My Cherry Will Explode in the Apocalypse
Chapter 80《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
၀မ်ရွှီရုန် နှင့် အခြားသူများကို ယာယီနေထိုင်ရာ နေရာသို့ ပြန်ပို့ပြီး ထုပ်ပိုးစေ၏။ ၀မ်ရွှီရုန်သည် အလွန်တရာအရှက်ကွဲပြီး ဒေါသကြီးစွာထွက်နေရသည်ဟု ခံစားရလေသည်။ တစ်လမ်းလုံး တောက်လျှောက် ဆဲဆိုနေခဲ့လေ၏။ သန်မာသော နဂါးပင် ဖြစ်စေကာမူ ဒေသခံ မြွေတစ်ကောင်ကိုပင် အနိုင်မယူနိုင်ပေ။ သူ့တွင် စွမ်းအားကြီးသော မိုးကြိုးစွမ်းရည်ရှိလျှင်တောင် တောင်ပိုင်းအခြေစိုက်စခန်းရှိ ထောင်ပေါင်းများစွာသော စစ်သားများ၏ သေနတ်များကို တားဆီး၍မရနိုင်ပါချေ။
"အကိုကြီး၊ ချန်းချင်းကို ငါတို့ ဘာလုပ်သင့်လဲ?"
ထုပ်ပိုးနေကြစဉ် လူတစ်ယောက်သည် ၀မ်ရွှီရုန်၏ နား နားသို့လာမေးလေ၏။
၀မ်ရွှီရုန်သည် ရုတ်တရက် တင်းကျပ်သွားပုံရပြီး တံခါးကို စိုက်ကြည့်လိုက်လေ၏။ သူတို့အား ပြန်ခေါ်လာသော စစ်သားများအားလုံးသည် တံခါးဝတွင် စနစ်တကျရှိနေကြပြီး သူတို့၏စကားပြောသံကို မကြားနိုင်ချေ။ ထို့ကြောင့် သူ အနည်းငယ် စိတ်လျော့သွားလေ၏။
သူသည် စပီကာကို စိုက်ကြည့်ရင်း
"ချန်းချင်းက ဘယ်သူလဲ? ငါတို့ တောင်ပိုင်းအခြေစိုက်စခန်းကို ရောက်လာတုန်းက ချန်းချင်းလို့ ခေါ်တဲ့လူ တစ်ယောက်မှမရှိဘူး။ မင်းငါ့အတွက် မှတ်မိနိုင်တယ် "
ထိုလူသည် အံ့အားသင့်သွားပြီးနောက် သူ့အာရုံများပြန်ရောက်လာကာ ခေါင်းအသာညိတ်လိုက်ပြီး ပါးစပ်ကိုပိတ်ကာ ထုပ်ပိုးလိုက်လေသည်။
၀မ်ရွှီရုန်သည် ကားဖြင့် တောင်ပိုင်းအခြေစိုက်စခန်းမှ ထွက်ခွာလာသည့်အချိန်တွင် နောက်သို့ပြန်ကြည့်ကာ
"ငါ သိပ်မကြာခင် မြန်မြန် ပြန်လာမှာပါ"
သောက် တောင်ပိုင်းအခြေစိုက်စခန်း၊ သူနဲ့တိုက်ခိုင်ရဲတယ်! အနာဂါတ်မှာ အခွင့်ကောင်းရရင် သူဒီကိုသေချာပေါက် ပြန်လာပြီး ဒီနေ့ သူ့ကို စော်ကားတဲ့သူတွေကို တန်ကြေးပေးစေမယ်!
