My Cherry Will Explode in the Apocalypse
Chapter 71《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
ကလေးမလေးသည် ငယ်ရွယ်သော်လည်း ၀မ်ချန်းအခြေစိုက်စခန်းနှင့် အလွန်ရင်းနှီးကျွမ်း၀င်သူဖြစ်လေ၏။ သူတို့သည် သူမအား နေထိုင်စရာနေရာရှာချင်သည်ဟု ပြောလိုက်သောကြောင့် သူမသည် သူတို့အား ဟိုတယ်တစ်ခုဆီသို့ ချက်ချင်းခေါ်သွားလေသည်။ ဤဟိုတယ်သည် ကမ္ဘာ့အဆုံးသတ်ချိန်မတိုင်ခင်က လူနေအဆောက်အအုံတစ်ခုဖြစ်ခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခြေအနေများသည် အလွန်ကောင်းမွန်နေခြင်းမဟုတ်သော်လည်း သူတို့နေထိုင်နိုင်ကြသေးသည်။ ပစ္စည်းများပေးချေနေသရွေ့ ထိုနေရာတွင် နေထိုင်နိုင်လေသည်။
သူတို့သည် လူဦးရေ 100 ထက်နည်းပြီး အခန်း 20 ကျော်ကို တောင်းဆိုခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင်သည် ကျန့်ယွင်၏စွမ်းအားရှင် အဆောင်အယောင်ကိုမြင်ပြီးနောက် လျှော့စျေးပေးရန် အဆိုပြုခဲ့သည်။ သို့သော်လည်း သူတို့သည် တစ်ပတ်စာလျှင် အစားအစာ 80ဂျင်းကျော်ကို ပေးဆောင်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။ ယခင်ကအတိုင်းပင်
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေရာထိုင်ခင်းအတွက် ပေးချေရန် အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် အဖွဲ့သည် ၀မ်ချန်းတွင်အခြေချနေထိုင်ခဲ့ကြသည်။
သဘောတူညီချက်အတိုင်း ကလေးမလေးအား ဘီစကွတ်ထုပ် တစ်ဝက်ပေးသင့်သော်လည်း စုရွေ့ကျယ်သည် ကြင်နာစွာဖြင့် သူမကို တစ်ထုပ်လုံး ပေးလိုက်လေသည်။ ကလေးမလေးသည် ဘီစကစ်ကို သူမ၏လက်များကြားထဲတွင် ဂရုတစိုက်ဖုံးကွယ်ထားလေ၏။ သူမလေးသည် ချိုမြိန်စွာ ကျေးဇူးတင်စကားဆိုပြီးနောက် ဆန်ခိုးသွားသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားခဲ့လေသည်။
နောက်တစ်ဆင့်သည် မြေဆီလွှာမဲ့စိုက်ပျိုးရေးနည်းပညာကို လေ့လာဆွေးနွေးဖို့ရန် ၀မ်ချန်းအခြေစိုက်စခန်းတာဝန်ခံကို ရှာတွေ့ဖို့ရန်ဖြစ်သည်။ သို့သော်လည်း နေရာနှင့် ရင်းနှီးကျွမ်း၀င်ခြင်းမရှိကြသောအခါ လူရှာရန်သူတို့အတွက်ခက်ခဲလေသည်။ ကွမ်းဟုန်သည် ၀မ်ချန်းမြို့စောင့်တပ်ကိုရှာရန် လူတော်တော်များများကို ခေါ်ဆောင်သွာစခဲ့လေသည်။
ချန်းချီသည် ဘာမှလုပ်စရာမရှိသဖြင့် စုရွေ့ကျယ်ဆီမှ အနီရောင်ရွှမ်းရှီးဗူးတစ်ဗူးကိုယူလိုက်ပြီး သူဌေးနှင့်စကားပြောရန် အောက်ထပ်သို့ဆင်းသွားလေသည်။ ၀မ်ချန်းအခြေစိုက်စခန်းတွင် ဤကဲ့သို့အဆောက်အဦးတစ်ခုကို သီးသန့်ပိုင်ဆိုင်နိုင်သည့် ဟိုတယ်ပိုင်ရှင်သာဖြစ်မည်ဆိုလျှင် သူ့တွင် အဆက်အသွယ်အချို့ရှိရမည်ဖြစ်သည်။ သူ့ထံမှ ၀မ်ချန်းအခြေစိုက်စခန်း၏ အခြေအနေကို ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်နိုင်ရမည်ဖြစ်သည်။
အသေအချာပင် ချန်းချီကိုင်ထားသော စီးကရက်ဗူးကိုမြင်လိုက်သောအခါ တည်းခိုခန်းပိုင်ရှင်၏ မျက်လုံးများ တောက်ပသွားလေသည်။ ဝါးပြွန်ထဲမှ ပဲစေ့များကို လောင်းချလိုက်သကဲ့သို့ ၀မ်ချန်းအခြေစိုက်စခန်း၏ အခြေအနေအကြောင်းများကို ချန်းချီအားပြောပြလေ၏။
၀မ်ချန်းအခြေစိုက်စခန်းကို အင်အားစုအများအပြားက ပူးပေါင်းချုပ်ကိုင်ထားပြီး သြဇာအရှိဆုံးမှာ ၀မ်မိသားစုဖြစ်လေ၏။ ၀မ် မိသားစုသည် ၀မ်ချန်းတွင် ကျော်ကြားပြီး ချမ်းသာသော စီးပွားရေးမိသားစုတစ်ခုဖြစ်လေ၏။ သူတို့သည် ကုန်တိုက်များစွာကိုဖွင့်လှစ်ထားခဲ့ပြီး ပစ္စည်းဂိုဒေါင်နှစ်ခုစာထက်ပိုသည့် အင်အားရှိလေ၏။ ကမ္ဘာပျက်ကပ်ထဲတွင်တော့ သူတို့သည် အလွန်ချမ်းသာလာခဲ့ကြသည်။ ထို့အပြင် ၀မ် မိသားစု၏ တစ်ဦးတည်းသောသားသည် မိုးကြိုးစွမ်းအား နိုးထလာခဲ့သဖြင့် သူတို့သည် မိုးကြိုးစွမ်းအားရှင်အဖွဲ့ကို တည်ထောင်ခဲ့ပြီး အခြေခံအားဖြင့် အခြေစိုက်စခန်းတွင် အလျားလိုက်သွားလာနိုင်ကြလေသည်။
ဒုတိယနေရာမှာတော့ ဟုန်မိသားစုဖြစ်လေ၏။ ကမ္ဘာ့အဆုံးသတ်မတိုင်ခင်က ဟုန်မိသားစုသည် လူဆိုးဂိုဏ်းမိသားစုတစ်ခုဖြစ်ပြီး မြေအောက်အင်အားစု အများအပြားရှိခဲ့လေသည်။ အခုအချိန်မှာတော့ ကမ္ဘာကြီး၏အဆုံးသတ်ရောက်ရှိလာခဲ့ပြီး ဆန့်ကျင်ဘက်တွင် သူတို့သည် ပေါ်ပေါ်ထင်ထင်ဖြစ်လာခဲ့ကြကာ ဟုန်မိသားစုထဲတွင် စွမ်းအားရှင်အများအပြားရှိလာခဲ့လေသည်။
တတိယနေရာသည် လုမိသားစုဖြစ်၏။ လု မိသားစု၏ မျိုးဆက်ဟောင်းမှာ စစ်တပ်မှဖြစ်ပြီး နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် အလွန်ရိုးဖြောင့်ကြပြီး လုမိသားစု၏တစ်ဖက်တွင် စစ်မှုထမ်းဟောင်းများစွာလည်း ရှိခဲ့လေသည်။
သို့သော်လည်း စတုထ္ထမြောက်အင်အား နယ်မြေခံ မြို့စောင့်တပ်သည် ကမ္ဘာပျက်ကပ်အစောပိုင်းတွင် မျာစစွာဆုံးရှုံးခဲ့ကြသောကြောင့် အသေးငယ်ဆုံးအုပ်စုဖြစ်လာခဲ့လေသည်။ မည်သို့သော အန္တရာယ်များသည့် အခြေအနေမျိုးတွင်မဆို ၀မ်မိသားစုနှင့် ဟုန်မိသားစုတို့သည် မြို့စောင့်တပ်ကို အမြဲအလျင်စလို ရှေ့မှလွှတ်ထားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လုမိသားစုသည် သူတို့အား အမြဲကူညီခဲ့လေ၏။ မဟုတ်ပါက ယခုအချိန် ၀မ်ချန်းအခြေစိုက်စခန်းတွင် မြို့စောင့်တပ် ရှိမရှိဆိုသည်ကို ပြောဖို့ရန်ခက်ပေလိမ့်မည်။
