔ အေရးေပၚအက်ပ္အတည္းမ်ားကို ႀကဳံခဲ့ၾကရသည္။ စုေ႐ြ႕က်ယ္သူ႕ဦးေလးမိသားစုႏွင့္ ႏွစ္အေတာ္ၾကာကြဲကြာၿပီးေနာက္ အေျခစိုက္စခန္းႀကီးတစ္ခုသိုေရာက္လာခဲ့သည္။ အေျခစိုက္စခန္း၏သုေတသနဌာနသည္ သုေတသနလုပ္ငန္းမ်ား၌ကူညီရန္ စြမ္းအားရွင္မ်ားကိုစုစည္းခဲ့ရာ စုေ႐ြ႕က်ယ္၏ စိုက္ပ်ိဳးနိုင္ျခင္းႏွင့္ ေနရာလြတ္ကဲ့သို႔ေသာ စြမ္းရည္မ်ားသည္ အလြန္ေရပန္းစားခဲ့သည္။
အစပိုင္း၌ သုေတသနဌာနသည္ သူ႕အေပၚတြင္ေကာင္းမြန္ခဲ့ၿပီး အဓိကအားျဖင့္ သူ႕စြမ္းအားမ်ားကိုသာ ေလ့လာခဲ့သည္။ ထိုအရာက သူ႕န်ဴကလိယအဆင့္ျမႇင့္တင္မႈအမ်ားအျပားလုပ္ခဲ့ၿပီး သူ၏စြမ္းအားမ်ားသည္လည္း တတိယအဆင့္သို႔ တိုးလာေစခဲ့သည္။ ထို႔ေနာက္ သူ႕စြမ္းအားမ်ားေျပာင္းလဲသြားသည္ကိုေတြ႕ခဲ့ရၿပီး သူ႕ေနရာလြတ္သည္ ပိုႀကီးလာခဲ့ကာ ထိုေနရာတြင္ ေတာင္မ်ား ျမစ္မ်ားႏွင့္ ကုန္းေျမတို႔ပါရွိေနခဲ့သည္။ အသီးအႏွံမ်ားစိုက္ပ်ိဳးနိုင္သည္သာမက သစ္သားစြမ္းအားကိုအသုံးျပဳၿပီး အသီးမ်ားကိုလည္း လက္နက္အျဖစ္ေျပာင္းလဲစိုက္ပ်ိဳးနိုင္ခဲ့ေလသည္။
သို႔ေသာ္လည္း အျခားေသာေနရာလြတ္စြမ္းအားမ်ားအတြက္မူမျဖစ္လာခဲ့ေပ။ ထိုအခ်ိန္၌ စုေ႐ြ႕က်ယ္သည္ ပ်က္ကပ္ႀကီးအတြင္း ႏွစ္ေပါင္းမ်ားစြာရွင္သန္လာခဲ့ၿပီး အျခားေသာအေမွာင္ဘက္ျခမ္းမ်ားကိုလည္း ျမင္ေတြ႕ခဲ့ရေသာ္လည္း သူ႕ႏွလုံးသားထဲတြင္မူ သူ႕ကိုႏြေးေထြးမႈႏွင့္ဂ႐ုစိုက္မႈေပးခဲ့ေသာ ေဆြမ်ိဳးမ်ား၏အေရးပါမွာကို အေလးထားေနဆဲျဖစ္ကာ ထိုလ်ိဳ႕ဝွက္ခ်က္ႀကီးကို သူ႕အေဒၚထံသို႔ဖြင့္ဟခဲ့ၿပီး သူတို႔မိသားစုပိုမိုေကာင္းမြန္လာေစဖို႔ရာ ေတြးခဲ့ေလသည္။
သူဘယ္ေတာ့မွ မေတြးထားမိသည္က သူ႕အေဒၚသည္ သူ႕ကိုလွည့္စားခဲ့ၿပီးေနာက္ တကၠသိုလ္သို႔ေရာင္းစားခဲ့သည္ကိုပင္...