တောင်ပိုင်းအခြေစိုက်စခန်းအဖွဲ့ ပြန်ထွက်ခွာသွားကြပြီးနောက် ဝမ်ချန်အခြေစိုက်စခန်းရှိ မြို့စာင့်တပ်ထဲရှိ စွန့်ပစ်အမှိုက်အုပ်စုသည် ရုတ်တရက် ပိုပိုပြီး သန်မာလာခဲ့လေသည်။ သူတို့သည် ၎င်းတို့ လုမိသားစုနှင့်ပူးပေါင်းလိုက်ချိန်တွင် ဖိအားများခံစားခဲ့ရသည်။ ၎င်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် ပတ်သက်မှုရှိနိုင်သည်ဟု ပထမဆုံးသံသယရှိခဲ့လေသည်။
တောင်ပိုင်းအခြေစိုက်စခန်း၌ ဆေး၀ါးအသစ်တစ်ခုရှိမှန်းသိပြီးနောက် သူသည် ထိုအကြောင်းကိုစတင်တွေးမိပြီး ဆေးဝါးအချို့ဝယ်လိုခဲ့သည်။ သို့သော်လည်း စွမ်းရည်ဆေး၏အာနိသင်သည် အလွန်ကောင်းမွန်ကြောင်း သူကြားခဲ့ရသည်။ ၎င်းသည် အစွမ်းကို တိုးတက်စေသည့် အာနိသင်ရှိရုံသာမက စွမ်းအားတိုးတက်အောင် ကူညီပေးနိုင်လေသည်။ ၎င်းသည် တကယ့်ကို ရှားပါးကောင်းမွန်သည့် အရာတစ်ခုဖြစ်ချေ၏။
ယခင်က တောင်ပိုင်းအခြေစိာက်စခန်းမှ လူများနှင့် ဆက်ဆံရေးမကောင်းခဲ့သည်မှာ စိတ်ပျက်စရာပင်။ သူတို့ မြေဆီလွှာမဲ့စိုက်ပျိုးနည်းကို လေ့လာဖို့ အခြေစိုက်စခန်းကိုရောက်လာသည့်အချိန်က သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး လူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ တောင်အခြေစိုက်စခန်းမှလူများ မကျေမနပ်ဖြစ်ပြီး သူ့အားဆေးဝါးများမရောင်းမည်ကို စိုးရိမ်နေခဲ့လေသည်။
သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး တိတ်တဆိတ်လှုပ်ရှားနိုင်သည့် ကိုယ်ပျောက်စွမ်းရည် နိုးထလာသည့် ချန်းချင်းနာမည်ရှိ လက်အောက်ငယ်သားတစ်ယောက် ရှိခဲ့သည်။ ထို့နောက် သူသည် ကိုယ်ပျောက်သည့်တစ်ဖက်လူကိုအဖွဲ့နှင့် ရောနှောပြီး တောင်ပိုင်းအခြေစိုက်စခန်းထဲသို့ဝင်ခိုင်းရန် သူဆုံးဖြတ်လိုက်လေသည်။ တောင်ပိုင်းအခြေစိုက်စခန်းသည် သူ့အား ဆေးဝါးများရောင်းလိုသည့်ဆန္ဒမရှိပါက ချန်းချင်းအား ဆေးခိုးဖို့အခွင့်အရေးကို စောင့်ခိုင်းရန် သူကြိုးစားမည်ဖြစ်သည်။
အသေအချာပင် တောင်ပိုင်းအခြေစိုက်စခန်းခေါင်းဆောင်များသည် သူ့ကို အကြောင်းအမျိုးမျိုးနှင့် တားထားကြ သော်လည်း နောက်ဆုံးမှာတော့ သူ့အား ဆေးရောင်းရန်ဆန္ဒမရှိကြချေ။ သုသည် ချန်းချင်းအား ဆေးမျကို တိတ်တိတ်ဆိတ်ဆိတ် ခိုးခိုင်းခဲ့လေသည်။ ဖော်မြူလာ သို့မဟုတ် တစ်ခုခုရှာနိုင်လျှင် ပိုကောင်းပြီး သူတို့၀မ်ချန်းသို့ပြန်ရောက်သည့်အခါတွင် တူညီသည့်အတိုင်း လုပ်နိုင်ပြီး ခွန်အားပိုရလာနိုင်မလားကို ကြည့်ရမည်။
