My Cherry Will Explode in the Apocalypse
Chapter 48
Author: Drunken Light Song
Source: Callis & Jostena M
Editor : vvreath
Translator: オタク
《 Unicode 》
ဤတစ်ကြိမ်တွင် ကျန့်ယွင်၏အဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါ၀င်သွားမည်ဖြစ်သည်။ သို့သော် ၎င်းသည် စစ်တပ်နှင့်ဖြစ်သဖြင့် စွမ်းအားမရှိသောသုန်သုန်နှင့် အိမ်မွေးကြောင်လေးတစ်ကောင်အား အတူခေါ်ဆောင်သွားရန် မသင့်လျော်ပေ။
ကျောက်ပင်း၏တပ်ဖွဲ့၏ အစိတ်အပိုင်းကြီးတစ်ခုသည် ဒဏ်ရာရနေကြသဖြင့် ကျန်းရွှီကျိုးသည် သူတို့အား Aမြို့တွင်မဟုတ်ဘဲ ၀န်ဆောင်မှုနယ်မြေတွင်သာ ကာကွယ်ရေးတာ၀န်များလုပ်ဆောင်ရန် ခွင့်ပြုပေးထားခဲ့သည်။
ထို့ကြောင့် မထွက်ခွာကြခင် ကျန့်ယွင်သည် ကျောက်ပင်းအားရှာပြီး သုန်သုန်နှင့် ကြောက်နက်လေးတို့အား နှစ်ရက်လောက် စောင့်ရှောက်ပေးစေခဲ့သည်။ သူသည် သူတို့နှစ်ယောက်အတွက် အစားအစာအိတ်နှစ်လုံးကိုလည်း ထားပေးခဲ့သည်။
သူ့အစ်ကိုကြီးများ ထွက်ခွာသွားမည်ကို သိ၍ဖြစ်နိုင်သည်။ သုန်သုန်သည် စူပုပ်နေကာ လက်ဆန့်ပြီး စုရွေ့ကျယ်၏ အင်္ကျီစအားဆုပ်ကိုင်ထားလေ၏။ ကြီးမားပြီး နက်မှောင်နေသော သူ့မျက်လုံးလေးများသည် ငိုချင်နေသကဲ့သို့ပင်။
စုရွေ့ကျယ်၏ နှလုံးသား ပျော့ပြောင်းသွားလေ၏။ သူသည် လက်ဆန့်ကာ သုန်သုန်၏ဆံပင်လေးအား ပွတ်သပ်လိုက်လေ၏။ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နူးညံ့စွာပြောလာလေသည်။
“လိမ္မာနော်၊ အစ်ကိုကြီးတို့က မကြာခင်မှာ ပြန်လာခဲ့မယ်။ နားလည်ရဲ့လား?”
သုန်သုန်သည် နာခံစွာခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် သွားခွင့်ပြုလိုက်လေ၏။
စစ်ယာဉ်တန်းသည် အလျင်အမြန်ပင်စတင်ထွက်ခွာလာကြလေ၏။ ဤတစ်ကြိမ်တွင် စစ်ကားကြီး အစီးနှစ်ဆယ်နှင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသောစစ်သားအယောက်ရှစ်ရာသည် ကယ်ဆယ်ရေးအတွက် Aမြို့ဆီသို့ လိုက်ပါလာကြလေသည်။ မနက်ခင်းက ကျန့်ယွင်၊ စုရွေ့ကျယ်နှင့် ကျန်းရွှီကျိုးတို့ စကားစမြည်ပြောဆိုပြီးနောက် သူတို့သည် အသီးအရွက်များ၊ အသီးအနှံများနှင့် အပင်အစေ့များ စုဆောင်းရန်တာ၀န်တစ်ခုကို ထပ်ပေါင်းထည့်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့အဖွဲ့သည်လည်း စစ်တပ်မှ ထောက်ပံ့ပေးထားသော စက်သေနတ်များတပ်ဆင်ထားသည့် စစ်ကားတစ်စီးကိုယူဆောင်လာခဲ့ပြီး သူတို့ကိုယ်များတွင် ခဲယမ်းများကိုသယ်ဆောင်လာခဲ့ကြသည်။ ကျန့်ယွင်မှ လွဲ၍ အဖွဲ့ထဲရှိ ကျန်သည့် လူအများစုသည် သေနတ်တစ်လက်အားကိုင်ဆောင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ၎င်းသည် အတော်လေးထူးဆန်းသော ခံစားချက်ပင်။
ကျန့်ကျားဟယ်တစ်ယောက်သာလျှင် ပတွတ်ပတွတ်နှင့် အထွန့်တက်လာခဲ့လေ၏။
“ကျွန်တော်က ဘယ်လိုပစ်ရမယ်တောင်သိတာမဟုတ်ဘူး။ လေးလံလွန်လို့ သံတုတ်ချောင်းတစ်ခုပေးလာတာက ကျွန်တော့်အတွက် ပိုကောင်းလိမ့်အုံးမယ်....”
ကျန်းရှို့လျန်သည် ဘာတစ်ခုမှ ပြောမလာသော်လည်း သူ့အမူအရာမှ သူလည်းပဲ ကျန့်ကျားဟယ်၏စကားကို အမှန်တကယ် ထောက်ခံနေလေသည်။
ဝူကျင်းသည် စိတ်အခြေမကောင်းဖြစ်နေပြီး သူမ၏ဘေးနားရှိလူအား ဆွဲလိုက်ပြီး ကျန့်ကျားဟယ်အား စူးစူးရဲရဲစိုက်ကြည့်ကာ
“လူတိုင်းက သူတို့မကြိုက်တာကို ထိန်းထားနိုင်သေးတယ်။ နင်တစ်ယောက်ပဲ မထိန်းနိုင်တာ”
စိတ်လှုပ်ရှားမှုများသေဆုံးသွားလေသော အိုတာကုလေးသည် အမျိုးသမီးတစ်ဦးနှင့် ငြင်းခုန်ရန် အခွင့်အရေးမရှိသဖြင့် ဒေါသတကြီးနှုတ်ပိတ်လိုက်ရလေတော့သည်။
စစ်ယာဉ်တန်းသည် မြို့ထဲသို့ဖြေးညှင်းစွာ၀င်လာသည်နှင့် ဆူညံသံသည် ဖုတ်ကောင်များစွာကိုဆွဲဆောင်လိုက်မိသော်လည်း ဘီးများဖြင့် မညှာမတာ အကြိတ်ခံလိုက်ရလေသည်။ သေနတ်သံများဖြင့် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာပြီး မြို့ထဲရှိ အသက်ရှင်ကျန်သူများအား စစ်တပ်ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာပေးနေလေ၏။
အစိုးရသည် ကယ်ဆယ်ရေးသတင်းအား ရေဒီယိုမှ ထပ်ခါ ထပ်ခါ ထုတ်လွှင့်ပေးထားခဲ့လေသည်။ မြို့ထဲရှိလူများသည် သူတို့ထံ၌ ရေဒီယိုတစ်လုံးရှိပါက သတင်းအားရရှိပြီးဖြစ်ရမည်။
သို့သော်လည်း စစ်ယာဉ်တန်း မြို့ထဲသို့၀င်လာသည့်အချိန်တွင် နေရာတိုင်းတွင် စွန့်ပစ်ထားသောယာဉ်များ ရှုပ်ပွနေလေ၏။ နေသည် အလောင်းကောင်များအား ပုပ်ပွ ခြောက်သွေ့သွားစေပြီး သူတို့ဦးတည်နေရာသို့ လျှောက်သွားနေပြီး အသံနိမ့်ဟောက်နေကြသော ဖုတ်ကောင်များကိုသာ ချန်ထားရစ်ခဲ့လေသည်။
“ဘာတွေဖြစ်နေတာလဲ ?”
အခြေအနေသည် အလွန်ထူးဆန်းနေပြီး စစ်သားများကိုပင် အံ့ဩသွားစေ၏။
Sမြို့ သို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအတွက် ၀င်ရောက်ခဲ့သည့် အချိန်က လူနေထိုင်ရာအဆောက်အအုံများရှိ မရေတွက်နိုင်သောပြတင်းပေါက်များတွင် အနီရောင်အ၀တ်၊ လိုက်ကာများ၊ ပုဝါများနှင့် အတွင်းခံများကို ပင်ချိတ်ဆွဲထားကြလေသည်။ အကယ်၍ အနီရောင်ဖြစ်နေပါက ချိတ်ဆွဲထားမည်ဖြစ်သည်။ အမှန်တကယ်ကို တစ်ခုမျှ မရှိပါက အရောင်တောက်ပသောအ၀တ်စများကို ချိတ်ဆွဲထားကြမည်ဖြစ်ပြီး စစ်သားများသည် ရှာဖွေစစ်ဆေးရန် သွားကြလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် မြို့တစ်ခုလုံးသည် တစ္ဆေမြို့တစ်ခုကဲ့သို့ပင် အသက်ကင်းမဲ့နေလေ၏။
လူတွေ ဘယ်ကို သွားကုန်ကြတာလဲ? ဤလောက်ကြီးမားသောမြို့ကြီးတစ်မြို့တွင် အသက်ရှင်ကျန်သူတကယ်ကိုတစ်ယောက်မှ မရှိဘူးလား? ဒါမှမဟုတ် သူတို့ ရေဒီယိုသတင်းကို မကြားခဲ့ကြရလို့လား?