တပ်ဖွဲ့လေးခုသည် ၀မ်ချန်းအခြေစိုက်စခန်းကို ပူးပေါင်းစီမံခန့်ခွဲကြသည့်အတွက် အခြေစိုက်စခန်း၏စနစ်သည် ပို၍ရှုပ်ထွေးနေခဲ့လေ၏။ သို့သော်လည်း ၀မ် မိသားစုနှင့် ဟုန် မိသားစုတို့သည် ထိုအကြောင်းကြောင့် ပေါ်လွင်ထင်ရှားလာခဲ့ကြခြင်းမဟုတ်ဘဲ သူတို့သည်အရူးများမဟုတ်ကြချေ။ သူတို့တွင် တောင်ပေါ်တွင်ထိုင်နေကြသောအမှန်တရားကိုသိကြပြီး ထိုအကြောင်းနှင့်ပတ်သတ်၍ ဘာမှလုပ်နိုင်သည့်အရာမရှိချေ။ ထို့ကြောင့်ပင် သူတို့သည် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို အလွန်ပံ့ပိုးပေးခဲ့ကြလေသည်။ ၀မ်ချန်းသည် စိုက်ပျိုးရေးမြို့တစ်မြို့လည်းဖြစ်လေသည်။
ကမ္ဘာမပျက်မီ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာဖြင့် အထူးပြုလေ့လာခဲ့သည့် စိုက်ပျိုးရေးဓာတ်ခွဲခန်းတစ်ခုရှိခဲ့လေပြီး ၎င်းသည် အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲလာခဲ့ပြီးနောက် စမ်းသပ်လေ့လာသူများသေဆုံးခြင်းဖြစ်စေခဲ့ပြီး ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသော်လည်း လက်တွေ့စမ်းသပ်မှုအချက်အလက်များမှာ ရှိနေဆဲဖြစ်လေသည်။
တပ်ဖွဲ့လေးခုသည် ဓာတ်ခွဲခန်းကို ပြန်လည်တည်ဆောက်ကာ ဇီဝဗေဒနှင့်သိပ္ပံသုတေသနဆိုင်ရာ အရည်အချင်းရှိသူများကို စုဆောင်းခဲ့ကြပြီး မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ပြန်လည်အကောင်ထည်ဖော်ကြလေသည်။ တကယ်တမ်းတွင် ၎င်းသည် အသစ်တီထွင်ထားသော နည်းပညာတစ်ခုမဟုတ်ခဲ့ချေ။ ၀မ်ချန်း အခြေစိုက်စခန်းသည် ကံကောင်းခဲ့ပြီး ကြီးမားသောအကျိုးကျေးဇူးများစွာရရှိခဲ့သည် ဟုသာပြောနိုင်လေသည်။
တည်းခိုခန်းပိုင်ရှင်သည် သူတို့နှင့်အတူပါလာသော စစ်သားများအားလုံးသည် စစ်ယူနီဖောင်းများ ၀တ်ထားကြသည်ကို မြင်တွေ့ခဲ့သည်။ သူတို့သည် မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် ၀မ်ချန်းအခြေစိုက်စခန်းသို့ ရောက်လာကြခြင်းဖြစ်သည်ကို သူသိလေသည်။ မကြာသေးမီက လူများစွာသည် အခြားအခြေစိုက်စခန်းများမှ ရောက်လာခဲ့ကြလေ၏။ ဤနည်းပညာကို လေ့လာရန်အတွက် လူအများအပြားသည် ရှုကျိုးနှင့် မြောက်ပိုင်းမှ ရောက်လာခဲ့ကြလေသည်။
“ဒါပေမယ့် မင်းတို့ ဘာမှမရှိဘဲလေ့လာချင်ရင် မင်းတို့လုပ်နိုင်မှာမဟုတ်ဘူး။ ၀မ်မိသားစုနဲ့ ဟုန်မိသားစုက မင်းတို့ရဲ့အရေပြားတွေကို အလွှာလိုက်ခွာပစ်လိမ့်မယ်”
တည်းခိုခန်းပိုင်ရှင်သည် ပြောပြီး ခေါင်းယမ်းပြပြီး ဆေးလိပ်သောက်နေလေသည်။
တည်းခိုခန်းပိုင်ရှင်၏စကားကို နားထောင်ပြီးနောက် ချန်းချီသည် ဝမ်ချန်းအခြေစိုက်စခန်းတွင် အင်အားကြီးလေးခုရှိကြောင်း နားလည်လာခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် ၎င်းသည် သုံးပွင့်ဆိုင်ထိပ်တိုက်ရင်ဆိုင်မှု၏ အခြေအနေဖြစ်လေသည်။ လုမိသားစု၏အကူအညီကြောင့်သာမဟုတ်ပါက နယ်မြေခံ မြို့စောင့်တပ်သည် ရည်မှန်းချက်ကြီးသော ၀မ် မိသားစုနှင့် ဟုန် မိသားစုတို့၏ ဝါးမျိုမှုကိုခံလိုက်ရပြီးဖြစ်ပေလိမ့်မည်။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ပြန်လည်ရယူပြီးနောက် သူတို့သည် ချက်ချင်းပင် နိုင်ငံတစ်ဝှမ်းရှိ အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းများသို့ ဖိတ်စာတစ်စောင် ပေးပို့ခဲ့လေသည်။ တကယ်တမ်းမှာ သူတို့သည် အကျိုးအမြတ်ရဖို့ အခွင့်အရေးကို လိုချင်ခဲ့ကြသည်!
ချန်းချီသည် တည်းခိုခန်းပိုင်ရှင်နှင့် နောက် ခဏလောက် စကားစမြည်ပြောပြီးနောက် ကွမ်းဟုန်သည် ညိုးငယ်နေသောမျက်နှာနှင့်ပြန်လာသည်ကို မြင်လိုက်ရလေသည်။ မမေးဘဲနှင့်တောင် ချန်းချီသည် ကိစ္စများအခြေအနေကောင်းမွန်ခြင်းမရှိကြောင်းသိလိုက်လေသည်။
အသေအချာပင်၊ ကွမ်းဟုန်ပြန်ရောက်လာခဲ့ပြီးနောက် သူသည် အားလုံးကိုစုရုံးပြီး သတင်းကောင်းနှင့် သတင်းဆိုးကို ပြောပြခဲ့လေသည်။ သတင်းကောင်းသည် ဝမ်ချန်းအခြေစိုက်စခန်း၏ မြို့စောင့်တပ်နှင့် အဆက်အသွယ်ရခဲ့ပြီး တစ်ဖက်မှ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာနိုင်ကြောင်း အတည်ပြုခဲ့သည်။
သို့သော် ထို့နောက်တွင် သတင်းဆိုးရောက်လာခဲ့လေသည်။ မြို့စောင့်တပ်ပြောသည်မှာ ဓာတ်ခွဲခန်းသည် ယခုအချိန်တွင် ၀မ် မိသားစုနဲ့ ဟုန် မိသားစု၏ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။ စျေးတချို့ပေးဆောင်ခြင်းမရှိဘဲ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို သင်ယူဖို့ရန် မဖြစ်နိုင်ချေ။
ကုန်ကျစရိတ်ဟုခေါ်သည့် အရာမှာ ကမ္ဘာပျက်ကပ်တွင် အလွန်ရှားပါးသည့် အစားအသောက်၊ လက်နက်များ၊ ဆေးဝါးများ၊ ဓာတ်ဆီ နှင့် တခြားပစ္စည်းများဖြစ်လေသည်။
၀မ်ချန်းအခြေစိုက်စခန်း၏ ဖိတ်ခေါ်ချက်တွင် မည်သည့်ပစ္စည်းများကိုမျှ ဖော်ပြထားခြင်းမရှိေချ။ သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်း၏ အထက်အရာရှိများသည် ဘာမှမရှိဘဲ အခြားသူများထံမှ ဘာမှသင်ယူနိုင်ခြင်းမရှိဟု ယူဆထားခဲ့ပြီး သူတို့တီထွင်ထားခဲ့သော ကျည်ဆန်အသစ်နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည် သတင်းများကို မျှဝေရန် စီစဉ်ထားခဲ့ကာ ဤတခေါက်တွင် ပစ္စည်းများ အများကြီးကို ယူမလာခဲ့ကြချေ။
ဒါပေမယ့် သူတို့တွေ ဒီလိုအကြံအစည်တစ်ခု ဖြစ်ဖို့ မမျှော်လင့်ခဲ့ချေ....