တကၠသိုလ္မွ ႏူးညံ့သိမ္ေမြ႕ေသာ သုေတသီမ်ားသည္ သူတို႔၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာဖုံးမ်ားကိုဆုတ္ၿဖဲကာ ရသမွ်နည္းလမ္းမ်ိဳးစုံႏွင့္ သူ႕ကို စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ၾကၿပီး သူ႕နာမည္ကိုပင္ လူသားမ်ိဳးႏြယ္ရဲ႕အနာဂါတ္ေမွ်ာ္လင့္ခ်က္ဟုပင္ ေခၚေဝၚခဲ့ၾကေသးသည္။
လူမဆန္ေသာနည္းလမ္းမ်ိဳးစုံျဖင့္ စမ္းသပ္ခဲ့ၾကၿပီးေနာက္ စုေ႐ြ႕က်ယ္၏ န်ဴကလိယကိုပင္ ထိုစြမ္းအားအတြက္တူးေဖာ္ခဲ့ကာ သူေသဆုံးသြားခဲ့ရၿပီး ထို႔ေနာက္ သုေတသီမ်ားကလည္း သူတို႔၏ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္မ်ားအတြက္ ဆက္လက္ရွာေဖြခဲ့ၾကသည္။
အိုး ဘယ္လိုေတာင္ ထူးဆန္းလိုက္သလဲေလ ...
စုေ႐ြ႕က်ယ္ ပလပ္စတစ္အိတ္မ်ားစြာကိုထုတ္လိုက္ၿပီး အသီးအ႐ြက္ သစ္သီး၀လံမ်ားႏွင့္ျဖည့္လိုက္သည္။ ထိုအိတ္မ်ားကို ဂူၾကမ္းျပင္ေပၚတြင္ စုပုံထားလိုက္ၿပီး မနက္ျဖန္ေရာင္းခ်နိဳင္ဖို႔ရန္ ျပင္ဆင္ခဲ့လိုက္သည္။
ေနရာလြတ္အျပင္ဘက္တြင္ စုေ႐ြ႕က်ယ္ သစ္သားကုတင္ေပၚလဲေလ်ာင္းလိုက္ၿပီး အားကစား၀တ္စုံေဟာင္း၏အိပ္ကပ္ထဲ၌ ပ်ံ့က်ဲေနေသာပိုက္ဆံမ်ားကိုထုတ္လိုက္ကာ ဂ႐ုတစိုက္ေရတြက္လိုက္သည္။ ထိုေငြမ်ားသည္ သူအသီးအ႐ြက္ႏွင့္သစ္သီး၀လံမ်ားေရာင္းခ်ျခင္းမွ ဒီေန႕အတြက္၀င္ေငြျဖစ္သည္။ စုစုေပါင္း ငါးရာ့ႏွစ္ဆယ္ယြမ္သည္ အတိတ္၌ ႀကီးမားေသာ ပမာဏျဖစ္ေသာ္ျငား ယခုစုေ႐ြ႕က်ယ္အတြက္မူ အလြန္နည္းပါးေသးေပသည္။
ပ်က္ကပ္ႀကီးအတြင္း၌ လိုအပ္သည့္ပစၥည္းမ်ားမွာ အလြန္မ်ားျပားေပသည္။ အကယ္၍ ပ်က္ကပ္မစခင္ တစ္လကိုအခြင့္ေကာင္းယူကာ လိုအပ္သည့္ပစၥည္းမ်ားမစုေဆာင္းပါက ပ်က္ကပ္စေသာအခါတြင္ အလြန္ကိုေနာက္က်သြားေပလိမ့္မည္။
ပိုက္ဆံ ပိုက္ဆံ ! သူ ပိုက္ဆံအမ်ားႀကီးလိုအပ္ေပသည္။
ထိုတစ္ခဏမွာပင္ ႐ုတ္တရက္ သူအိမ္ကိုသတိရသြားသည္။ သိပ္မၾကာခင္မွာပင္ ၿဖိဳဖ်က္ဖို႔အေၾကာင္းၾကားစာ ေရာက္လာလိမ့္မည္ျဖစ္ၿပီး စာခ်ဳပ္ ခ်ဳပ္သ၍ အေၾကာင္းၾကားစာအရ လူတစ္ဦးလွ်င္ 300,000 ထက္ပိုရနိုင္ေလသည္။
🍒
【 Thank You !】