“အဖွဲ့ 1 ကနေ 10 ထိက ကာကွယ်ပေးဖို့တာ၀န်ရှိတယ်၊ တခြားအဖွဲ့တွေက အနီအနားနယ်မြေမှာ ရှာဖွေပြီး ကယ်ဆယ်! အဖွဲ့အားလုံး အသက်ရှိသူ ထောက်လှမ်းရေးကိရိယာကိုဖွင့်လိုက်ကြ! ”
အင်တာကွန်မှ ညွှန်ကြားချက်များထွက်ပေါ်လာလေ၏။
စစ်တပ်တွင် ကမ္ဘာ့အကောင်းဆုံးရှာဖွေရေးနှင့်ကယ်ဆယ်ရေး ကိရိယာဖြစ်သည့် DLK သက်ရှိထောက်လှမ်းရေးကရိယာကို တပ်ဆင်ထားလေသည်။ ၎င်းသည် လူ့နှလုံးခုန်သံမှ ထွက်ပေါ်လာသည် အလွန့်နိမ့်သောကြိမ်နှုန်းလှိုင်းများမှ ထုတ်ပေးသည့် လျှပ်စစ်စက်ကွင်းကို အာရုံခံပြီး အသက်ရှင်နေသည့် လူတစ်ဦး၏တည်နေရာကိုတွေ့ရှိခဲ့လေသည်။
လူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလွန်နိမ့်သောလျှပ်စစ်လှိုင်းသည် ကွန်ကရစ်နံရံများ၊ စတီးပြားများ၊ သစ်သားပြားများ၊ ရေ နှင့် တခြား သတ္တုပစ္စည်းများကို ဖောက်ပြီး ၀င်ရောက်နိုင်လေသည်။ လူများအသက်ရှင်နေသ၍ သူတို့သတိရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ သက်ရှိထောက်လှမ်းရေးကိရိယာမှ အချိန်အနည်းဆုံးမှာပင် ရှာတွေ့နိုင်လေသည်။
၎င်းသည် သေးငယ်ပြီး တစ်ကီလိုခန့်သာအလေးချိန်ရှိကာ အလွယ်တကူသယ်ဆောင်နိုင်လေသည်။ အဖွဲ့တစ်ဖွဲ့တွင် တစ်ခုစီရှိသော်လည်း ၎င်း၏အကွာအဝေးမှာ မီတာ ငါးရာဖြစ်လေသည်။ ကြီးမားသောပမာဏအတိုင်းအတာရှာဖွေကယ်ဆယ်ရေးကို လုပ်ဆောင်ရန် သဘာ၀မကျသဖြင့် အဖွဲ့များကို ဖြန့်ကျက်ကာ ရှာဖွေဖို့သာ ခွင့်ပြုနိုင်လေသည်။
ပထဆုံး အဖွဲ့ဆယ်ဖွဲ့သည် တခြားအဖွဲ့ဆယ်ဖွဲ့က ရှာဖွေ ကယ်ဆယ်ရေးအတွက် အဆောက်အဦးများထဲသို့ဝင်နေစဉ်၌ စစ်ကားများကို အသုံးပြုကာ ဆွဲဆောင်ခံထားရသောဖုတ်ကောင်များကို ရှင်းလင်းရန် အဓိကလမမကြီးပေါ်တွင် ခုခံကာကွယ်ရေးခံတပ်များ တည်ဆောက်ကြသည်။
ကျန့်ယွင်၏အဖွဲ့သည် ဆယ့်နှစ်စီးမြောက်စစ်ကားထဲတွင်ဖြစ်ကာ ဆယ်နှစ်ဖွဲ့မြောက် တပ်ဖွဲ့ပင်ဖြစ်လေ၏။ တပ်ဖွဲ့ခေါင်းဆောင် လီမင်းသည် သူ၏အထက်အရာရှိထံမှ ညွှန်ကြားချက်ကိုရရှိခဲ့၍ဖြစ်နိုင်သည်။ သူသည် ကျန့်ယွင်၏အဖွဲ့ကိုကြည့်လာပြီး သူတို့အားကားပေါ်မှ ဆင်းရန် မျက်လုံးဖြင့် အချက်ပေးလာ၏။ ကျန့်ယွင်သည် ခေါင်းညိတ်ပြလိုက်ပြီး ခိုင်လုံသောတုန့်ပြန်မှုတစ်ခုပေးလိုက်၏။
သို့သော်လည်း ဘေးကင်း လုံခြုံရေးအတွက် လီမင်းသည် ကျန့်ယွင်၏အဖွဲ့အားအနောက်တွင် ကာကွယ်ရန် ခွင့်ပြုထားပြီး သူ့တပ်ဖွဲ့၀င်များနှင့်အတူ အရှေ့သို့ ချီတက်သွားလေ၏။
သက်ရှိထောက်လှမ်းရေး ကိရိယာသည် ဆယ့်ငါးထပ်လူနေအဆောက်အဦးမှ တုန့်ပြန်မှုရှိနေခဲ့၏။ လီမင်းသည် ချက်ချင်းပင် ရှာဖွေကယ်ဆယ်ဖို့ အမိန့်တစ်ခုပေးလိုက်၏။ အဆောက်အဦးထဲသို့ ၀င်သွားလိုက်သည်နှင့် အပုပ်နံ့တစ်ခုက လာရိုက်ခတ်လေ၏။ စင်္ကြံသည် အနီရောင် အနက်ရောင်သွေးများလွှမ်းနေပြီး ခြေလက်အကျိုးအပဲ့များ နေရာတိုင်းတွင် ပြန့်ကျဲနေလေ၏။
ဓာတ်လှေကားသည် ထပ်မံအသုံးပြု၍မရနိုင်တော့သဖြင့် သူတို့သည် လှေကားများမှသာ တက်ကြရလိမ့်မည်ဖြစ်၏။
လီမင်းသည် ရုတ်တရက် ကျန့်ယွင်ဘက်သို့လှည့်၍ပြောလာလေ၏။
“မင်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ခွဲသွားကြစို့။ ငါတို့က အပေါ်ကနေ ရှာဖွေရေး စမယ်၊ ပြီးတော့ မင်းတို့က အောက်ခြေကနေစ။ တပ်ရင်းမှူးက မင်းတို့ရှာလို့ရသမျှပစ္စည်းအားလုံး မင်းတို့ပိုင်တယ်လို့ပြောလိုက်တယ်။ ”
“နားလည်ပြီ၊ ပြဿနာမရှိဘူး ”
ကျန့်ယွင် ခေါင်းညိတ်ပြလိုက်၏။ ကျန်းရွှီကျိုးသည် သူတို့၏အရေးကိစွများကို စိတ်ထဲတွင် မှတ်ယူထားပုံရပြီး အနာဂါတ်တွင် အသက်ရှင်ကျန်သူအခြေစိုက်စခန်းသို့ ၀င်ရောက်ရန် အလျှော့အတင်းပြုလုပ်နိုင်ဖို့ ပစ္စည်းအချို့ကို သူတို့ လိုအပ်၍ဖြစ်သည်။
“အန္တရာယ်ကင်းဖို့ အာရုံစိုက်ထားကြပါ။ ”
လီမင်းသည် သတိပေးပြီး သူ့အဖွဲ့ကို အပေါ်ထပ်များဆီသို့ ခေါ်သွားလေသည်။
ဤအဆောက်အဦး၏ အလွှာတိုင်းသည် အိမ်ထောင်စုနှစ်ခုနေထိုင်ခဲ့ကြသည်။ ကျန့်ယွင်၏အဖွဲ့သည် ပထမထပ်မှစ၍ သူတို့၏ရှာဖွေရေးကို စတင်လိုက်ကြ၏။ သူတို့တွင် ကျန့်ကျားဟယ်ရှိသဖြင့် တံခါးသော့သည် အခြေခံအားဖြင့် အသုံးမ၀င်ပါချေ။ သူမဖွင့်နိုင်သည့် တံခါးဟူ၍မရှိ။ အကယ်၍ တစ်ခုရှိပါကလည်း သူနောက်တစ်ကြိမ် ထပ်ကန်လိုက်လိမ့်မည်ပင်။
ပထမအိမ်ထောင်စုတွင် လူသားကော ဖုတ်ကောင်များပါမရှိချေ။ အရာတိုင်းအား မရိုမသေဖြင့် ကြမ်းပေါ်သို့ ပစ်ချထားသော်လည်း အိပ်ခန်းထဲရှိ အိပ်ယာနံဘေးတွင် အားအပြည့်သွင်းထားသော ပြည်တွင်းထုတ် အားအပြည့် touchscreen မိုလ်ဘိုင်းဖုန်းတစ်လုံးကိုရှာတွေ့ခဲ့ကြလေ၏။
“ဟေး၊ ဒါက အကောင်းကြီး ”
ကျန့်ကျားဟယ်သည် အရာ၀တ္ထုအားကောက်ယူလိုက်၏။ သူသည် သူ့အသက်အတွက် ပြေးလွှားခဲ့ရသည့်အချိန်က အလွန်အလျင်စလိုဖြစ်နေခဲ့ပြီး သူ့ဖုန်းအားမည်သည့်နေရာတွင် ပျောက်ခဲ့မှန်း မမှတ်မိတော့ချေ။
“အဲ့ဒါက ဘာအသုံး၀င်တော့မှာလဲ? မင်းဖုန်းခေါ်လို့လဲမရ အွန်လိုင်းတက်လို့လည်းမရ ”
စုန့်ချန်ရှုက ညီးညူလေ၏။
“ငါ ဂိမ်းတွေဆော့လို့ရတယ်လေ။ ဒီမှာ ဂိမ်းတွေရှိမရှိ ကြည့်ရအောင်”
ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းအားဖွင့်လိုက်ပြီး password ခံထားခြင်းမရှိဘဲ menu page သို့ချောချောမွေ့မွေ့၀င်ရောက်သွားလေ၏။
“ဟားဟားဟား ကြည့်စမ်း! ဒီမှာ Plants vs Zombies ဂိမ်းရှိနေတယ်! ”
ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းအားပျော်ရွှင်စွာ မြှောက်ပြလာလေ၏။
“ဒါက ကျွန်တော့်အတွင် ပြင်ဆင်ထားပေးတာ အသေအချာပဲ ! ”
စုန့်ချန်ရှုသည် သူ့အားချန်ထားခဲ့ရန်အလွန် ငြီးငွေ့နေလေပြီ။ သူသည် လှည့်ထွက်လာလိုက်ပြီး မီးဖိုချောင်ထဲသို့၀င်လာလေ၏။ ကျန့်ယွင်သည် ဆန်အိတ်သေးနှစ်အိတ်နှင့် ပြောင်းဆီ စည်နှစ်စည်ကို မီးဖိုခန်းထဲမှ ဆွဲထုတ်လိုက်ပြီး ကြမ်းပေါ်တွင်ခင်းထားသော အခင်းပေါ်သို့ ပစ်တင်လိုက်၏။ ထို့နောက် သူတို့အားကြည့်လိုက်ပြီး မေးလာ၏။
“ကျန့်ကျားဟယ် ဘယ်မှာလဲ? ”
“အိပ်ခန်းထဲမှာ ”
“အာယာ! လောင်တ ကျွန်တော့်ကိုခေါ်သေးလား? ”
ကျန့်ကျားဟယ်သည် မိုလ်ဘိုင်းဖုန်းနှင့် အားသွင်းကြိုးအားသိမ်းလိုက်ပြီး အိပ်ခန်းထဲမှ ပြေးထွက်လာလေ၏။
“အဲ့ဒါတွေအကုန် ယူသွား၊ ငါတို့ နောက်မှ ပိုပြီးရှာကြည့်မယ်။ မင်းအဲ့ဒါတွေ အကုန် သယ်နိုင်ပြီ။”
“အာ....”