နည်းပညာကို အချည်းနှီးသင်ယူဖို့ မစီစဉ်ထားခဲ့ကြသော်လည်း တက်ကြွသည့်ဖလှယ်မှု၏ ခံစားချက်သည် အတင်းအကြပ် ပေးဆောင်စေခြင်းနှင့် လုံးဝမတူချေ။ ကွမ်းဟုန်သည် ထိုလူများကို ကျည်ဆံအသစ်များနှင့် သစ်သီးဟင်းရွက်ဖျော်ရည်များအကြောင်း ပြောပြဖို့ရန် ချီတုံချတုံ တုန့်ဆိုင်းနေခဲ့သည်။
ထို ဖုတ်ကောင်များကို အထူးပျက်စီးစေနိုင်သည့် ကျည်ဆန်အသစ်များ နှင့် နိုးထနိုင်ခြေကို မြှင့်တင်ပေးနိုင်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များကို ရရှိသောအခါတွင် ထိုလူများသည် ပိုပို၍ မရိုးမသား ဖြစ်လာကြလိမ့်မည်ဟု ယူဆနိုင်လေသည်။
“ဒါဆို အဲ့ဒါကို ရိက္ခာတွေနဲ့ အစားထိုးလိုက်”
ကျန့်ယွင်သည် ရုတ်တရက် ပြောလိုက်၏။
“ကျည်ဆန်အသစ် နဲ့ သစ်သီး ဟင်းရွက်ဖျော်ရည် အကြောင်း သူတို့ကို မပြောနဲ့။ ဒီက နယ်မြေခံမြို့စောင့်တပ်ကိုပဲ ပြောလိုက်ပါ ”
ကျည်ဆန်အသစ်များ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၏အကူအညီဖြင့် ဒေသခံမြို့စောင့်တပ်များသည် ၎င်း၏ကိုယ်ပိုင်အာဏာကို တဖြည်းဖြည်း စုစည်းလာနိုင်မည်ဖြစ်သည်။
“ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရိက္ခာ အလုံအလောက်မရှိဘူး..."
ဒါဆို ကျွန်တော်တို့ အပြင်ထွက်ပြီး စုဆောင်းမယ်။ ပြီးရင် ကျွန်တော်တို့ အဲ့ဒါကို ဂရုစိုက်လိုက်မယ်
“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်”
ကွမ်းဟုန် ပြောလိုက်၏။
မိုးမသောက်ခင် တစ်နာရီကျော်ကျော်သာရှိသေး၏။ ပစ္စည်းများလိုက်စုဆောင်းဖို့ သွားရန် နောက်ကျနေပြီဖြစ်၏။ ထို့ကြောင့် အားလုံးသည် အနားယူဖို့ရန် သူတို့၏အခန်းများဆီသို့ ပြန်သွားကြလေ၏။
သို့သော်လည်း ချန်းချီနှင့် ချန်းကျောင်း တို့သည် ၀မ်ချန်းအခြေစိုက်စခန်းတွင် ဈေးဝယ်ထွက်ရန် စီစဉ်ထားလေသည်။ ၀မ်ချန်းအခြေစိုက်စခန်းသည် ဖရိုဖရဲဖြစ်နေပြီး သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းထက် ပိုမိုအသက်ဝင်လေသည်။
ကျန့်ယွင်သည် ထိုအကြောင်းကိုစဉ်းစားပြီး စုရွေ့ကျယ်ကိုလည်း အတူတူဆင်းရန် ခေါ်သွားလေသည်။ မည်သို့ပင်ဖြစ်စေ သူလည်း ဘာမှလုပ်စရာမရှိချေ။ လှည့်ပတ်ပြီး ၀မ်ချန်းအခြေစိုက်စခန်း၏ အထူးအခြေအနေများကို ကြည့်သည်က ပိုကောင်းပါသည်။
တည်းခိုခန်းပိုင်ရှင်သည် ချန်းချီ အောက်ထပ်သို့ ဆင်းလာသည်ကိုတွေ့သောအခါ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လာလေ၏။ လမ်းလျှောက်ထွက်ကြမည့်အကြောင်းကို သူလိုက်ကြားသောအခါ သူသည် အနီရောင် ပလတ်စတစ်ဒေါ်လာတစ်လိပ်ကို ထုတ်ယူလိုက်လေ၏။
“လူငယ်လေး ဒီမှာ ငါတို့ပိုက်ဆံတွေ။ မင်းပစ္စည်းတွေ လဲလှယ်ဖို့ စီမံခန့်ခွဲရေးရုံးကိုသွားနိုင်တယ်။ ဒီယွမ်ရဲ့ ဝယ်ယူမှုစွမ်းအားက ပေါင်မုန့်ပေါင်းတစ်ခုရနိုင်လောက်တယ်။ အခြေစိုက်စခန်းထဲမှာ ဒါကိုသုံးတာက ပိုအဆင်ပြေတယ်။ အရင်ကမင်းပေးခဲ့တဲ့ စီးကရက်တွေလိုမျိုး မင်းမှာ ရှိသေးရင် တစ်ဗူးကို ဆယ်ယွမ်နဲ့ လဲနိုင်တယ်။ ”
ဤယွမ်ဒင်္ဂါးမျိုးသည် အမှန်တကယ်တွင် ကမ္ဘာမပျက်မီက မာဂျောင်းကစားသောအခါတွင် လူများအသုံးပြုခဲ့သော ချစ်ပ်များဖြစ်လေသည်။ ယခုအချိန်တွင် ၎င်းကို အပေါ်တွင် ဟုန်မိသားစု၏ လိုဂိုဖြင့်ရေးထိုးထားပြီး ဟုန်မိသားစုသည်ယာယီငွေကြေးအဖြစ်အသုံးပြုခဲ့လေ၏။ ဟုန်မိသားစုသည် မြေအောက်လောကမှဖြစ်ကာ သူတို့၏လက်အောက်တွင် မာဂျောင်းခန်းမျအများအပြားရှိခဲ့လသည်။ အခြေစိုက်စခန်းကို တည်ထောင်ပြီးနောက် အသုံးပြုမှု အဆင်ပြေစေရန်အတွက် သူတို့သည် ဤကဲ့သို့သောယွမ်ဒင်္ဂါးကို ထုတ်ယူခဲ့လေသည်။
၀မ် မိသားစု နှင့် လု မိသားစုတို့သည် ထိုကဲ့သို့လုပ်ချင်ခဲ့ကြသည်။ ကံမကောင်းစွာနှင့် သူတို့သည် သင့်တော်သည့် အစားထိုးစရာကို ရှာမတွေ့ခဲ့ကြချေ။ နောက်ပိုင်းမှာတော့ သူတို့သည် ရိုးရိုးရှင်းရှင်းပင် ဟုန်မိသားစုမှယွမ်အဖြစ် ပြောင်းသွားခဲ့လေသည်။
“ကျေးဇူးတင်ပါတယ် သူဌေး”
စီမံခန့်ခွဲရေးရုံး၏တည်နေရာကို မေးမြန်းပြီးနောက် သူတို့သည် ပိုင်ရှင်ကို ကျေးဇူးတင်စကားဆိုကာ ထွက်သွားကြလေသည်။
တောင်ပိုင်းအခြေစိုက်စခန်း နှင့် ယှဉ်လျှင် ၀မ်ချန်း အခြေစိုက်စခန်းသည် ပိုညစ်ပတ်၏။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်တံခါးရှေ့ရှိ နှင်းများကိုလှဲကျင်းကြသည်။ တခြားအများပြည်သူဆိုင်ရာနေရာများကိုမူ မည်သူကမှ ဂရုမစိုက်ကြချေ။