ထို့ကြောင့် သူသည် ချန်းချင်းအား လက်ပစ်ဗုံးတစ်လုံးကိုလည်းပေးလိုက်လေ၏။ ဖော်မြူလာကို ရှာတွေ့ပါက တောင်ပိုင်းအခြေစိုက်စခန်း၏ သုတေသနစင်တာကို ဖောက်ခွဲပစ်လိမ့်မည်ဖြစ်သည်။ ထိုမှ ၀မ်ချန်းအခြေစိုက်စခန်းသည် အခြေအနေအခွင့်ကောင်းယူနိုင်ပြီး တခြား အဓိကအခြေစိုက်စခန်းကြီးများမှ လာဖွေလာနိုင်မည်ဖြစ်သည်။
လူများသည် ကောင်းကင်ဘုံလောက် အစွမ်းထက်မည်မဟုတ်ပါချေ။ တောင်ပိုင်းအခြေစိုက်စခန်းသည် တော်တော်လေး ဖုံးကွယ်ထားမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ နည်းပညာမြင့် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် လက်နက်မျိုးစုံကို အဆုံးမရှိတဲ့ ရေစီးကဲ့သို့ ထွက်ပေါ်နေလေသည်။ သူ၏ပြီးပြည့်စုံသည့် အစီအစဉ်သည် တိုတောင်းသွားပြီး အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။
သို့သော်လည်း ၀မ်ရွှီရုန်၏ မျက်လုံးများတွင် ဒေါသနှင့် နာကြည်းမှုအပြင် လောဘအရိပ်အယောင်များ ရှိနေလေသည်။ တောင်ပိုင်းအခြေစိုက်စခန်းတွင် နေထိုင်သည့် ဤနေ့ရက်များတွင် တောင်ပိုင်းအခြေစိုက်စခန်း၏ နေထိုင်မှုပတ်ဝန်းကျင်သည် သူတို့ ၀မ်ချန်းအခြေစိုက်စခန်းထက် အဆပေါင်းရာနှင့်ချီ သာလွန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။
ဤနေရာတွင် ဆိုလာစွမ်းအင်ထုတ်လုပ်သည့်ကိရိယာများရှိလေသည်။ အခြေစိုက်စခန်းတွင် မီးလုံးများသာမက လေအေးပေးစက်များပါ ရှိသည့်အပြင် ဆေးဝါးအသစ်များ၊ လက်နက်နှင့် ကိရိယာအမြောက်အများလည်းရှိသည်။ တောင်ပိုင်းအခြေစိုက်စခန်း၏ လူနေမှုပတ်ဝန်းကျင်သည် သူတို့အခြေစိုက်စခန်းထက် များစွာသာလွန်သည့်ပုံ ရသည်။
သူပြန်သွားပြီးနောက် သူတို့နည်းလမ်းတစ်ခုကိုရှာပြီးနောက် ထောက်လှမ်းရေးတစ်ယောက်ကိုတောင်ပိုင်းအခြေစိုက်စခန်းသို့ပို့ကာ ရွှေ့ းပြောင်းဖို့အခွင့်အရေးကို စောင့်နေရမည်။
၀မ်ရွှီရုန်သည် ထူးဆန်းနေသကဲ့သို့ ဖြစ်နေသည်နှင့် ကားအပြင်ဘက်တွင် ကျယ်လောင်သော အသံကို ရုတ်တရက် ကြားလိုက်ရပြီး ကား ရုတ်တရတ် ရပ်သွားခဲ့လေသည်။
" ဘာကိစ္စရှိလို့လဲ? "
၀မ်ရွှီရုန်၏ခေါင်းသည် ကားခေါင်မိုးနှင့် တိုက်မိသွားပြီး နာကျင်စွာ ရှုံ့မဲ့သွားလေ၏။
"အစ်ကိုကြီး! ရှေ့က လမ်းက ပြိုကျသွားပြီ!"
"လမ်းက ပြိုကျသွားတယ်! လမ်းကောင်းတစ်ခုက ဘယ်လိုပြိုကျနိုင်မှာလဲ?"