ကျန့်ကျားဟယ်သည် ကြမ်းပေါ်တွင် ခင်းထားသောအနီရောင် ပျိုနီပန်းပွင့်ကြီးများ ရိုက်နှိပ်ထားသည့် အိပ်ယာခင်းများကို ကြည့်လိုက်ပြီး အတော်လေး သဘောမကျတော့ပေ။
ကျန့်ယွင် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်နှင့် ကျန့်ကျားဟယ်လည်း အိပ်ယာခင်းနှင့် ပစ္စည်းများကို နာနာခံခံထုပ်ပိုးလိုက်လေတော့၏။
“အချိန်အများကြီးမရှိဘူး၊ လူတိုင်း မြန်မြန်လှုပ်ရှားကြ!”
ဒုတိယအိမ်ထောင်စုတွင်တော့ အိပ်ခန်းထဲတွင် ချုပ်နှောင်ထားသော ဖုတ်ကောင်အိုကြီးတစ်ကောင်ရှိလေ၏။ လူတိုင်းသည် ဖုတ်ကောင်အား သတ်လိုက်ကြပြီးနောက် ခေါက်ဆွဲခြောက်နှစ်ထုပ်သာလျှင် ရှာတွေ့ခဲ့ကြလေ၏။
လီမင်း၏အဖွဲ့ ဦးဆောင်မှုနှင့်အတူ ကျန့်ယွင်တို့အဖွဲ့ အပေါ်ထပ်သို့တက်သွားချိန်တွင် ဖုတ်ကောင်တစ်ကောင်မှ မတွေ့ခဲ့ကြချေ။ သူတို့သည် ခုနစ်လွှာသို့ ချောချောမွေ့မွေ့ ဖြင့် ဆက်တိုက်ရှာဖွေခဲ့ကြလေသည်။
ကျန့်ကျားဟယ်၏ကျောပါ်ရှိ အထုပ်သည် အသေးတစ်ခုမှ အလွန်ကြီးမားသောတစ်ခုအဖြစ်ပြောင်းသွားလေ၏။ ကျန့်ကျားဟယ်သာ မသန်မာပါက သူဖိကြိတ်ခံနေရလောက်ပြီဖြစ်၏။ လေးလွှာမြောက်သည် အရာရှိတစ်ဦး၏မိသားစုနေထိုင်ခဲ့ပုံရကာ မဖြည်ရသေးသောအထုပ်များ၊ လက်ရာမြောက်ဈေးကြီးသောဆေးပေါ့လိပ်များ၊ လက်ဆောင်ရထားသည့်ဝိုင်သေတ္တာများရှိကာ ၎င်းတို့ထဲမှ အများစုသည် စုရွေ့ကျယ်၏ သူ့နေရာလွတ်ထဲသို့ အသိမ်းခံလိုက်ရလေ၏။ အစိတ်အပိုင်းအနည်းငယ်ကိုသာ ကျန့်ကျားဟယ်သယ်ဆောင်လာသောအထုပ်ထဲသို့ ထည့်လိုက်လေ၏။
သူတို့ ရှစ်လွှာသို့ရောက်လာချိန်တွင် ကြမ်းပေါ်တွင် ခေါင်းများအားလုံးရိုက်ခွဲခံထားရပြီး လဲကျနေသော ဖုတ်ကောင်အများအပြားကိုမြင်လိုက်ကြရသည်။ ကြမ်းပေါ်တွင် သွေးအစွန်းအထင်းများ သိသိသာသာပင်ရှိနေလေ၏။ သွေးများသည် လုံး၀ခြောက်သွေ့သွားလေပြီးဖြစ်ကာ စင်္ကြံလမ်းတလျှောက်စီးကျသွားပြီး အခန်း 02 တံခါးဆီသို့တိုင်အောင်ပင်။
အခန်း 02 ၏ သော့သည် ဖျက်ဆီးခံရပြီးဖြစ်သော်လည်း တွန်းဖွင့်၍မရချေ။ လေးလံသောအရာတစ်ခုခုနှင့် ပိတ်ဆို့ထားခြင်းဖြစ်ရမည်။
ကျန့်ယွင်သည် ကျန့်ကျားဟယ်အား ကြည့်လိုက်ပြီး သူသည် ချက်ချင်းပင် တံခါးအား ခြေထောက်ဖြင့် ကန်ဖွင့်လိုက်လေ၏။ စားပွဲတစ်လုံးနှင့် ဆိုဖာတစ်ခုသည် တံခါးနောက်တွင် တွဲထားလေ၏။ တံခါးအားပိတ်ဆို့ထားသည်မှာ ထိုအရာနှစ်ခုပင် ဖြစ်နိုင်လေသည်။
လူအနည်းငယ်သည် အခန်းထဲသို့၀င်လာပြီးနောက် ကြမ်းပေါ်တွင် သတိမေ့လဲကျနေသောလူတစ်ယောက်အားမြင်လိုက်ကြရ၏။ ထိုလူသည် တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေပြီး ဘာအရောင်မှန်းခွဲခြားရပင်ခက်နေသည့် vest နှင့် အနက်ရောင်ဘောင်းဘီတစ်စုံ၊ သွေးစက်များစွန်းထင်းနေသည့် အားကစားဖိနပ်တစ်ရံကို၀တ်ဆင်ထားလေသည်။ သူ့တွင် သွေးပေနေသော ဓားတစ်ချောင်းနှင့် ဘီစကစ်တစ်၀က်သာရှိသော အထုပ်တစ်ထုပ်နှင့် ရေနှစ်ငုံခန့်သာပါသည့် ခြောက်သွေ့နေသော ကျောပိုးအိတ်တစ်လုံးရှိလေ၏။
“လောင်စုန့် သွားပြီး တစ်ချက်ကြည့်ပေး ”
စုန့်ချန်ရှုသည် သူ့အားစစ်ဆေးပေးရန် ချက်ချင်းသွားလိုက်လေ၏။ ထိုလူသည် အသက်ရှိနေဆဲဖြစ်၏။ သူ့တစ်ကိုယ်လုံးတွင် ကုတ်ခြစ်ရာအများအပြားရှိနေသော်လည်း ၎င်းတို့သည် အသက်မသေစေနိုင်ပေ။ ဒဏ်ရာအများစုသည် သွေးမထွက်တော့ချေ။ သူသည် အချိန်အတော်ကြာအောင် လဲနေခြင်းဖြစ်ရမည်။
ထိုလူသည် စစ်သားတစ်ယောက်ကဲ့သို့ ပုံပန်းရှိပြီး ဖြစ်နိုင်သည်မှာ အငြိမ်းစား သို့မဟုတ် တစ်ခုခုဖြစ်ပုံရ၏။ သွေးဆုံးရှုံးမှုနှင့် အဖျားကြောင့် သူ့အသက်ရှုနှုန်းသည် အလွန်ဖျော့တော့နေပြီး သူ့ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ယင်နေလေ၏။ စုန့်ချန်ရှုသည် သူ့မျက်စံများကို နောက်တစ်ကြိမ်စစ်ဆေးလိုက်၏။ ၎င်းတို့သည် ကျယ်ခြင်း ချဲ့ခြင်းမရှိကြသေးချေ။ သို့သော်လည်း မျက်စံများသည် အပြင်းအထန်လှုပ်နေ၍ သူ့ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးအား ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေခြင်းဖြစ်ရမည်။
“ရှောင်ကျယ် မင်းမှာ အသီးဖျော်ရည်တစ်ချို့ရှိသေးလား? ”
စုန့်ချန်ရှုသည် ထိုသူ အသက်ရှင်ရန် ဒဏ်ရာများလွန်းနေမည်ကို စိုးရိမ်နေခဲ့၏။
စုရွေ့ကျယ်သည် ပန်းကန်တစ်လုံး၊ သံပုရာသီးတစ်လုံးနှင့် သခွားသီးတစ်လုံးကိုထုတ်ယူလိုက်ပြီး ကျန့်ကျားဟယ်အား သူ့လက်ဗလာဖြင့်ပင် ရိုးရိုးရှင်းရှင်း အသီးဖျော်ရည် ညစ်ခိုင်းလိုက်လေ၏။
အသီးအရွက်ဖျော်ရည်ကို စောင့်နေချိန်တွင် စုန့်ချန်ရှုသည် စုရွေ့ကျယ်၏ နေရာလွတ်မှ ဆေးသေတ္တာကို ထုတ်လိုက်စေ၏။ ပထမဆုံး သူသည် သူ့ရေစွမ်းအားဖြင့် ဒဏ်ရာများကို သန့်စင်စေပြီး သူ့ခန္ဓာကိုယ်ရှိ သွေးများကို ပွတ်တိုက်ဆေးပေးလိုက်၏။ ထို့နောက် သူ့အားကုသပေးရန် အိုင်အိုဒင်းနှင့် ပိတ်ကျဲစကိုယူထုတ်လိုက်၏။