သူတို့သည် မကြာခင်မှာပင် လူများရည်ရွယ်ချက်မရှိဘဲ အလွန်ပေါ့ပေါ့ပါးပါးဖြင့် ထိုင်နေ ရပ်နေကြသည့် ၀မ်ချန်း၏စီမံခန့်ခွဲရေးရုံးသို့ ရောက်လာကြလေသည်။ သို့သော် ကျန့်ယွင်၏ရင်ဘတ်ရှိ စွမ်းအားရှင်အထောက်အထားကို မြင်ပြီးနောက်မှာတော့ သူတို့၏သဘောထားသည် ပိုကောင်းလာပြီး မကြာခင်မှာပင် သူတို့အတွက် ယွမ်ဒင်္ဂါးများလဲလှယ်ပေးခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင် ပြောလိုက်သလိုပင် စီးကရက်တစ်ဗူးကို ဆယ်ယွမ်နှင့် လဲလှယ်နိုင်ပြီး သူတို့သည် စီးကရက်နှစ်ဗူးကို ယွမ်နှစ်ဆယ်နှင့် လဲလှယ်ခဲ့ကြလေသည်။
သူတို့သည် ၀မ်ချန်းအခြေစိုက်စခန်းတွင် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ၀မ်ချန်းအခြေစိုက်စခန်း၏တက်ကြွသောနေရာများသည် အလွန်သက်ဝင်လှုပ်ရှားကြပြီး၊ အေးသောနေရာများသည် အလွန်အေးနေပြီး နှစ်ဖက်အကြား ကွာခြားချက်သည် အလွန်ကြီးမားသည်ကို ရှာတွေ့ခဲ့ကြလေသည်။
လူစည်ကားသောနေရာသည် မီးရောင်များနှင့် ဝိုင်များဖြင့် ပြည့်နေလေသည်။ သွားလာလည်ပတ်နေသူများသည် တောက်ပပျော်ရွှင်နေပုံရလေ၏။ အပြုံးများသည် ကမ္ဘာ့အဆုံးသတ်မတိုင်မီကလိုပင် နူးညံ့သိမ်မွေ့နေကြလေသည်။ ချမ်းအေးသော ဧရိယာသည် မဲမှောင်ပြီး၊ ပျက်စီးယိုယွင်းနေသော အုတ်အိမ်များဖြင့် ပရိဘောဂမရှိ၊ ညစ်ပတ်ပေရေနေသောလူများသည် ကြမ်းပြင်ပေါ်တွင် ပွေ့ပိုက်နေကြရသည်။
ထိုလူများ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ရင်း စုရွေ့ကျယ်သည် သူ့ယခင်ဘဝက သူ့ကိုယ်သူ တွေးမိလေသည်။ တစ်ချိန်က သူသည် ဤကဲ့သို့ အေးခဲပြီး မာကျောသော ကြမ်းပြင်ပေါ်တွင် ခွေနေခဲ့ရပြီး ရက်တစ်ရက်ကို တစ်နှစ်ကဲ့သို့ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့ရလေသည်။
လမ်းဘေးတလျှောက်တွင် ဈေးဆိုင်များ လာဖွင့်ကြသူများ အများကြီးရှိသော်လည်း သူတို့လိုအပ်သည့်အရာဘာမှမရှိချေ။
“အာ၊ မင်းက စွမ်းအားရှင်တစ်ယောက်လား? ၀င် လာပြီး ထိုင်ပါအုံး”
ရုတ်တရက် အတော်လေးနည်းနည်းသာ ၀တ်စားထားသော အမျိုးသမီး အချို့သည် ဘယ်ကရောက်လာမှန်းမသိခဲ့ကြချေ။ သူတို့သည် ဘေးဘက်ရှိ အဆောက်အဦး တစ်ခုဆီသို့ လှမ်းဆွဲခေါ်သွားခြင်းခံလိုက်ကြသည်။
“မဟုတ်ဘူး”
ကျန့်ယွင်သည် အမျိုးသမီး၏လက်ကို ဝှေ့ယမ်းကာ မျက်ခုံးကိုတွန်လိုက်ပြီး အော်လိုက်၏။
အမျိုးသမီးများသည် ချက်ချင်းပင် တစ်ဖက်သို့ ဆုတ်သွားကာ နောက်ထပ်အမှားများ ထပ်မလုပ်ရဲကြတော့ချေ။
ယခုအချိန် ဤဒေသတွင် ထိုသို့သောလူများ အများအပြားရှိနေသည်ကို တွေ့ခဲ့ရသည်။ သူတို့သည် ပါးလွှာပြီး ဖော်ပြသောအဝတ်အစားများကို ၀တ်ဆင်ကာ လမ်းပေါ်တွင်လျှောက်သွားနေသူများကို လက်ဝှေ့ယမ်းကာခေါ်နေကြလေသည်။ သူတို့သည် သိသာစွာပင် ပြောမပြနိုင်သော အလုပ်အကိုင်အချို့တွင် ပါဝင်ပတ်သက်နေကြလေသည်.....
ဤအခြေစိုက်စခန်းထဲတွင် သာမန်လူများ၏ဘဝသည် ခက်ခဲလွန်းပါချေ၏…
ရလဒ်တစ်ခုအနေဖြင့် သူတို့လှည့်ပတ်ကြည့်လိုက်ပြီး ၀ယ်ချင်တာဘာမှ မရှိကြချေ။ ထိုအဖွဲ့သည် သူတို့လက်ထဲရှိ ယွမ် 20 နှင့် ဟိုတယ်သို့ ပြန်သွားခဲ့ကြလေသည်။
🍒🍒
Zawgyi
ကေလးမေလးသည္ ငယ္႐ြယ္ေသာ္လည္း ၀မ္ခ်န္းအေျခစိုက္စခန္းႏွင့္ အလြန္ရင္းႏွီးကြၽမ္း၀င္သူျဖစ္ေလ၏။ သူတို႔သည္ သူမအား ေနထိုင္စရာေနရာရွာခ်င္သည္ဟု ေျပာလိုက္ေသာေၾကာင့္ သူမသည္ သူတို႔အား ဟိုတယ္တစ္ခုဆီသို႔ ခ်က္ခ်င္းေခၚသြားေလသည္။ ဤဟိုတယ္သည္ ကမၻာ့အဆုံးသတ္ခ်ိန္မတိုင္ခင္က လူေနအေဆာက္အအုံတစ္ခုျဖစ္ခဲ့ၿပီး ပုဂၢလိကပိုင္အျဖစ္ ျပန္လည္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ အေျခအေနမ်ားသည္ အလြန္ေကာင္းမြန္ေနျခင္းမဟုတ္ေသာ္လည္း သူတို႔ေနထိုင္နိုင္ၾကေသးသည္။ ပစၥည္းမ်ားေပးေခ်ေနသေ႐ြ႕ ထိုေနရာတြင္ ေနထိုင္နိုင္ေလသည္။
သူတို႔သည္ လူဦးေရ 100 ထက္နည္းၿပီး အခန္း 20 ေက်ာ္ကို ေတာင္းဆိုခဲ့ၾကသည္။ တည္းခိုခန္းပိုင္ရွင္သည္ က်န႔္ယြင္၏စြမ္းအားရွင္ အေဆာင္အေယာင္ကိုျမင္ၿပီးေနာက္ ေလွ်ာ့ေစ်းေပးရန္ အဆိုျပဳခဲ့သည္။ သို႔ေသာ္လည္း သူတို႔သည္ တစ္ပတ္စာလွ်င္ အစားအစာ 80ဂ်င္းေက်ာ္ကို ေပးေဆာင္ရန္ လိုအပ္ေနဆဲပင္ျဖစ္သည္။ ယခင္ကအတိုင္းပင္
ဟင္းသီးဟင္း႐ြက္ႏွင့္ သစ္သီးဝလံမ်ားကို ေနရာထိုင္ခင္းအတြက္ ေပးေခ်ရန္ အသုံးျပဳခဲ့ၾကၿပီး ေနာက္ဆုံးတြင္ အဖြဲ႕သည္ ၀မ္ခ်န္းတြင္အေျခခ်ေနထိုင္ခဲ့ၾကသည္။