၀မ်ရွှီရုန်သည် ပြောရင်း တံခါးဖွင့်ပြီး စစ်ဆေးဖို့ ဆင်းလာခဲ့လေသည်။
ညီညာသော မြေပြင်သာ၊ သူတို့ ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့နေသော နက်နဲသောတွင်းကြီးတစ်ခု ရှိနေသည်ကို မသိရချေ။
" သောက်ကံက ဆိုးချက်! တခြား ပတ်သွားလို့ရတဲ့လမ်းရှိသေးလား? "
"အစ်ကိုကြီး၊ ပတ်သွားလို့ရမယ့်လမ်းတစ်ခု ရှိသရှိသေးတယ်ထင်တယ်"
တစ်စုံတစ်ယောက်သည် မြေပုံကိုထုတ်ပြီး သေချာကြည့်လိုက်၏။
"ဒါဆို လမ်းပြောင်းလိုက် "
၀မ်ရွှီရုန်သည် မျက်မှောင်ကြုတ်လိုက်၏။
မော်တော်ယာဉ်သည် လမ်းကြောင်းပြောင်းကာ လှည့်သွားခဲ့သည်။
သို့သော်လည်း သူတို့မသိကြသည်မှာ လမ်းတွင် မိုင်းများထူထပ်စွာ ထောင်ထားပြီးဖြစ်ကာ သူတို့ ဖြတ်သန်းမည်ကို စောင့်နေလေသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတစ်စုသည် တောအုပ်ထဲမှ ခုန်ထွက်သွားကြကာ သေသေချာချာ စစ်ဆေးရန် လမ်းပေါ်သို့ သွားလိုက်ကြလေ၏။ ပစ်မှတ်အားလုံး သေဆုံးကြောင်း အတည်ပြုပြီးနောက် သူတို့သည် အလောင်းများကို ချက်ချင်းမီးသဂြိုလ်ခဲ့ပြီး ကားအပျက်အစီးများအားလုံးကိုမြှုပ်နှံလိုက်ကြကာ သဲလွန်စမချန်ဘဲ ထွက်ခွာသွားကြလေသည်။
***
တောင်ပိုင်းအခြေစိုက်စခန်းဌာနချုပ်အဆောက်အအုံ၏ ညီလာခံခန်းမတွင် ကျန့်ယွင်သည် သူတို့စခန်းမှထွက်ခွာပြီး အနောက်မြောက်ဘက်သို့သွားတော့မည် ဖြစ်ကြောင်း ကျန်းရွှီကျိုးအားပြောကြားခဲ့သည်။
ကျန်းရွှီကျိုးသည် မျက်မှောင်ကြုတ်ပြီး
"မင်းတို့ အဆင့်လေးဖုတ်ကောင်နောက်ကို လိုက်မှာ၊ ဟုတ်တယ်မလား? "
ကျန့်ယွင် အံ့အားသင့်သွားလေ၏။ မမျှော်လင့်ဘဲ ကျန်းရွှီကျိုးလည်း ထိုအကြောင်းသိနေခဲ့၏။
" အဆင့် လေးဖုတ်ကောင်တကယ်ရှိတာလား?"
"မှန်ပါတယ်!"
ကျန်းရွှီကျိုး သက်ပြင်းချရင်း
"ဒီတစ်ခါတော့ အနောက်မြောက်အခြေစိုက်စခန်းကလူတွေက အဆင့်လေးဖုတ်ကောင်တွေ ရုတ်တရက်ပေါ်လာတာကြောင့် စွမ်းရည်ဆေးနဲ့ ဖြေဆေးဝယ်ဖို့ စိတ်အားထက်သန်နေကြတာ။ အဆင့် 4 ဖုတ်ကောင်တွေရဲ့ လက်ထဲမှာ သူတို့ လူတွေအများကြီး ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နာရီအနည်းငယ်က အနောက်မြောက်အခြေစိုက်စခန်းက အကူအညီတောင်းခံမှုတစ်ခု ငါတို့ လက်ခံခဲ့ရတယ်။ ပြောပုံအရ အဆင့် လေး ဖုတ်ကောင်တွေက ပတ်ဝန်းကျင်မှာရှိတဲ့ ဖုတ်ကောင်တွေကို ခေါ်နေကြတယ်တဲ့။ အရမ်းဆိုးဝါးတဲ့ ဖုတ်ကောင်ဒီရေလှိုင်းကြီး ဖြစ်နိုင်တယ်"
"အဲ့နေရာမှာမှာ တကယ်ကို အရမ်းအန္တရာယ်များတယ်။ မင်းတို့ သွားချင်နေတာ သေချာလား?"