“ငါတို့နောက်ထပ် ဘာလုပ်သင့်လဲ? ”
သူတို့တွင် အချိန်အကန့်အသတ်ရှိသဖြင့် သူ့ဘာသာသူနိုးလာဖို့စောင့်ရန် ဖြစ်နိုင်ပေ။ ထို့အပြင် အပေါ်ထပ်သို့ သူ့အားခေါ်သွားရန် သဘာ၀မကျချေ။
“အားလျန် သူ့ကို အောက်ကိုသယ်သွားလိုက်။ ဝူကျင်း၊ မင်းက အဖော်ပြုပေးလိုက်။ မင်းတို့ အန္တရာယ်ကင်းဖို့ ဂရုစိုက်။ ”
“ကောင်းပါပြီ လောင်တ ”
ကျန်းရှို့လျန်သည် ထိုလူအား သူ့ကျောပေါ်တွင် သယ်လိုက်၏။ သေနတ်တစ်လက်နှင့်အတူ ဝူကျင်းသည် သူ့နောက်မှ ဂရုတစိုက် လိုက်သွားလေ၏။
သူတို့သည် ရှစ်လွှာသို့ဖြတ်ကျော်သွားပြီးနောက် အောက်ထပ်သို့ဦးဆောင်ဆင်းလာနေသော လီမင်းကို တွေ့လိုက်ကြရ၏။ သူတို့လည်းပဲ အတော်လေးအခြေအနေဆိုးဝါးနေသောအသားအရေ နှင့် အသက်ရှင်ကျန်သူနှစ်ဦးကို ရှာတွေ့ခဲ့ကြ၏။ သူတို့သည် အလွန်ဆာလောင်ပြီး ရေငတ်နေကြသဖြင့် သူတို့၏နှုတ်ခမ်းများသည် ခြောက်သွေ့အက်ကွဲနေကြလေပြီး သူတို့မျက်လုံးများသည် ချောင်ကျနေကြလေ၏။ ၎င်းသည် အလွန်ကိုစိတ်မကောင်းစရာကောင်းပြီး သူတို့ကိုလည်း စစ်သားများ၏ ကျောပေါ်တွင်သယ်ကာအောက်ထပ်သို့ဆင်းလာကြလေ၏။
ထိုစုံတွဲသည် ဆယ့်သုံးလွှာတွင်ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး တံခါး၀အနီးအနားတွင် ဖုတ်ကောင်များလှည့်ပတ်သွားလာနေကြသေးသည်။ နှစ်ယောက်သားသည် အငှားအိမ်တွင် စုပေါင်းနေထိုင်ခဲ့ကြခြင်းဖြစ်ပြီး အခန်းများထဲမှ တစ်ခန်းထဲတွင် ဖုတ်ကောင်တစ်ကောင်ရှိခဲ့လေသည်။ သူတို့သည် မီးဖိုခန်းထဲတွင် ပုန်းအောင်းနေခဲ့ရပြီး မတောင့်ခံနိုင်လုနီးပါပင်။
နှစ်ယောက်သားသည် ရုံး၀န်ထမ်းများဖြစ်ကြကာ ရေဒီယိုတစ်လုံးကို မ၀ယ်ခဲ့ကြပေ။ အကယ်၍ သူတို့အနေဖြင့် ထုတ်လွှင့်မှုတစ်ခုကို နားထောင်လိုပါက သူတို့သည် သူတို့၏မိုဘိုင်းဖုန်းများကိုအသုံးပြုကြလိမ့်မည်ပင်။ သို့သော်လည်း နောက်ဆုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပြီးနောက် မိုဘိုင်းဖုန်းများသည် ဖွင့်မရတော့သည်ဖြစ်ပြီး ထုတ်လွှင့်မှုကိုနားထောင်ရန် နည်းလမ်းမရှိကြတော့ချေ။ သူတို့တွင် စီးပွားရေးအခက်အခဲများကြောင့်ကားတစ်စီးလည်းမရှိကြသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များရောက်လာမည်ကိုလည်း အမှန်တကယ် မသိခဲ့ကြချေ။
“ကောင်းလိုက်တဲ့ ရိတ်သိမ်းမှု ”
လီမင်းသည် ကျန့်ကျားဟယ်၏ကျောပေါ်ရှိ ကြီးမားသောအထုပ်ကြီးအားမြင်သောအခါ သူ့ပါးစပ်တွန့်သွားသလိုပင် ခံစားလိုက်ရ၏။
“ကောင်းတယ်၊ ငါတို့ အသက်ရှင်ကျန်သူတစ်ဦးကိုရှာတွေ့ခဲ့ပြီး သူ့ကိုအောက်ကိုရောက်ဖို့ ကူညီပြီးပြီ ”
ကျန့်ယွင်က အလွန်တည်ငြိမ်နေလေ၏။
“ကောင်းပါပြီ ၊ ဒါဖြင့် ငါတို့ ချက်ချင်း ဘေးကင်းတဲ့ဆီကို ပြောင်းနိုင်ပြီ ”
အဆောက်အဦးထဲတွင် အသက်ရှင်ကျန်သူထပ်မရှိတော့သည်ကို အတည်ပြုပြီးနောက် လီမင်းသည် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်၏။
ငါးမိနစ်ကြာပြီးနောက် ဆယ့်နှစ်ခုမြောက်တပ်ဖွဲ့သည် သူတို့၏စစ်ကားဆီသို့ ပြန်ရောက်လာကြလေ၏။ မည်သူတစ်ဦးတစ်ယောက်ကမှ ဒဏ်ရာရရှိခြင်းမရှိဘဲ အသက်ရှင်ကျန်သူသုံးဦးကို ကယ်ဆယ်ခဲ့ကြလေ၏။
အသက်ရှင်ကျန်သူများကို ကူညီနေရာချပေးပြီးနောက် ပစ္စည်းရိက္ခာများကို ချထားလိုက်ကြကာ ဆယ့်နှစ်ခုမြောက်တပ်ဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်ရန် ကားပေါ်မှ ပြန်ဆင်းခဲ့ကြလေသည်။
🍒🍒
ဘာသာပြန်သူလေးအား ပံ့သကူပစ်လို့ရပါတယ် 😸
09256902862 ( kpay / wave pay )
《 Zawgyi 》
ဤတစ္ႀကိမ္တြင္ က်န႔္ယြင္၏အဖြဲ႕သည္ ကယ္ဆယ္ေရးလုပ္ငန္းတြင္ပါ၀င္သြားမည္ျဖစ္သည္။ သို႔ေသာ္ ၎သည္ စစ္တပ္ႏွင့္ျဖစ္သျဖင့္ စြမ္းအားမရွိေသာသုန္သုန္ႏွင့္ အိမ္ေမြးေၾကာင္ေလးတစ္ေကာင္အား အတူေခၚေဆာင္သြားရန္ မသင့္ေလ်ာ္ေပ။
ေက်ာက္ပင္း၏တပ္ဖြဲ႕၏ အစိတ္အပိုင္းႀကီးတစ္ခုသည္ ဒဏ္ရာရေနၾကသျဖင့္ က်န္း႐ႊီက်ိဳးသည္ သူတို႔အား Aၿမိဳ႕တြင္မဟုတ္ဘဲ ၀န္ေဆာင္မႈနယ္ေျမတြင္သာ ကာကြယ္ေရးတာ၀န္မ်ားလုပ္ေဆာင္ရန္ ခြင့္ျပဳေပးထားခဲ့သည္။
ထို႔ေၾကာင့္ မထြက္ခြာၾကခင္ က်န႔္ယြင္သည္ ေက်ာက္ပင္းအားရွာၿပီး သုန္သုန္ႏွင့္ ေၾကာက္နက္ေလးတို႔အား ႏွစ္ရက္ေလာက္ ေစာင့္ေရွာက္ေပးေစခဲ့သည္။ သူသည္ သူတို႔ႏွစ္ေယာက္အတြက္ အစားအစာအိတ္ႏွစ္လုံးကိုလည္း ထားေပးခဲ့သည္။
သူ႕အစ္ကိုႀကီးမ်ား ထြက္ခြာသြားမည္ကို သိ၍ျဖစ္နိုင္သည္။ သုန္သုန္သည္ စူပုပ္ေနကာ လက္ဆန႔္ၿပီး စုေ႐ြ႕က်ယ္၏ အကၤ်ီစအားဆုပ္ကိုင္ထားေလ၏။ ႀကီးမားၿပီး နက္ေမွာင္ေနေသာ သူ႕မ်က္လုံးေလးမ်ားသည္ ငိုခ်င္ေနသကဲ့သို႔ပင္။
စုေ႐ြ႕က်ယ္၏ ႏွလုံးသား ေပ်ာ့ေျပာင္းသြားေလ၏။ သူသည္ လက္ဆန႔္ကာ သုန္သုန္၏ဆံပင္ေလးအား ပြတ္သပ္လိုက္ေလ၏။ သူသည္ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ၿပီး ႏူးညံ့စြာေျပာလာေလသည္။
“လိမၼာေနာ္၊ အစ္ကိုႀကီးတို႔က မၾကာခင္မွာ ျပန္လာခဲ့မယ္။ နားလည္ရဲ႕လား?”