သေဘာတူညီခ်က္အတိုင္း ကေလးမေလးအား ဘီစကြတ္ထုပ္ တစ္ဝက္ေပးသင့္ေသာ္လည္း စုေ႐ြ႕က်ယ္သည္ ၾကင္နာစြာျဖင့္ သူမကို တစ္ထုပ္လုံး ေပးလိုက္ေလသည္။ ကေလးမေလးသည္ ဘီစကစ္ကို သူမ၏လက္မ်ားၾကားထဲတြင္ ဂ႐ုတစိုက္ဖုံးကြယ္ထားေလ၏။ သူမေလးသည္ ခ်ိဳၿမိန္စြာ ေက်းဇူးတင္စကားဆိုၿပီးေနာက္ ဆန္ခိုးသြားေသာ ႂကြက္ကေလးတစ္ေကာင္ကဲ့သို႔ ထြက္ေျပးသြားခဲ့ေလသည္။
ေနာက္တစ္ဆင့္သည္ ေျမဆီလႊာမဲ့စိုက္ပ်ိဳးေရးနည္းပညာကို ေလ့လာေဆြးႏြေးဖို႔ရန္ ၀မ္ခ်န္းအေျခစိုက္စခန္းတာဝန္ခံကို ရွာေတြ႕ဖို႔ရန္ျဖစ္သည္။ သို႔ေသာ္လည္း ေနရာႏွင့္ ရင္းႏွီးကြၽမ္း၀င္ျခင္းမရွိၾကေသာအခါ လူရွာရန္သူတို႔အတြက္ခက္ခဲေလသည္။ ကြမ္းဟုန္သည္ ၀မ္ခ်န္းၿမိဳ႕ေစာင့္တပ္ကိုရွာရန္ လူေတာ္ေတာ္မ်ားမ်ားကို ေခၚေဆာင္သြာစခဲ့ေလသည္။
ခ်န္းခ်ီသည္ ဘာမွလုပ္စရာမရွိသျဖင့္ စုေ႐ြ႕က်ယ္ဆီမွ အနီေရာင္႐ႊမ္းရွီးဗူးတစ္ဗူးကိုယူလိုက္ၿပီး သူေဌးႏွင့္စကားေျပာရန္ ေအာက္ထပ္သို႔ဆင္းသြားေလသည္။ ၀မ္ခ်န္းအေျခစိုက္စခန္းတြင္ ဤကဲ့သို႔အေဆာက္အဦးတစ္ခုကို သီးသန႔္ပိုင္ဆိုင္နိုင္သည့္ ဟိုတယ္ပိုင္ရွင္သာျဖစ္မည္ဆိုလွ်င္ သူ႕တြင္ အဆက္အသြယ္အခ်ိဳ႕ရွိရမည္ျဖစ္သည္။ သူ႕ထံမွ ၀မ္ခ်န္းအေျခစိုက္စခန္း၏ အေျခအေနကို ပိုမိုျမန္ဆန္စြာ နားလည္သေဘာေပါက္နိုင္ရမည္ျဖစ္သည္။
အေသအခ်ာပင္ ခ်န္းခ်ီကိုင္ထားေသာ စီးကရက္ဗူးကိုျမင္လိုက္ေသာအခါ တည္းခိုခန္းပိုင္ရွင္၏ မ်က္လုံးမ်ား ေတာက္ပသြားေလသည္။ ဝါးႁပြန္ထဲမွ ပဲေစ့မ်ားကို ေလာင္းခ်လိဳက္သကဲ့သို႔ ၀မ္ခ်န္းအေျခစိုက္စခန္း၏ အေျခအေနအေၾကာင္းမ်ားကို ခ်န္းခ်ီအားေျပာျပေလ၏။
၀မ္ခ်န္းအေျခစိုက္စခန္းကို အင္အားစုအမ်ားအျပားက ပူးေပါင္းခ်ဳပ္ကိုင္ထားၿပီး ၾသဇာအရွိဆုံးမွာ ၀မ္မိသားစုျဖစ္ေလ၏။ ၀မ္ မိသားစုသည္ ၀မ္ခ်န္းတြင္ ေက်ာ္ၾကားၿပီး ခ်မ္းသာေသာ စီးပြားေရးမိသားစုတစ္ခုျဖစ္ေလ၏။ သူတို႔သည္ ကုန္တိုက္မ်ားစြာကိုဖြင့္လွစ္ထားခဲ့ၿပီး ပစၥည္းဂိုေဒါင္ႏွစ္ခုစာထက္ပိုသည့္ အင္အားရွိေလ၏။ ကမၻာပ်က္ကပ္ထဲတြင္ေတာ့ သူတို႔သည္ အလြန္ခ်မ္းသာလာခဲ့ၾကသည္။ ထို႔အျပင္ ၀မ္ မိသားစု၏ တစ္ဦးတည္းေသာသားသည္ မိုးႀကိဳးစြမ္းအား နိုးထလာခဲ့သျဖင့္ သူတို႔သည္ မိုးႀကိဳးစြမ္းအားရွင္အဖြဲ႕ကို တည္ေထာင္ခဲ့ၿပီး အေျခခံအားျဖင့္ အေျခစိုက္စခန္းတြင္ အလ်ားလိုက္သြားလာနိုင္ၾကေလသည္။
ဒုတိယေနရာမွာေတာ့ ဟုန္မိသားစုျဖစ္ေလ၏။ ကမၻာ့အဆုံးသတ္မတိုင္ခင္က ဟုန္မိသားစုသည္ လူဆိုးဂိုဏ္းမိသားစုတစ္ခုျဖစ္ၿပီး ေျမေအာက္အင္အားစု အမ်ားအျပားရွိခဲ့ေလသည္။ အခုအခ်ိန္မွာေတာ့ ကမၻာႀကီး၏အဆုံးသတ္ေရာက္ရွိလာခဲ့ၿပီး ဆန႔္က်င္ဘက္တြင္ သူတို႔သည္ ေပၚေပၚထင္ထင္ျဖစ္လာခဲ့ၾကကာ ဟုန္မိသားစုထဲတြင္ စြမ္းအားရွင္အမ်ားအျပားရွိလာခဲ့ေလသည္။
တတိယေနရာသည္ လုမိသားစုျဖစ္၏။ လု မိသားစု၏ မ်ိဳးဆက္ေဟာင္းမွာ စစ္တပ္မွျဖစ္ၿပီး ေနာက္ပိုင္းတြင္ စီးပြားေရးလုပ္ငန္းကို စတင္လုပ္ကိုင္ခဲ့ၾကျခင္းျဖစ္သည္။ သူတို႔သည္ အလြန္ရိုးေျဖာင့္ၾကၿပီး လုမိသားစု၏တစ္ဖက္တြင္ စစ္မႈထမ္းေဟာင္းမ်ားစြာလည္း ရွိခဲ့ေလသည္။
သို႔ေသာ္လည္း စတုထၳေျမာက္အင္အား နယ္ေျမခံ ၿမိဳ႕ေစာင့္တပ္သည္ ကမၻာပ်က္ကပ္အေစာပိုင္းတြင္ မ်ာစစြာဆုံးရႈံးခဲ့ၾကေသာေၾကာင့္ အေသးငယ္ဆုံးအုပ္စုျဖစ္လာခဲ့ေလသည္။ မည္သို႔ေသာ အႏၱရာယ္မ်ားသည့္ အေျခအေနမ်ိဳးတြင္မဆို ၀မ္မိသားစုႏွင့္ ဟုန္မိသားစုတို႔သည္ ၿမိဳ႕ေစာင့္တပ္ကို အၿမဲအလ်င္စလို ေရွ႕မွလႊတ္ထားခဲ့ေသာ္လည္း ကံေကာင္းေထာက္မစြာျဖင့္ လုမိသားစုသည္ သူတို႔အား အၿမဲကူညီခဲ့ေလ၏။ မဟုတ္ပါက ယခုအခ်ိန္ ၀မ္ခ်န္းအေျခစိုက္စခန္းတြင္ ၿမိဳ႕ေစာင့္တပ္ ရွိမရွိဆိုသည္ကို ေျပာဖို႔ရန္ခက္ေပလိမ့္မည္။
တပ္ဖြဲ႕ေလးခုသည္ ၀မ္ခ်န္းအေျခစိုက္စခန္းကို ပူးေပါင္းစီမံခန႔္ခြဲၾကသည့္အတြက္ အေျခစိုက္စခန္း၏စနစ္သည္ ပို၍ရႈပ္ေထြးေနခဲ့ေလ၏။ သို႔ေသာ္လည္း ၀မ္ မိသားစုႏွင့္ ဟုန္ မိသားစုတို႔သည္ ထိုအေၾကာင္းေၾကာင့္ ေပၚလြင္ထင္ရွားလာခဲ့ၾကျခင္းမဟုတ္ဘဲ သူတို႔သည္အ႐ူးမ်ားမဟုတ္ၾကေခ်။ သူတို႔တြင္ ေတာင္ေပၚတြင္ထိုင္ေနၾကေသာအမွန္တရားကိုသိၾကၿပီး ထိုအေၾကာင္းႏွင့္ပတ္သတ္၍ ဘာမွလုပ္နိုင္သည့္အရာမရွိေခ်။ ထို႔ေၾကာင့္ပင္ သူတို႔သည္ သိပၸံနည္းက် သုေတသနလုပ္ငန္းမ်ားကို အလြန္ပံ့ပိုးေပးခဲ့ၾကေလသည္။ ၀မ္ခ်န္းသည္ စိုက္ပ်ိဳးေရးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ေလသည္။