ကျန်းရွှီကျိုးသည် သူတို့အား ဖုံးကွယ်လို့မရသော ဝမ်းနည်းမှုများနေသည့် နက်နဲသည့်မျက်လုံးများနှင့်ကြည့်လိုက်လေ၏။
"ဟုတ်ပါတယ်"
ကျန့်ယွင်သည် အနောက်မြောက်ဘက်ကိုသွားမည့် ဤခရီးသည် သူတို့အတွက် မရှိမဖြစ်လိုအပ်သောကြောင့် အပြုသဘောဆောင်စွာပြန်ဖြေကြားလိုက်သည်။
"ကောင်းပြီလေ၊ မင်းတို့နဲ့လိုက်ဖို့ ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ငါလွှတ်လိုက်မယ်။ မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုသာပြောလိုက်၊ မင်းအတွက် ငါလုပ်ပေးလိုက်မယ်"
ကျန်းရွှီကျိုးသည် သူတို့၏လုပ်ဆောင်မှုများကို အပြည့်အဝထောက်ခံဖို့ ဆုံးဖြတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုပါဘူး"
ကျန့်ယွင်သည် စုရွေ့ကျယ်အား အပြုံးနှင့်ကြည့်လိုက်ပြီး
"တပ်မှူးကျန်း၊ ဒီတစ်ခါတော့ ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်ခွင့်ပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"
ကျန်းရွှီကျိုးသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားပြီး နောက် သက်ပြင်းချလိုက်ကာ
" ဟုတ်ပါတယ်၊ မင်းတို့အားလုံးမှာ သာမာန်ထက်ထူးခြားတဲ့ ခွန်အားတွေရှိပြီး သူတို့က နောက်ကျကျန်နေသေးတာ။ ကောင်းပြီလေ၊ မင်းတို့အတွက် ဖြေဆေး နဲ့ စွမ်းရည်ဆေးတစ်သေတ္တာကို ငါ ပြင်ထားလိုက်မယ်။ လမ်းမှာသုံးလို့ရတဲ့ ပစ္စည်းတွေကိုလည်းပြင်ထားပေးမယ်။ ကြိုတင်ပြင်ဆင်ထားလိုက်ကြဦး "
ကျန်း၏စကားများ ပြောပြီးနောက် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ငြင်းဆိုစရာ အကြောင်းမရှိတော့သည့်အတွက် သူ့အား ပြုံးပြီး ကျေးဇူးတင်ခဲ့ကြ၏။
"နောက်ထပ်တစ်ခု ကျွန်တော် ခင်ဗျားကိုပြောစရာလိုသေးတယ် တပ်မှူးကျန်း"
ကျန့်ယွင်သည် မကြာသေးမီရက်များအတွင်း ရာသီဥတုပြောင်းလဲမှုများအကြောင်းနှင့် ဆောင်းရာသီရောက်မည်ကို မှန်းဆထားသည့်သတင်းကို ကျန်းရွှီကျိုးအားပြောပြလိုက်ပြီး ဆောင်းရာသီအတွက် ပစ္စည်းများ အမြန်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
"မင်းပြောသလိုပဲ ဆောင်းရာသီက ချဲ့ကားနေတာလား?"
ကျန်းရွှီကျိုးသည် သံသယဖြစ်နေလေ၏။ သူတို့သည် တောင်ပိုင်းတွင်ဖြစ်၏။ ဆောင်းရာသီတွင် အနိမ့်ဆုံးအပူချိန်မှာ သုညလောက်သာရှိသည်။ သုညအောက် 30 မျိုးက မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို သူတွေး၍ မရချေ။
"ဒီနေ့ နေအပူရှိန်က ခင်ဗျားကို တစ်ခုခုပြောနေပြီ မဟုတ်လား? "
ကျန့်ယွင်မေးလိုက်၏။