သုန္သုန္သည္ နာခံစြာေခါင္းညိတ္လိုက္ၿပီး တြန့္ဆုတ္စြာျဖင့္ သြားခြင့္ျပဳလိုက္ေလ၏။
စစ္ယာဥ္တန္းသည္ အလ်င္အျမန္ပင္စတင္ထြက္ခြာလာၾကေလ၏။ ဤတစ္ႀကိမ္တြင္ စစ္ကားႀကီး အစီးႏွစ္ဆယ္ႏွင့္ လက္နက္အျပည့္အစုံတပ္ဆင္ထားေသာစစ္သားအေယာက္ရွစ္ရာသည္ ကယ္ဆယ္ေရးအတြက္ Aၿမိဳ႕ဆီသို႔ လိုက္ပါလာၾကေလသည္။ မနက္ခင္းက က်န႔္ယြင္၊ စုေ႐ြ႕က်ယ္ႏွင့္ က်န္း႐ႊီက်ိဳးတို႔ စကားစျမည္ေျပာဆိုၿပီးေနာက္ သူတို႔သည္ အသီးအ႐ြက္မ်ား၊ အသီးအႏွံမ်ားႏွင့္ အပင္အေစ့မ်ား စုေဆာင္းရန္တာ၀န္တစ္ခုကို ထပ္ေပါင္းထည့္ရန္ ဆုံးျဖတ္ခဲ့ၾကေလသည္။
က်န႔္ယြင္ႏွင့္ စုေ႐ြ႕က်ယ္တို႔အဖြဲ႕သည္လည္း စစ္တပ္မွ ေထာက္ပံ့ေပးထားေသာ စက္ေသနတ္မ်ားတပ္ဆင္ထားသည့္ စစ္ကားတစ္စီးကိုယူေဆာင္လာခဲ့ၿပီး သူတို႔ကိုယ္မ်ားတြင္ ခဲယမ္းမ်ားကိုသယ္ေဆာင္လာခဲ့ၾကသည္။ က်န႔္ယြင္မွ လြဲ၍ အဖြဲ႕ထဲရွိ က်န္သည့္ လူအမ်ားစုသည္ ေသနတ္တစ္လက္အားကိုင္ေဆာင္ဖူးျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ေလသည္။ ၎သည္ အေတာ္ေလးထူးဆန္းေသာ ခံစားခ်က္ပင္။
က်န႔္က်ားဟယ္တစ္ေယာက္သာလွ်င္ ပတြတ္ပတြတ္ႏွင့္ အထြန႔္တက္လာခဲ့ေလ၏။
“ကြၽန္ေတာ္က ဘယ္လိုပစ္ရမယ္ေတာင္သိတာမဟုတ္ဘူး။ ေလးလံလြန္လို႔ သံတုတ္ေခ်ာင္းတစ္ခုေပးလာတာက ကြၽန္ေတာ့္အတြက္ ပိုေကာင္းလိမ့္အုံးမယ္....”
က်န္းရွို႔လ်န္သည္ ဘာတစ္ခုမွ ေျပာမလာေသာ္လည္း သူ႕အမူအရာမွ သူလည္းပဲ က်န႔္က်ားဟယ္၏စကားကို အမွန္တကယ္ ေထာက္ခံေနေလသည္။
ဝူက်င္းသည္ စိတ္အေျခမေကာင္းျဖစ္ေနၿပီး သူမ၏ေဘးနားရွိလူအား ဆြဲလိုက္ၿပီး က်န႔္က်ားဟယ္အား စူးစူးရဲရဲစိုက္ၾကည့္ကာ
“လူတိုင္းက သူတို႔မႀကိဳက္တာကို ထိန္းထားနိုင္ေသးတယ္။ နင္တစ္ေယာက္ပဲ မထိန္းနိုင္တာ”
စိတ္လႈပ္ရွားမႈမ်ားေသဆုံးသြားေလေသာ အိုတာကုေလးသည္ အမ်ိဳးသမီးတစ္ဦးႏွင့္ ျငင္းခုန္ရန္ အခြင့္အေရးမရွိသျဖင့္ ေဒါသတႀကီးႏႈတ္ပိတ္လိုက္ရေလေတာ့သည္။
စစ္ယာဥ္တန္းသည္ ၿမိဳ႕ထဲသို႔ေျဖးညွင္းစြာ၀င္လာသည္ႏွင့္ ဆူညံသံသည္ ဖုတ္ေကာင္မ်ားစြာကိုဆြဲေဆာင္လိုက္မိေသာ္လည္း ဘီးမ်ားျဖင့္ မညွာမတာ အႀကိတ္ခံလိုက္ရေလသည္။ ေသနတ္သံမ်ားျဖင့္ ေပါက္ကြဲသံမ်ား ဆက္တိုက္ဆိုသလိုထြက္ေပၚလာၿပီး ၿမိဳ႕ထဲရွိ အသက္ရွင္က်န္သူမ်ားအား စစ္တပ္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ေၾကညာေပးေနေလ၏။
အစိုးရသည္ ကယ္ဆယ္ေရးသတင္းအား ေရဒီယိုမွ ထပ္ခါ ထပ္ခါ ထုတ္လႊင့္ေပးထားခဲ့ေလသည္။ ၿမိဳ႕ထဲရွိလူမ်ားသည္ သူတို႔ထံ၌ ေရဒီယိုတစ္လုံးရွိပါက သတင္းအားရရွိၿပီးျဖစ္ရမည္။
သို႔ေသာ္လည္း စစ္ယာဥ္တန္း ၿမိဳ႕ထဲသို႔၀င္လာသည့္အခ်ိန္တြင္ ေနရာတိုင္းတြင္ စြန႔္ပစ္ထားေသာယာဥ္မ်ား ရႈပ္ပြေနေလ၏။ ေနသည္ အေလာင္းေကာင္မ်ားအား ပုပ္ပြ ေျခာက္ေသြ႕သြားေစၿပီး သူတို႔ဦးတည္ေနရာသို႔ ေလွ်ာက္သြားေနၿပီး အသံနိမ့္ေဟာက္ေနၾကေသာ ဖုတ္ေကာင္မ်ားကိုသာ ခ်န္ထားရစ္ခဲ့ေလသည္။
“ဘာေတြျဖစ္ေနတာလဲ ?”
အေျခအေနသည္ အလြန္ထူးဆန္းေနၿပီး စစ္သားမ်ားကိုပင္ အံ့ဩသြားေစ၏။
Sၿမိဳ႕ သို႔ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးအတြက္ ၀င္ေရာက္ခဲ့သည့္ အခ်ိန္က လူေနထိုင္ရာအေဆာက္အအုံမ်ားရွိ မေရတြက္နိုင္ေသာျပတင္းေပါက္မ်ားတြင္ အနီေရာင္အ၀တ္၊ လိုက္ကာမ်ား၊ ပုဝါမ်ားႏွင့္ အတြင္းခံမ်ားကို ပင္ခ်ိတ္ဆြဲထားၾကေလသည္။ အကယ္၍ အနီေရာင္ျဖစ္ေနပါက ခ်ိတ္ဆြဲထားမည္ျဖစ္သည္။ အမွန္တကယ္ကို တစ္ခုမွ် မရွိပါက အေရာင္ေတာက္ပေသာအ၀တ္စမ်ားကို ခ်ိတ္ဆြဲထားၾကမည္ျဖစ္ၿပီး စစ္သားမ်ားသည္ ရွာေဖြစစ္ေဆးရန္ သြားၾကလိမ့္မည္ျဖစ္သည္။
သို႔ေသာ္လည္း ဤေနရာတြင္ ၿမိဳ႕တစ္ခုလုံးသည္ တစ္ေဆၿမိဳ႕တစ္ခုကဲ့သို႔ပင္ အသက္ကင္းမဲ့ေနေလ၏။
လူေတြ ဘယ္ကို သြားကုန္ၾကတာလဲ? ဤေလာက္ႀကီးမားေသာၿမိဳ႕ႀကီးတစ္ၿမိဳ႕တြင္ အသက္ရွင္က်န္သူတကယ္ကိုတစ္ေယာက္မွ မရွိဘူးလား? ဒါမွမဟုတ္ သူတို႔ ေရဒီယိုသတင္းကို မၾကားခဲ့ၾကရလို႔လား?