ကမၻာမပ်က္မီ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာျဖင့္ အထူးျပဳေလ့လာခဲ့သည့္ စိုက္ပ်ိဳးေရးဓာတ္ခြဲခန္းတစ္ခုရွိခဲ့ေလၿပီး ၎သည္ ေအာင္ျမင္မႈရရွိခဲ့ၿပီးျဖစ္သည္။ ကမၻာပ်က္ကပ္ႀကီးေပါက္ကြဲလာခဲ့ၿပီးေနာက္ စမ္းသပ္ေလ့လာသူမ်ားေသဆုံးျခင္းျဖစ္ေစခဲ့ၿပီး ဖုတ္ေကာင္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၾကေသာ္လည္း လက္ေတြ႕စမ္းသပ္မႈအခ်က္အလက္မ်ားမွာ ရွိေနဆဲျဖစ္ေလသည္။
တပ္ဖြဲ႕ေလးခုသည္ ဓာတ္ခြဲခန္းကို ျပန္လည္တည္ေဆာက္ကာ ဇီဝေဗဒႏွင့္သိပၸံသုေတသနဆိုင္ရာ အရည္အခ်င္းရွိသူမ်ားကို စုေဆာင္းခဲ့ၾကၿပီး ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို ျပန္လည္အေကာင္ထည္ေဖာ္ၾကေလသည္။ တကယ္တမ္းတြင္ ၎သည္ အသစ္တီထြင္ထားေသာ နည္းပညာတစ္ခုမဟုတ္ခဲ့ေခ်။ ၀မ္ခ်န္း အေျခစိုက္စခန္းသည္ ကံေကာင္းခဲ့ၿပီး ႀကီးမားေသာအက်ိဳးေက်းဇူးမ်ားစြာရရွိခဲ့သည္ ဟုသာေျပာနိုင္ေလသည္။
တည္းခိုခန္းပိုင္ရွင္သည္ သူတို႔ႏွင့္အတူပါလာေသာ စစ္သားမ်ားအားလုံးသည္ စစ္ယူနီေဖာင္းမ်ား ၀တ္ထားၾကသည္ကို ျမင္ေတြ႕ခဲ့သည္။ သူတို႔သည္ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို ေလ့လာရန္ ၀မ္ခ်န္းအေျခစိုက္စခန္းသို႔ ေရာက္လာၾကျခင္းျဖစ္သည္ကို သူသိေလသည္။ မၾကာေသးမီက လူမ်ားစြာသည္ အျခားအေျခစိုက္စခန္းမ်ားမွ ေရာက္လာခဲ့ၾကေလ၏။ ဤနည္းပညာကို ေလ့လာရန္အတြက္ လူအမ်ားအျပားသည္ ရႈက်ိဳးႏွင့္ ေျမာက္ပိုင္းမွ ေရာက္လာခဲ့ၾကေလသည္။
“ဒါေပမယ့္ မင္းတို႔ ဘာမွမရွိဘဲေလ့လာခ်င္ရင္ မင္းတို႔လုပ္နိုင္မွာမဟုတ္ဘူး။ ၀မ္မိသားစုနဲ႕ ဟုန္မိသားစုက မင္းတို႔ရဲ႕အေရျပားေတြကို အလႊာလိုက္ခြာပစ္လိမ့္မယ္”
တည္းခိုခန္းပိုင္ရွင္သည္ ေျပာၿပီး ေခါင္းယမ္းျပၿပီး ေဆးလိပ္ေသာက္ေနေလသည္။
တည္းခိုခန္းပိုင္ရွင္၏စကားကို နားေထာင္ၿပီးေနာက္ ခ်န္းခ်ီသည္ ဝမ္ခ်န္းအေျခစိုက္စခန္းတြင္ အင္အားႀကီးေလးခုရွိေၾကာင္း နားလည္လာခဲ့သည္။ သို႔ေသာ္လည္း အမွန္တကယ္တြင္ ၎သည္ သုံးပြင့္ဆိုင္ထိပ္တိုက္ရင္ဆိုင္မႈ၏ အေျခအေနျဖစ္ေလသည္။ လုမိသားစု၏အကူအညီေၾကာင့္သာမဟုတ္ပါက နယ္ေျမခံ ၿမိဳ႕ေစာင့္တပ္သည္ ရည္မွန္းခ်က္ႀကီးေသာ ၀မ္ မိသားစုႏွင့္ ဟုန္ မိသားစုတို႔၏ ဝါးမ်ိဳမႈကိုခံလိုက္ရၿပီးျဖစ္ေပလိမ့္မည္။ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို ျပန္လည္ရယူၿပီးေနာက္ သူတို႔သည္ ခ်က္ခ်င္းပင္ နိုင္ငံတစ္ဝွမ္းရွိ အသက္ရွင္က်န္ရစ္သူမ်ားအေျခစိုက္စခန္းမ်ားသို႔ ဖိတ္စာတစ္ေစာင္ ေပးပို႔ခဲ့ေလသည္။ တကယ္တမ္းမွာ သူတို႔သည္ အက်ိဳးအျမတ္ရဖို႔ အခြင့္အေရးကို လိုခ်င္ခဲ့ၾကသည္!
ခ်န္းခ်ီသည္ တည္းခိုခန္းပိုင္ရွင္ႏွင့္ ေနာက္ ခဏေလာက္ စကားစျမည္ေျပာၿပီးေနာက္ ကြမ္းဟုန္သည္ ညိုးငယ္ေနေသာမ်က္ႏွာႏွင့္ျပန္လာသည္ကို ျမင္လိုက္ရေလသည္။ မေမးဘဲႏွင့္ေတာင္ ခ်န္းခ်ီသည္ ကိစၥမ်ားအေျခအေနေကာင္းမြန္ျခင္းမရွိေၾကာင္းသိလိုက္ေလသည္။
အေသအခ်ာပင္၊ ကြမ္းဟုန္ျပန္ေရာက္လာခဲ့ၿပီးေနာက္ သူသည္ အားလုံးကိုစု႐ုံးၿပီး သတင္းေကာင္းႏွင့္ သတင္းဆိုးကို ေျပာျပခဲ့ေလသည္။ သတင္းေကာင္းသည္ ဝမ္ခ်န္းအေျခစိုက္စခန္း၏ ၿမိဳ႕ေစာင့္တပ္ႏွင့္ အဆက္အသြယ္ရခဲ့ၿပီး တစ္ဖက္မွ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို ေလ့လာနိုင္ေၾကာင္း အတည္ျပဳခဲ့သည္။
သို႔ေသာ္ ထို႔ေနာက္တြင္ သတင္းဆိုးေရာက္လာခဲ့ေလသည္။ ၿမိဳ႕ေစာင့္တပ္ေျပာသည္မွာ ဓာတ္ခြဲခန္းသည္ ယခုအခ်ိန္တြင္ ၀မ္ မိသားစုနဲ႕ ဟုန္ မိသားစု၏ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနေလသည္။ ေစ်းတခ်ိဳ႕ေပးေဆာင္ျခင္းမရွိဘဲ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို သင္ယူဖို႔ရန္ မျဖစ္နိုင္ေခ်။
ကုန္က်စရိတ္ဟုေခၚသည့္ အရာမွာ ကမၻာပ်က္ကပ္တြင္ အလြန္ရွားပါးသည့္ အစားအေသာက္၊ လက္နက္မ်ား၊ ေဆးဝါးမ်ား၊ ဓာတ္ဆီ ႏွင့္ တျခားပစၥည္းမ်ားျဖစ္ေလသည္။
၀မ္ခ်န္းအေျခစိုက္စခန္း၏ ဖိတ္ေခၚခ်က္တြင္ မည္သည့္ပစၥည္းမ်ားကိုမွ် ေဖာ္ျပထားျခင္းမရွိေခ်။ သို႔ေသာ္လည္း ေတာင္ပိုင္းအေျခစိုက္စခန္း၏ အထက္အရာရွိမ်ားသည္ ဘာမွမရွိဘဲ အျခားသူမ်ားထံမွ ဘာမွသင္ယူနိုင္ျခင္းမရွိဟု ယူဆထားခဲ့ၿပီး သူတို႔တီထြင္ထားခဲ့ေသာ က်ည္ဆန္အသစ္ႏွင့္ သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္ေဖ်ာ္ရည္ သတင္းမ်ားကို မွ်ေဝရန္ စီစဥ္ထားခဲ့ကာ ဤတေခါက္တြင္ ပစၥည္းမ်ား အမ်ားႀကီးကို ယူမလာခဲ့ၾကေခ်။
ဒါေပမယ့္ သူတို႔ေတြ ဒီလိုအႀကံအစည္တစ္ခု ျဖစ္ဖို႔ မေမွ်ာ္လင့္ခဲ့ေခ်....