အချိန်အတော်ကြာ တိတ်သွားပြီးနောက် ကျန်းရွှီကျိုးပြောလာလေ၏။
" ကောင်းပြီ၊ ငါသိပြီ။ ဆောင်းရာသီအတွက် သူတို့လိုအပ်တဲ့ မီးသွေးနဲ့ စောင်တွေကို ပြင်ဆင်ခိုင်းလိုက်မယ်"
ကျန့်ယွင်သည် ဤသို့သောကိစ္စမျိုးများကို နောက်ပြောင်လျမ့်မည်မဟုတ်ကြောင်း သူခံစားရ၏။ ကြိုပြီးပြင်ဆင်ထားလျှင် အမြဲအန္တရာယ်ရှိလိမ့်မည်မဟုတ်ပါချေ။ တစ်ချို့သောအရာများသည် တစ်ချို့အရာများထက် ပိုပြီးယုံကြည်နိုင်လောက်သည်။
"ကောင်းပြီ"
ကျန်းရွှီကျိုးနှင့် စကားစမြည်ပြောဆိုအပြီး နောက်မှာတော့ အဖွဲ့သည် သူတို့၏စွမ်းအင်ကို မြှင့်တင်ပြီး နောက်တစ်နေ့အတွက် ပြင်ဆင်ကြဖို့ရန် အိမ်ပြန်ခဲ့ကြလေသည်။
အပူချိန်သည် ပြောင်းလဲရန် အလွန်မြန်ဆန်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
နောက်တစ်နေ့ နေ့လယ်အချိန်သည် နေ့တာ၏ အပူဆုံးအချိန်ဟု ထင်ရသော်လည်း အေးမြပြီး လေနုအေးများတိုက်ခတ် နေပြီး နေရောင်သည် ပျော့ပျောင်းသွားပုံပေါ်လေသည်။ လူ့ခန္ဓာကိုယ်သည် ပူနေမည့်အစား အေးမြပြီး သက်တောင့်သက်သာ ခံစားရလေသည်။
လပေါင်းများစွာ နေရောင်မထိတွေ့ခဲ့ကြသူများသည် အမိုးအကာအောက်မှတဖြေးဖြေးထွက်လာကြကာ နွေးထွေးသောနေရောင်အောက်တွင် နေပူဆာလှုံကြပြီး လေပြည်ညင်း၏ အေးမြမှုကို ခံခံစား ပျော်ရွှင်နေကြလေသည်။
အသက်ရှင်လွတ်မြောက်လာသူများသည် အပူလွန်ကဲခြင်း ဖြတ်ကျော်သွားခြင်းကို ဆင်နွှဲရန်ရယ်မောနေခဲ့ကြသော်လည်း ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည် အလေးအနက်ဖြစ်နေကြလေ၏။ အပူချိန်ပြောင်းလဲမှုသည် အလွန်ထူးခြားကြောင်း သူတို့ သိခဲ့ကြလေသည်။
စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ သာမိုမီတာကို ထုတ်ကာ ယနေ့အပူချိန်သည် 28 ဒီဂရီစင်တီဂရိတ်သာရှိပြီး ယမန်နေ့ နေ့လည်၏ 41 ဒီဂရီထက် 13 ဒီဂရီ လျော့နည်းကြောင်း တွေ့ရှိခဲ့လေသည်။
"တစ်ခါတည်း သွားကြရအောင်!"
ယခု ဤအခြေအနေတွင် သူတို့ ညကို မစောင့်နိုင်ကြတော့ချေ။ အပူချိန်သည် ကျဆင်းမှုသည် အလွန်လျင်မြန်လွန်းသည်။ သူတို့ ဆက်ပြီး နှောင့်နှေးနေမည်ဆိုလျှင် သူတို့ နှင်းများအောက်တွင် တကယ်ပဲ လမ်းပေါ်မှာသွားနေကြရလိမ့်မည်ဖြစ်သည်။
"ကောင်းပြီ! "
တကယ်တမ်းတွင် သူတို့တွင် သန့်ရှင်းရေးလုပ်စရာ ဘာမှမရှိပါချေ။ အသုံးဝင်တဲ့အရာများကို အခြေခံအားဖြင့် စုရွေ့ကျယ်သည် နေရာလွတ်ထဲတွင် စုဆောင်းထားခဲ့သည်။ သူတို့သည် လမ်းတွင်သုံးရန်အဆင်ပြေမည့် အခြေစိုက်စခန်းမှပေးထားသည့် ဆိုလာဓာတ်အားပေးစက်ကိုသာ ဖြုတ်ရုံသာရှိသည်။