“အဖြဲ႕ 1 ကေန 10 ထိက ကာကြယ္ေပးဖို႔တာ၀န္ရွိတယ္၊ တျခားအဖြဲ႕ေတြက အနီအနားနယ္ေျမမွာ ရွာေဖြၿပီး ကယ္ဆယ္! အဖြဲ႕အားလုံး အသက္ရွိသူ ေထာက္လွမ္းေရးကိရိယာကိုဖြင့္လိုက္ၾက! ”
အင္တာကြန္မွ ၫႊန္ၾကားခ်က္မ်ားထြက္ေပၚလာေလ၏။
စစ္တပ္တြင္ ကမၻာ့အေကာင္းဆုံးရွာေဖြေရးႏွင့္ကယ္ဆယ္ေရး ကိရိယာျဖစ္သည့္ DLK သက္ရွိေထာက္လွမ္းေရးကရိယာကို တပ္ဆင္ထားေလသည္။ ၎သည္ လူ႕ႏွလုံးခုန္သံမွ ထြက္ေပၚလာသည္ အလြန႔္နိမ့္ေသာႀကိမ္ႏႈန္းလွိုင္းမ်ားမွ ထုတ္ေပးသည့္ လွ်ပ္စစ္စက္ကြင္းကို အာ႐ုံခံၿပီး အသက္ရွင္ေနသည့္ လူတစ္ဦး၏တည္ေနရာကိုေတြ႕ရွိခဲ့ေလသည္။
လူ႕ခႏၶာကိုယ္မွ ထြက္ေပၚေနသည့္ အလြန္နိမ့္ေသာလွ်ပ္စစ္လွိုင္းသည္ ကြန္ကရစ္နံရံမ်ား၊ စတီးျပားမ်ား၊ သစ္သားျပားမ်ား၊ ေရ ႏွင့္ တျခား သတၱဳပစၥည္းမ်ားကို ေဖာက္ၿပီး ၀င္ေရာက္နိုင္ေလသည္။ လူမ်ားအသက္ရွင္ေနသ၍ သူတို႔သတိရွိေနသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ သက္ရွိေထာက္လွမ္းေရးကိရိယာမွ အခ်ိန္အနည္းဆုံးမွာပင္ ရွာေတြ႕နိုင္ေလသည္။
၎သည္ ေသးငယ္ၿပီး တစ္ကီလိုခန႔္သာအေလးခ်ိန္ရွိကာ အလြယ္တကူသယ္ေဆာင္နိုင္ေလသည္။ အဖြဲ႕တစ္ဖြဲ႕တြင္ တစ္ခုစီရွိေသာ္လည္း ၎၏အကြာအေဝးမွာ မီတာ ငါးရာျဖစ္ေလသည္။ ႀကီးမားေသာပမာဏအတိုင္းအတာရွာေဖြကယ္ဆယ္ေရးကို လုပ္ေဆာင္ရန္ သဘာ၀မက်သျဖင့္ အဖြဲ႕မ်ားကို ျဖန႔္က်က္ကာ ရွာေဖြဖို႔သာ ခြင့္ျပဳနိုင္ေလသည္။
ပထဆုံး အဖြဲ႕ဆယ္ဖြဲ႕သည္ တျခားအဖြဲ႕ဆယ္ဖြဲ႕က ရွာေဖြ ကယ္ဆယ္ေရးအတြက္ အေဆာက္အဦးမ်ားထဲသို႔ဝင္ေနစဥ္၌ စစ္ကားမ်ားကို အသုံးျပဳကာ ဆြဲေဆာင္ခံထားရေသာဖုတ္ေကာင္မ်ားကို ရွင္းလင္းရန္ အဓိကလမမႀကီးေပၚတြင္ ခုခံကာကြယ္ေရးခံတပ္မ်ား တည္ေဆာက္ၾကသည္။
က်န႔္ယြင္၏အဖြဲ႕သည္ ဆယ့္ႏွစ္စီးေျမာက္စစ္ကားထဲတြင္ျဖစ္ကာ ဆယ္ႏွစ္ဖြဲ႕ေျမာက္ တပ္ဖြဲ႕ပင္ျဖစ္ေလ၏။ တပ္ဖြဲ႕ေခါင္းေဆာင္ လီမင္းသည္ သူ၏အထက္အရာရွိထံမွ ၫႊန္ၾကားခ်က္ကိုရရွိခဲ့၍ျဖစ္နိုင္သည္။ သူသည္ က်န႔္ယြင္၏အဖြဲ႕ကိုၾကည့္လာၿပီး သူတို႔အားကားေပၚမွ ဆင္းရန္ မ်က္လုံးျဖင့္ အခ်က္ေပးလာ၏။ က်န႔္ယြင္သည္ ေခါင္းညိတ္ျပလိုက္ၿပီး ခိုင္လုံေသာတုန႔္ျပန္မႈတစ္ခုေပးလိုက္၏။
သို႔ေသာ္လည္း ေဘးကင္း လုံၿခဳံေရးအတြက္ လီမင္းသည္ က်န႔္ယြင္၏အဖြဲ႕အားအေနာက္တြင္ ကာကြယ္ရန္ ခြင့္ျပဳထားၿပီး သူ႕တပ္ဖြဲ႕၀င္မ်ားႏွင့္အတူ အေရွ႕သို႔ ခ်ီတက္သြားေလ၏။
သက္ရွိေထာက္လွမ္းေရး ကိရိယာသည္ ဆယ့္ငါးထပ္လူေနအေဆာက္အဦးမွ တုန႔္ျပန္မႈရွိေနခဲ့၏။ လီမင္းသည္ ခ်က္ခ်င္းပင္ ရွာေဖြကယ္ဆယ္ဖို႔ အမိန႔္တစ္ခုေပးလိုက္၏။ အေဆာက္အဦးထဲသို႔ ၀င္သြားလိုက္သည္ႏွင့္ အပုပ္နံ႕တစ္ခုက လာရိုက္ခတ္ေလ၏။ စၾကၤံသည္ အနီေရာင္ အနက္ေရာင္ေသြးမ်ားလႊမ္းေနၿပီး ေျခလက္အက်ိဳးအပဲ့မ်ား ေနရာတိုင္းတြင္ ျပန႔္က်ဲေနေလ၏။
ဓာတ္ေလွကားသည္ ထပ္မံအသုံးျပဳ၍မရနိုင္ေတာ့သျဖင့္ သူတို႔သည္ ေလွကားမ်ားမွသာ တက္ၾကရလိမ့္မည္ျဖစ္၏။
လီမင္းသည္ ႐ုတ္တရက္ က်န႔္ယြင္ဘက္သို႔လွည့္၍ေျပာလာေလ၏။
“မင္းက အရမ္းစြမ္းအားႀကီးတယ္ဆိုတာ ငါသိတယ္။ ဒါေၾကာင့္ ခြဲသြားၾကစို႔။ ငါတို႔က အေပၚကေန ရွာေဖြေရး စမယ္၊ ၿပီးေတာ့ မင္းတို႔က ေအာက္ေျခကေနစ။ တပ္ရင္းမႉးက မင္းတို႔ရွာလို႔ရသမွ်ပစၥည္းအားလုံး မင္းတို႔ပိုင္တယ္လို႔ေျပာလိုက္တယ္။ ”
“နားလည္ၿပီ၊ ျပႆနာမရွိဘူး ”
က်န႔္ယြင္ ေခါင္းညိတ္ျပလိုက္၏။ က်န္း႐ႊီက်ိဳးသည္ သူတို႔၏အေရးကိစြမ်ားကို စိတ္ထဲတြင္ မွတ္ယူထားပုံရၿပီး အနာဂါတ္တြင္ အသက္ရွင္က်န္သူအေျခစိုက္စခန္းသို႔ ၀င္ေရာက္ရန္ အေလွ်ာ့အတင္းျပဳလုပ္နိုင္ဖို႔ ပစၥည္းအခ်ိဳ႕ကို သူတို႔ လိုအပ္၍ျဖစ္သည္။
“အႏၱရာယ္ကင္းဖို႔ အာ႐ုံစိုက္ထားၾကပါ။ ”
လီမင္းသည္ သတိေပးၿပီး သူ႕အဖြဲ႕ကို အေပၚထပ္မ်ားဆီသို႔ ေခၚသြားေလသည္။
ဤအေဆာက္အဦး၏ အလႊာတိုင္းသည္ အိမ္ေထာင္စုႏွစ္ခုေနထိုင္ခဲ့ၾကသည္။ က်န႔္ယြင္၏အဖြဲ႕သည္ ပထမထပ္မွစ၍ သူတို႔၏ရွာေဖြေရးကို စတင္လိုက္ၾက၏။ သူတို႔တြင္ က်န႔္က်ားဟယ္ရွိသျဖင့္ တံခါးေသာ့သည္ အေျခခံအားျဖင့္ အသုံးမ၀င္ပါေခ်။ သူမဖြင့္နိုင္သည့္ တံခါးဟူ၍မရွိ။ အကယ္၍ တစ္ခုရွိပါကလည္း သူေနာက္တစ္ႀကိမ္ ထပ္ကန္လိုက္လိမ့္မည္ပင္။
ပထမအိမ္ေထာင္စုတြင္ လူသားေကာ ဖုတ္ေကာင္မ်ားပါမရွိေခ်။ အရာတိုင္းအား မရိုမေသျဖင့္ ၾကမ္းေပၚသို႔ ပစ္ခ်ထားေသာ္လည္း အိပ္ခန္းထဲရွိ အိပ္ယာနံေဘးတြင္ အားအျပည့္သြင္းထားေသာ ျပည္တြင္းထုတ္ အားအျပည့္ touchscreen မိုလ္ဘိုင္းဖုန္းတစ္လုံးကိုရွာေတြ႕ခဲ့ၾကေလ၏။
“ေဟး၊ ဒါက အေကာင္းႀကီး ”
က်န႔္က်ားဟယ္သည္ အရာ၀တၳဳအားေကာက္ယူလိုက္၏။ သူသည္ သူ႕အသက္အတြက္ ေျပးလႊားခဲ့ရသည့္အခ်ိန္က အလြန္အလ်င္စလိုျဖစ္ေနခဲ့ၿပီး သူ႕ဖုန္းအားမည္သည့္ေနရာတြင္ ေပ်ာက္ခဲ့မွန္း မမွတ္မိေတာ့ေခ်။
“အဲ့ဒါက ဘာအသုံး၀င္ေတာ့မွာလဲ? မင္းဖုန္းေခၚလို႔လဲမရ အြန္လိုင္းတက္လို႔လည္းမရ ”
စုန႔္ခ်န္ရႈက ညီးၫူေလ၏။
“ငါ ဂိမ္းေတြေဆာ့လို႔ရတယ္ေလ။ ဒီမွာ ဂိမ္းေတြရွိမရွိ ၾကည့္ရေအာင္”
က်န႔္က်ားဟယ္သည္ မိုလ္ဘိုင္းဖုန္းအားဖြင့္လိုက္ၿပီး password ခံထားျခင္းမရွိဘဲ menu page သို႔ေခ်ာေခ်ာေမြ႕ေမြ႕၀င္ေရာက္သြားေလ၏။
“ဟားဟားဟား ၾကည့္စမ္း! ဒီမွာ Plants vs Zombies ဂိမ္းရွိေနတယ္! ”
က်န႔္က်ားဟယ္သည္ မိုလ္ဘိုင္းဖုန္းအားေပ်ာ္႐ႊင္စြာ ျမႇောက္ျပလာေလ၏။
“ဒါက ကြၽန္ေတာ့္အတြင္ ျပင္ဆင္ထားေပးတာ အေသအခ်ာပဲ ! ”
စုန႔္ခ်န္ရႈသည္ သူ႕အားခ်န္ထားခဲ့ရန္အလြန္ ၿငီးေငြ႕ေနေလၿပီ။ သူသည္ လွည့္ထြက္လာလိုက္ၿပီး မီးဖိုေခ်ာင္ထဲသို႔၀င္လာေလ၏။ က်န႔္ယြင္သည္ ဆန္အိတ္ေသးႏွစ္အိတ္ႏွင့္ ေျပာင္းဆီ စည္ႏွစ္စည္ကို မီးဖိုခန္းထဲမွ ဆြဲထုတ္လိုက္ၿပီး ၾကမ္းေပၚတြင္ခင္းထားေသာ အခင္းေပၚသို႔ ပစ္တင္လိုက္၏။ ထို႔ေနာက္ သူတို႔အားၾကည့္လိုက္ၿပီး ေမးလာ၏။
“က်န႔္က်ားဟယ္ ဘယ္မွာလဲ? ”
“အိပ္ခန္းထဲမွာ ”
“အာယာ! ေလာင္တ ကြၽန္ေတာ့္ကိုေခၚေသးလား? ”
က်န႔္က်ားဟယ္သည္ မိုလ္ဘိုင္းဖုန္းႏွင့္ အားသြင္းႀကိဳးအားသိမ္းလိုက္ၿပီး အိပ္ခန္းထဲမွ ေျပးထြက္လာေလ၏။
“အဲ့ဒါေတြအကုန္ ယူသြား၊ ငါတို႔ ေနာက္မွ ပိုၿပီးရွာၾကည့္မယ္။ မင္းအဲ့ဒါေတြ အကုန္ သယ္နိုင္ၿပီ။”
“အာ....”