နည္းပညာကို အခ်ည္းႏွီးသင္ယူဖို႔ မစီစဥ္ထားခဲ့ၾကေသာ္လည္း တက္ႂကြသည့္ဖလွယ္မႈ၏ ခံစားခ်က္သည္ အတင္းအၾကပ္ ေပးေဆာင္ေစျခင္းႏွင့္ လုံးဝမတူေခ်။ ကြမ္းဟုန္သည္ ထိုလူမ်ားကို က်ည္ဆံအသစ္မ်ားႏွင့္ သစ္သီးဟင္း႐ြက္ေဖ်ာ္ရည္မ်ားအေၾကာင္း ေျပာျပဖို႔ရန္ ခ်ီတုံခ်တဳံ တုန႔္ဆိုင္းေနခဲ့သည္။
ထို ဖုတ္ေကာင္မ်ားကို အထူးပ်က္စီးေစနိုင္သည့္ က်ည္ဆန္အသစ္မ်ား ႏွင့္ နိုးထနိုင္ေျခကို ျမႇင့္တင္ေပးနိုင္သည့္ သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္ေဖ်ာ္ရည္မ်ားကို ရရွိေသာအခါတြင္ ထိုလူမ်ားသည္ ပိုပို၍ မရိုးမသား ျဖစ္လာၾကလိမ့္မည္ဟု ယူဆနိုင္ေလသည္။
“ဒါဆို အဲ့ဒါကို ရိကၡာေတြနဲ႕ အစားထိုးလိုက္”
က်န႔္ယြင္သည္ ႐ုတ္တရက္ ေျပာလိုက္၏။
“က်ည္ဆန္အသစ္ နဲ႕ သစ္သီး ဟင္း႐ြက္ေဖ်ာ္ရည္ အေၾကာင္း သူတို႔ကို မေျပာနဲ႕။ ဒီက နယ္ေျမခံၿမိဳ႕ေစာင့္တပ္ကိုပဲ ေျပာလိုက္ပါ ”
က်ည္ဆန္အသစ္မ်ား၊ သစ္သီးဝလံမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား၏အကူအညီျဖင့္ ေဒသခံၿမိဳ႕ေစာင့္တပ္မ်ားသည္ ၎၏ကိုယ္ပိုင္အာဏာကို တျဖည္းျဖည္း စုစည္းလာနိုင္မည္ျဖစ္သည္။
“ဒါေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာ ရိကၡာ အလုံအေလာက္မရွိဘူး..."
ဒါဆို ကြၽန္ေတာ္တို႔ အျပင္ထြက္ၿပီး စုေဆာင္းမယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ အဲ့ဒါကို ဂ႐ုစိုက္လိုက္မယ္
“ေကာင္းၿပီ၊ ေက်းဇူးတင္ပါတယ္”
ကြမ္းဟုန္ ေျပာလိုက္၏။
မိုးမေသာက္ခင္ တစ္နာရီေက်ာ္ေက်ာ္သာရွိေသး၏။ ပစၥည္းမ်ားလိုက္စုေဆာင္းဖို႔ သြားရန္ ေနာက္က်ေနၿပီျဖစ္၏။ ထို႔ေၾကာင့္ အားလုံးသည္ အနားယူဖို႔ရန္ သူတို႔၏အခန္းမ်ားဆီသို႔ ျပန္သြားၾကေလ၏။
သို႔ေသာ္လည္း ခ်န္းခ်ီႏွင့္ ခ်န္းေက်ာင္း တို႔သည္ ၀မ္ခ်န္းအေျခစိုက္စခန္းတြင္ ေဈးဝယ္ထြက္ရန္ စီစဥ္ထားေလသည္။ ၀မ္ခ်န္းအေျခစိုက္စခန္းသည္ ဖရိုဖရဲျဖစ္ေနၿပီး သို႔ေသာ္လည္း ေတာင္ပိုင္းအေျခစိုက္စခန္းထက္ ပိုမိုအသက္ဝင္ေလသည္။
က်န႔္ယြင္သည္ ထိုအေၾကာင္းကိုစဥ္းစားၿပီး စုေ႐ြ႕က်ယ္ကိုလည္း အတူတူဆင္းရန္ ေခၚသြားေလသည္။ မည္သို႔ပင္ျဖစ္ေစ သူလည္း ဘာမွလုပ္စရာမရွိေခ်။ လွည့္ပတ္ၿပီး ၀မ္ခ်န္းအေျခစိုက္စခန္း၏ အထူးအေျခအေနမ်ားကို ၾကည့္သည္က ပိုေကာင္းပါသည္။
တည္းခိုခန္းပိုင္ရွင္သည္ ခ်န္းခ်ီ ေအာက္ထပ္သို႔ ဆင္းလာသည္ကိုေတြ႕ေသာအခါ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ ႏႈတ္ဆက္လာေလ၏။ လမ္းေလွ်ာက္ထြက္ၾကမည့္အေၾကာင္းကို သူလိုက္ၾကားေသာအခါ သူသည္ အနီေရာင္ ပလတ္စတစ္ေဒၚလာတစ္လိပ္ကို ထုတ္ယူလိုက္ေလ၏။
“လူငယ္ေလး ဒီမွာ ငါတို႔ပိုက္ဆံေတြ။ မင္းပစၥည္းေတြ လဲလွယ္ဖို႔ စီမံခန႔္ခြဲေရး႐ုံးကိုသြားနိုင္တယ္။ ဒီယြမ္ရဲ႕ ဝယ္ယူမႈစြမ္းအားက ေပါင္မုန႔္ေပါင္းတစ္ခုရနိုင္ေလာက္တယ္။ အေျခစိုက္စခန္းထဲမွာ ဒါကိုသုံးတာက ပိုအဆင္ေျပတယ္။ အရင္ကမင္းေပးခဲ့တဲ့ စီးကရက္ေတြလိုမ်ိဳး မင္းမွာ ရွိေသးရင္ တစ္ဗူးကို ဆယ္ယြမ္နဲ႕ လဲနိုင္တယ္။ ”
ဤယြမ္ဒဂၤါးမ်ိဳးသည္ အမွန္တကယ္တြင္ ကမၻာမပ်က္မီက မာေဂ်ာင္းကစားေသာအခါတြင္ လူမ်ားအသုံးျပဳခဲ့ေသာ ခ်စ္ပ္မ်ားျဖစ္ေလသည္။ ယခုအခ်ိန္တြင္ ၎ကို အေပၚတြင္ ဟုန္မိသားစု၏ လိုဂိုျဖင့္ေရးထိုးထားၿပီး ဟုန္မိသားစုသည္ယာယီေငြေၾကးအျဖစ္အသုံးျပဳခဲ့ေလ၏။ ဟုန္မိသားစုသည္ ေျမေအာက္ေလာကမွျဖစ္ကာ သူတို႔၏လက္ေအာက္တြင္ မာေဂ်ာင္းခန္းမ်အမ်ားအျပားရွိခဲ့လသည္။ အေျခစိုက္စခန္းကို တည္ေထာင္ၿပီးေနာက္ အသုံးျပဳမႈ အဆင္ေျပေစရန္အတြက္ သူတို႔သည္ ဤကဲ့သို႔ေသာယြမ္ဒဂၤါးကို ထုတ္ယူခဲ့ေလသည္။
၀မ္ မိသားစု ႏွင့္ လု မိသားစုတို႔သည္ ထိုကဲ့သို႔လုပ္ခ်င္ခဲ့ၾကသည္။ ကံမေကာင္းစြာႏွင့္ သူတို႔သည္ သင့္ေတာ္သည့္ အစားထိုးစရာကို ရွာမေတြ႕ခဲ့ၾကေခ်။ ေနာက္ပိုင္းမွာေတာ့ သူတို႔သည္ ရိုးရိုးရွင္းရွင္းပင္ ဟုန္မိသားစုမွယြမ္အျဖစ္ ေျပာင္းသြားခဲ့ေလသည္။
“ေက်းဇူးတင္ပါတယ္ သူေဌး”
စီမံခန႔္ခြဲေရး႐ုံး၏တည္ေနရာကို ေမးျမန္းၿပီးေနာက္ သူတို႔သည္ ပိုင္ရွင္ကို ေက်းဇူးတင္စကားဆိုကာ ထြက္သြားၾကေလသည္။
ေတာင္ပိုင္းအေျခစိုက္စခန္း ႏွင့္ ယွဥ္လွ်င္ ၀မ္ခ်န္း အေျခစိုက္စခန္းသည္ ပိုညစ္ပတ္၏။ လူတိုင္းသည္ သူတို႔၏ကိုယ္ပိုင္တံခါးေရွ႕ရွိ ႏွင္းမ်ားကိုလွဲက်င္းၾကသည္။ တျခားအမ်ားျပည္သူဆိုင္ရာေနရာမ်ားကိုမူ မည္သူကမွ ဂ႐ုမစိုက္ၾကေခ်။
သူတို႔သည္ မၾကာခင္မွာပင္ လူမ်ားရည္႐ြယ္ခ်က္မရွိဘဲ အလြန္ေပါ့ေပါ့ပါးပါးျဖင့္ ထိုင္ေန ရပ္ေနၾကသည့္ ၀မ္ခ်န္း၏စီမံခန႔္ခြဲေရး႐ုံးသို႔ ေရာက္လာၾကေလသည္။ သို႔ေသာ္ က်န႔္ယြင္၏ရင္ဘတ္ရွိ စြမ္းအားရွင္အေထာက္အထားကို ျမင္ၿပီးေနာက္မွာေတာ့ သူတို႔၏သေဘာထားသည္ ပိုေကာင္းလာၿပီး မၾကာခင္မွာပင္ သူတို႔အတြက္ ယြမ္ဒဂၤါးမ်ားလဲလွယ္ေပးခဲ့ၾကသည္။ တည္းခိုခန္းပိုင္ရွင္ ေျပာလိုက္သလိုပင္ စီးကရက္တစ္ဗူးကို ဆယ္ယြမ္ႏွင့္ လဲလွယ္နိုင္ၿပီး သူတို႔သည္ စီးကရက္ႏွစ္ဗူးကို ယြမ္ႏွစ္ဆယ္ႏွင့္ လဲလွယ္ခဲ့ၾကေလသည္။
သူတို႔သည္ ၀မ္ခ်န္းအေျခစိုက္စခန္းတြင္ လွည့္လည္ၾကည့္ရႈခဲ့ၾကၿပီး ၀မ္ခ်န္းအေျခစိုက္စခန္း၏တက္ႂကြေသာေနရာမ်ားသည္ အလြန္သက္ဝင္လႈပ္ရွားၾကၿပီး၊ ေအးေသာေနရာမ်ားသည္ အလြန္ေအးေနၿပီး ႏွစ္ဖက္အၾကား ကြာျခားခ်က္သည္ အလြန္ႀကီးမားသည္ကို ရွာေတြ႕ခဲ့ၾကေလသည္။
လူစည္ကားေသာေနရာသည္ မီးေရာင္မ်ားႏွင့္ ဝိုင္မ်ားျဖင့္ ျပည့္ေနေလသည္။ သြားလာလည္ပတ္ေနသူမ်ားသည္ ေတာက္ပေပ်ာ္႐ႊင္ေနပုံရေလ၏။ အၿပဳံးမ်ားသည္ ကမၻာ့အဆုံးသတ္မတိုင္မီကလိုပင္ ႏူးညံ့သိမ္ေမြ႕ေနၾကေလသည္။ ခ်မ္းေအးေသာ ဧရိယာသည္ မဲေမွာင္ၿပီး၊ ပ်က္စီးယိုယြင္းေနေသာ အုတ္အိမ္မ်ားျဖင့္ ပရိေဘာဂမရွိ၊ ညစ္ပတ္ေပေရေနေသာလူမ်ားသည္ ၾကမ္းျပင္ေပၚတြင္ ေပြ႕ပိုက္ေနၾကရသည္။
ထိုလူမ်ား၏ သနားစရာေကာင္းေသာ အသြင္အျပင္ကို ၾကည့္ရင္း စုေ႐ြ႕က်ယ္သည္ သူ႕ယခင္ဘဝက သူ႕ကိုယ္သူ ေတြးမိေလသည္။ တစ္ခ်ိန္က သူသည္ ဤကဲ့သို႔ ေအးခဲၿပီး မာေက်ာေသာ ၾကမ္းျပင္ေပၚတြင္ ေခြေနခဲ့ရၿပီး ရက္တစ္ရက္ကို တစ္ႏွစ္ကဲ့သို႔ တစ္ရက္ၿပီးတစ္ရက္ ျဖတ္သန္းလာခဲ့ရေလသည္။
လမ္းေဘးတေလွ်ာက္တြင္ ေဈးဆိုင္မ်ား လာဖြင့္ၾကသူမ်ား အမ်ားႀကီးရွိေသာ္လည္း သူတို႔လိုအပ္သည့္အရာဘာမွမရွိေခ်။
“အာ၊ မင္းက စြမ္းအားရွင္တစ္ေယာက္လား? ၀င္ လာၿပီး ထိုင္ပါအုံး”
႐ုတ္တရက္ အေတာ္ေလးနည္းနည္းသာ ၀တ္စားထားေသာ အမ်ိဳးသမီး အခ်ိဳ႕သည္ ဘယ္ကေရာက္လာမွန္းမသိခဲ့ၾကေခ်။ သူတို႔သည္ ေဘးဘက္ရွိ အေဆာက္အဦး တစ္ခုဆီသို႔ လွမ္းဆြဲေခၚသြားျခင္းခံလိုက္ၾကသည္။
“မဟုတ္ဘူး”
က်န႔္ယြင္သည္ အမ်ိဳးသမီး၏လက္ကို ေဝွ႕ယမ္းကာ မ်က္ခုံးကိုတြန္လိုက္ၿပီး ေအာ္လိုက္၏။
အမ်ိဳးသမီးမ်ားသည္ ခ်က္ခ်င္းပင္ တစ္ဖက္သို႔ ဆုတ္သြားကာ ေနာက္ထပ္အမွားမ်ား ထပ္မလုပ္ရဲၾကေတာ့ေခ်။
ယခုအခ်ိန္ ဤေဒသတြင္ ထိုသို႔ေသာလူမ်ား အမ်ားအျပားရွိေနသည္ကို ေတြ႕ခဲ့ရသည္။ သူတို႔သည္ ပါးလႊာၿပီး ေဖာ္ျပေသာအဝတ္အစားမ်ားကို ၀တ္ဆင္ကာ လမ္းေပၚတြင္ေလွ်ာက္သြားေနသူမ်ားကို လက္ေဝွ႕ယမ္းကာေခၚေနၾကေလသည္။ သူတို႔သည္ သိသာစြာပင္ ေျပာမျပနိုင္ေသာ အလုပ္အကိုင္အခ်ိဳ႕တြင္ ပါဝင္ပတ္သက္ေနၾကေလသည္.....
ဤအေျခစိုက္စခန္းထဲတြင္ သာမန္လူမ်ား၏ဘဝသည္ ခက္ခဲလြန္းပါေခ်၏…
ရလဒ္တစ္ခုအေနျဖင့္ သူတို႔လွည့္ပတ္ၾကည့္လိုက္ၿပီး ၀ယ္ခ်င္တာဘာမွ မရွိၾကေခ်။ ထိုအဖြဲ႕သည္ သူတို႔လက္ထဲရွိ ယြမ္ 20 ႏွင့္ ဟိုတယ္သို႔ ျပန္သြားခဲ့ၾကေလသည္။
🍒🍒