က်န႔္က်ားဟယ္သည္ ၾကမ္းေပၚတြင္ ခင္းထားေသာအနီေရာင္ ပ်ိဳနီပန္းပြင့္ႀကီးမ်ား ရိုက္ႏွိပ္ထားသည့္ အိပ္ယာခင္းမ်ားကို ၾကည့္လိုက္ၿပီး အေတာ္ေလး သေဘာမက်ေတာ့ေပ။
က်န႔္ယြင္ တျဖည္းျဖည္း မ်က္ေမွာင္ၾကဳတ္လာသည္ႏွင့္ က်န႔္က်ားဟယ္လည္း အိပ္ယာခင္းႏွင့္ ပစၥည္းမ်ားကို နာနာခံခံထုပ္ပိုးလိုက္ေလေတာ့၏။
“အခ်ိန္အမ်ားႀကီးမရွိဘူး၊ လူတိုင္း ျမန္ျမန္လႈပ္ရွားၾက!”
ဒုတိယအိမ္ေထာင္စုတြင္ေတာ့ အိပ္ခန္းထဲတြင္ ခ်ဳပ္ႏွောင္ထားေသာ ဖုတ္ေကာင္အိုႀကီးတစ္ေကာင္ရွိေလ၏။ လူတိုင္းသည္ ဖုတ္ေကာင္အား သတ္လိုက္ၾကၿပီးေနာက္ ေခါက္ဆြဲေျခာက္ႏွစ္ထုပ္သာလွ်င္ ရွာေတြ႕ခဲ့ၾကေလ၏။
လီမင္း၏အဖြဲ႕ ဦးေဆာင္မႈႏွင့္အတူ က်န႔္ယြင္တို႔အဖြဲ႕ အေပၚထပ္သို႔တက္သြားခ်ိန္တြင္ ဖုတ္ေကာင္တစ္ေကာင္မွ မေတြ႕ခဲ့ၾကေခ်။ သူတို႔သည္ ခုနစ္လႊာသို႔ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖင့္ ဆက္တိုက္ရွာေဖြခဲ့ၾကေလသည္။
က်န႔္က်ားဟယ္၏ေက်ာပၚရွိ အထုပ္သည္ အေသးတစ္ခုမွ အလြန္ႀကီးမားေသာတစ္ခုအျဖစ္ေျပာင္းသြားေလ၏။ က်န႔္က်ားဟယ္သာ မသန္မာပါက သူဖိႀကိတ္ခံေနရေလာက္ၿပီျဖစ္၏။ ေလးလႊာေျမာက္သည္ အရာရွိတစ္ဦး၏မိသားစုေနထိုင္ခဲ့ပုံရကာ မျဖည္ရေသးေသာအထုပ္မ်ား၊ လက္ရာေျမာက္ေဈးႀကီးေသာေဆးေပါ့လိပ္မ်ား၊ လက္ေဆာင္ရထားသည့္ဝိုင္ေသတၱာမ်ားရွိကာ ၎တို႔ထဲမွ အမ်ားစုသည္ စုေ႐ြ႕က်ယ္၏ သူ႕ေနရာလြတ္ထဲသို႔ အသိမ္းခံလိုက္ရေလ၏။ အစိတ္အပိုင္းအနည္းငယ္ကိုသာ က်န႔္က်ားဟယ္သယ္ေဆာင္လာေသာအထုပ္ထဲသို႔ ထည့္လိုက္ေလ၏။
သူတို႔ ရွစ္လႊာသို႔ေရာက္လာခ်ိန္တြင္ ၾကမ္းေပၚတြင္ ေခါင္းမ်ားအားလုံးရိုက္ခြဲခံထားရၿပီး လဲက်ေနေသာ ဖုတ္ေကာင္အမ်ားအျပားကိုျမင္လိုက္ၾကရသည္။ ၾကမ္းေပၚတြင္ ေသြးအစြန္းအထင္းမ်ား သိသိသာသာပင္ရွိေနေလ၏။ ေသြးမ်ားသည္ လုံး၀ေျခာက္ေသြ႕သြားေလၿပီးျဖစ္ကာ စၾကၤံလမ္းတေလွ်ာက္စီးက်သြားၿပီး အခန္း 02 တံခါးဆီသို႔တိုင္ေအာင္ပင္။
အခန္း 02 ၏ ေသာ့သည္ ဖ်က္ဆီးခံရၿပီးျဖစ္ေသာ္လည္း တြန္းဖြင့္၍မရေခ်။ ေလးလံေသာအရာတစ္ခုခုႏွင့္ ပိတ္ဆို႔ထားျခင္းျဖစ္ရမည္။
က်န႔္ယြင္သည္ က်န႔္က်ားဟယ္အား ၾကည့္လိုက္ၿပီး သူသည္ ခ်က္ခ်င္းပင္ တံခါးအား ေျခေထာက္ျဖင့္ ကန္ဖြင့္လိုက္ေလ၏။ စားပြဲတစ္လုံးႏွင့္ ဆိုဖာတစ္ခုသည္ တံခါးေနာက္တြင္ တြဲထားေလ၏။ တံခါးအားပိတ္ဆို႔ထားသည္မွာ ထိုအရာႏွစ္ခုပင္ ျဖစ္နိုင္ေလသည္။
လူအနည္းငယ္သည္ အခန္းထဲသို႔၀င္လာၿပီးေနာက္ ၾကမ္းေပၚတြင္ သတိေမ့လဲက်ေနေသာလူတစ္ေယာက္အားျမင္လိုက္ၾကရ၏။ ထိုလူသည္ တစ္ကိုယ္လုံးေသြးမ်ားဖုံးလႊမ္းေနၿပီး ဘာအေရာင္မွန္းခြဲျခားရပင္ခက္ေနသည့္ vest ႏွင့္ အနက္ေရာင္ေဘာင္းဘီတစ္စုံ၊ ေသြးစက္မ်ားစြန္းထင္းေနသည့္ အားကစားဖိနပ္တစ္ရံကို၀တ္ဆင္ထားေလသည္။ သူ႕တြင္ ေသြးေပေနေသာ ဓားတစ္ေခ်ာင္းႏွင့္ ဘီစကစ္တစ္၀က္သာရွိေသာ အထုပ္တစ္ထုပ္ႏွင့္ ေရႏွစ္ငုံခန့္သာပါသည့္ ေျခာက္ေသြ႕ေနေသာ ေက်ာပိုးအိတ္တစ္လုံးရွိေလ၏။
“ေလာင္စုန႔္ သြားၿပီး တစ္ခ်က္ၾကည့္ေပး ”
စုန႔္ခ်န္ရႈသည္ သူ႕အားစစ္ေဆးေပးရန္ ခ်က္ခ်င္းသြားလိုက္ေလ၏။ ထိုလူသည္ အသက္ရွိေနဆဲျဖစ္၏။ သူ႕တစ္ကိုယ္လုံးတြင္ ကုတ္ျခစ္ရာအမ်ားအျပားရွိေနေသာ္လည္း ၎တို႔သည္ အသက္မေသေစနိုင္ေပ။ ဒဏ္ရာအမ်ားစုသည္ ေသြးမထြက္ေတာ့ေခ်။ သူသည္ အခ်ိန္အေတာ္ၾကာေအာင္ လဲေနျခင္းျဖစ္ရမည္။
ထိုလူသည္ စစ္သားတစ္ေယာက္ကဲ့သို႔ ပုံပန္းရွိၿပီး ျဖစ္နိုင္သည္မွာ အၿငိမ္းစား သို႔မဟုတ္ တစ္ခုခုျဖစ္ပုံရ၏။ ေသြးဆုံးရႈံးမႈႏွင့္ အဖ်ားေၾကာင့္ သူ႕အသက္ရႈႏႈန္းသည္ အလြန္ေဖ်ာ့ေတာ့ေနၿပီး သူ႕ခႏၶာကိုယ္သည္ အဆက္မျပတ္တုန္ယင္ေနေလ၏။ စုန႔္ခ်န္ရႈသည္ သူ႕မ်က္စံမ်ားကို ေနာက္တစ္ႀကိမ္စစ္ေဆးလိုက္၏။ ၎တို႔သည္ က်ယ္ျခင္း ခ်ဲ့ျခင္းမရွိၾကေသးေခ်။ သို႔ေသာ္လည္း မ်က္စံမ်ားသည္ အျပင္းအထန္လႈပ္ေန၍ သူ႕ခႏၶာကိုယ္ထဲရွိ ေရာဂါပိုးအား ျပင္းျပင္းထန္ထန္ ခုခံတိုက္ခိုက္ေနျခင္းျဖစ္ရမည္။
“ေရွာင္က်ယ္ မင္းမွာ အသီးေဖ်ာ္ရည္တစ္ခ်ိဳ႕ရွိေသးလား? ”
စုန႔္ခ်န္ရႈသည္ ထိုသူ အသက္ရွင္ရန္ ဒဏ္ရာမ်ားလြန္းေနမည္ကို စိုးရိမ္ေနခဲ့၏။
စုေ႐ြ႕က်ယ္သည္ ပန္းကန္တစ္လုံး၊ သံပုရာသီးတစ္လုံးႏွင့္ သခြားသီးတစ္လုံးကိုထုတ္ယူလိုက္ၿပီး က်န႔္က်ားဟယ္အား သူ႕လက္ဗလာျဖင့္ပင္ ရိုးရိုးရွင္းရွင္း အသီးေဖ်ာ္ရည္ ညစ္ခိုင္းလိုက္ေလ၏။
အသီးအ႐ြက္ေဖ်ာ္ရည္ကို ေစာင့္ေနခ်ိန္တြင္ စုန႔္ခ်န္ရႈသည္ စုေ႐ြ႕က်ယ္၏ ေနရာလြတ္မွ ေဆးေသတၱာကို ထုတ္လိုက္ေစ၏။ ပထမဆုံး သူသည္ သူ႕ေရစြမ္းအားျဖင့္ ဒဏ္ရာမ်ားကို သန႔္စင္ေစၿပီး သူ႕ခႏၶာကိုယ္ရွိ ေသြးမ်ားကို ပြတ္တိုက္ေဆးေပးလိုက္၏။ ထို႔ေနာက္ သူ႕အားကုသေပးရန္ အိုင္အိုဒင္းႏွင့္ ပိတ္က်ဲစကိုယူထုတ္လိုက္၏။
“ငါတို႔ေနာက္ထပ္ ဘာလုပ္သင့္လဲ? ”
သူတို႔တြင္ အခ်ိန္အကန႔္အသတ္ရွိသျဖင့္ သူ႕ဘာသာသူနိုးလာဖို႔ေစာင့္ရန္ ျဖစ္နိုင္ေပ။ ထို႔အျပင္ အေပၚထပ္သို႔ သူ႕အားေခၚသြားရန္ သဘာ၀မက်ေခ်။
“အားလ်န္ သူ႕ကို ေအာက္ကိုသယ္သြားလိုက္။ ဝူက်င္း၊ မင္းက အေဖာ္ျပဳေပးလိုက္။ မင္းတို႔ အႏၱရာယ္ကင္းဖို႔ ဂ႐ုစိုက္။ ”
“ေကာင္းပါၿပီ ေလာင္တ ”
က်န္းရွို႔လ်န္သည္ ထိုလူအား သူ႕ေက်ာေပၚတြင္ သယ္လိုက္၏။ ေသနတ္တစ္လက္ႏွင့္အတူ ဝူက်င္းသည္ သူ႕ေနာက္မွ ဂ႐ုတစိုက္ လိုက္သြားေလ၏။
သူတို႔သည္ ရွစ္လႊာသို႔ျဖတ္ေက်ာ္သြားၿပီးေနာက္ ေအာက္ထပ္သို႔ဦးေဆာင္ဆင္းလာေနေသာ လီမင္းကို ေတြ႕လိုက္ၾကရ၏။ သူတို႔လည္းပဲ အေတာ္ေလးအေျခအေနဆိုးဝါးေနေသာအသားအေရ ႏွင့္ အသက္ရွင္က်န္သူႏွစ္ဦးကို ရွာေတြ႕ခဲ့ၾက၏။ သူတို႔သည္ အလြန္ဆာေလာင္ၿပီး ေရငတ္ေနၾကသျဖင့္ သူတို႔၏ႏႈတ္ခမ္းမ်ားသည္ ေျခာက္ေသြ႕အက္ကြဲေနၾကေလၿပီး သူတို႔မ်က္လုံးမ်ားသည္ ေခ်ာင္က်ေနၾကေလ၏။ ၎သည္ အလြန္ကိုစိတ္မေကာင္းစရာေကာင္းၿပီး သူတို႔ကိုလည္း စစ္သားမ်ား၏ ေက်ာေပၚတြင္သယ္ကာေအာက္ထပ္သို႔ဆင္းလာၾကေလ၏။
ထိုစုံတြဲသည္ ဆယ့္သုံးလႊာတြင္ပိတ္မိေနခဲ့ျခင္းျဖစ္ၿပီး တံခါး၀အနီးအနားတြင္ ဖုတ္ေကာင္မ်ားလွည့္ပတ္သြားလာေနၾကေသးသည္။ ႏွစ္ေယာက္သားသည္ အငွားအိမ္တြင္ စုေပါင္းေနထိုင္ခဲ့ၾကျခင္းျဖစ္ၿပီး အခန္းမ်ားထဲမွ တစ္ခန္းထဲတြင္ ဖုတ္ေကာင္တစ္ေကာင္ရွိခဲ့ေလသည္။ သူတို႔သည္ မီးဖိုခန္းထဲတြင္ ပုန္းေအာင္းေနခဲ့ရၿပီး မေတာင့္ခံနိုင္လုနီးပါပင္။
ႏွစ္ေယာက္သားသည္ ႐ုံး၀န္ထမ္းမ်ားျဖစ္ၾကကာ ေရဒီယိုတစ္လုံးကို မ၀ယ္ခဲ့ၾကေပ။ အကယ္၍ သူတို႔အေနျဖင့္ ထုတ္လႊင့္မႈတစ္ခုကို နားေထာင္လိုပါက သူတို႔သည္ သူတို႔၏မိုဘိုင္းဖုန္းမ်ားကိုအသုံးျပဳၾကလိမ့္မည္ပင္။ သို႔ေသာ္လည္း ေနာက္ဆုံး လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားၿပီးေနာက္ မိုဘိုင္းဖုန္းမ်ားသည္ ဖြင့္မရေတာ့သည္ျဖစ္ၿပီး ထုတ္လႊင့္မႈကိုနားေထာင္ရန္ နည္းလမ္းမရွိၾကေတာ့ေခ်။ သူတို႔တြင္ စီးပြားေရးအခက္အခဲမ်ားေၾကာင့္ကားတစ္စီးလည္းမရွိၾကသည္ျဖစ္ရာ ကယ္ဆယ္ေရးအဖြဲ႕မ်ားေရာက္လာမည္ကိုလည္း အမွန္တကယ္ မသိခဲ့ၾကေခ်။
“ေကာင္းလိုက္တဲ့ ရိတ္သိမ္းမႈ ”
လီမင္းသည္ က်န႔္က်ားဟယ္၏ေက်ာေပၚရွိ ႀကီးမားေသာအထုပ္ႀကီးအားျမင္ေသာအခါ သူ႕ပါးစပ္တြန႔္သြားသလိုပင္ ခံစားလိုက္ရ၏။
“ေကာင္းတယ္၊ ငါတို႔ အသက္ရွင္က်န္သူတစ္ဦးကိုရွာေတြ႕ခဲ့ၿပီး သူ႕ကိုေအာက္ကိုေရာက္ဖို႔ ကူညီၿပီးၿပီ ”
က်န႔္ယြင္က အလြန္တည္ၿငိမ္ေနေလ၏။
“ေကာင္းပါၿပီ ၊ ဒါျဖင့္ ငါတို႔ ခ်က္ခ်င္း ေဘးကင္းတဲ့ဆီကို ေျပာင္းနိုင္ၿပီ ”
အေဆာက္အဦးထဲတြင္ အသက္ရွင္က်န္သူထပ္မရွိေတာ့သည္ကို အတည္ျပဳၿပီးေနာက္ လီမင္းသည္ ေဘးကင္းရာသို႔ေျပာင္းေ႐ႊ႕ရန္ အမိန႔္ေပးလိုက္၏။
ငါးမိနစ္ၾကာၿပီးေနာက္ ဆယ့္ႏွစ္ခုေျမာက္တပ္ဖြဲ႕သည္ သူတို႔၏စစ္ကားဆီသို႔ ျပန္ေရာက္လာၾကေလ၏။ မည္သူတစ္ဦးတစ္ေယာက္ကမွ ဒဏ္ရာရရွိျခင္းမရွိဘဲ အသက္ရွင္က်န္သူသုံးဦးကို ကယ္ဆယ္ခဲ့ၾကေလ၏။
အသက္ရွင္က်န္သူမ်ားကို ကူညီေနရာခ်ေပးၿပီးေနာက္ ပစၥည္းရိကၡာမ်ားကို ခ်ထားလိုက္ၾကကာ ဆယ့္ႏွစ္ခုေျမာက္တပ္ဖြဲ႕သည္ ရွာေဖြကယ္ဆယ္ေရးကို ဆက္လက္လုပ္ေဆာင္ရန္ ကားေပၚမွ ျပန္ဆင္းခဲ့ၾကေလသည္။
🍒🍒
ဘာသာျပန္သူေလးအား ပံ့သကူပစ္လို႔ရပါတယ္ 😸
09256902862 ( kpay / wave pay )