သူတို့အသုံးပြုသည့် ဆိုလာ photovoltaic ဓာတ်အားထုတ်လုပ်သည့် စက် အချပ်ပြားတစ်ခုသည် ဆောင်းရာသီတွင်အသာထား မိုးရွာသောနေ့များတွင်ပင် ဆက်လက်အသုံးပြုနိုင်သည်။Photovoltaic ဓာတ်အားပေးစက်သည် အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲရန် ဆီမီးကွန်ဒတ်တာမျက်နှာပြင်၏ photovoltaic effect ကိုအသုံးပြုသည့် နည်းပညာတစ်ခုဖြစ်သည်။ ဆောင်းရာသီ သို့မဟုတ် နွေရာသီဖြစ်စေ၊ တိမ်ထူသော သို့မဟုတ် မိုးရွာသောနေ့များဖြစ်စေ သဘာဝအလင်းရောင်ရှိနေသရွေ့ photovoltaic generator များ၏ လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်သည်။ သို့သော်လည်း ဆောင်းရာသီတွင် ဓာတ်အားထုတ်လုပ်မှုမှာ နွေရာသီကဲ့သို့ မမြင့်မားပေ။
ကျန့်ယွင်သည် ကောင်းကျန်း ထံသို့ သွားပြီး သူတို့ ချက်ချင်းထွက်သွားတော့မည်ဟုပြောလိုက်သည်။ တပ်မှူးကျန်းကို ပြောပေးရန် ကူညီပေးဖို့ တောင်းဆိုခဲ့လိုက်သည်။
ကောင်းကျန်းသည် အရှိန်စွမ်းအားရှင်တစ်ယောက်နှင့် ထိုက်တန်သူဖြစ်ပြီး ငါးမိနစ်မပြည့်ခင်မှာ အသွားအပြန် ပြေးပြီး ပြန်လာခဲ့လေသည်။ သူပြန်ရောက်လာသောအခါ ကျောပိုးအိတ်သေး နှစ်လုံးကို သယ်ဆောင်လာခဲ့သည်။
ကျန့်ယွင်သည် ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး ကျောပိုးအိတ်တစ်ခုစီတွင် ဖြေဆေး 50 နှင့် စွမ်းရည်ဆေး 50 ရှိကြောင်းတွေ့လိုက်ရသည်။
"တပ်မှူးကျန်းက လူတွေကို အကျီတချို့၊ အနွေးအိပ်ယာတွေနဲ့ လျှပ်စစ်ရေဘူးတချို့ကို ရှာခိုင်းထားတယ်။ သူတို့ အဲ့ဒါတွေကို တံခါးဆီကို ခင်ဗျားတို့အတွက်ပို့လာလိမ့်မယ်။ အခြေစိုက်စခန်းကနေ ထွက်သွားတဲ့အခါ အဲ့ဒါတွေယူသွားဖို့သတိရပါ။ တပ်မှူးကျန်းက အချိန်ကကျပ်နေတယ်လို့ပြောတယ်။ မင်းတို့အတွက်အများကြီးပြင်ဆင်ထားဖို့ သူ အချိန်မလောက်လိုက်ဘူးတဲ့။ လမ်းမှာဘေးကင်းအောင်ဂရုစိုက်ပါ"
"ကောင်းပြီ ငါတို့အတွက် တပ်မှူးကျန်းကို ကျေးဇူးစကားပြောပေးပါအုံး"
🍒🍒
《 Zawgyi 》
၀မ္႐ႊီ႐ုန္ ႏွင့္ အျခားသူမ်ားကို ယာယီေနထိုင္ရာ ေနရာသို႔ ျပန္ပို႔ၿပီး ထုပ္ပိုးေစ၏။ ၀မ္႐ႊီ႐ုန္သည္ အလြန္တရာအရွက္ကြဲၿပီး ေဒါသႀကီးစြာထြက္ေနရသည္ဟု ခံစားရေလသည္။ တစ္လမ္းလုံး ေတာက္ေလွ်ာက္ ဆဲဆိုေနခဲ့ေလ၏။ သန္မာေသာ နဂါးပင္ ျဖစ္ေစကာမူ ေဒသခံ ေႁမြတစ္ေကာင္ကိုပင္ အနိုင္မယူနိုင္ေပ။ သူ႕တြင္ စြမ္းအားႀကီးေသာ မိုးႀကိဳးစြမ္းရည္ရွိလွ်င္ေတာင္ ေတာင္ပိုင္းအေျခစိုက္စခန္းရွိ ေထာင္ေပါင္းမ်ားစြာေသာ စစ္သားမ်ား၏ ေသနတ္မ်ားကို တားဆီး၍မရနိုင္ပါေခ်။
"အကိုႀကီး၊ ခ်န္းခ်င္းကို ငါတို႔ ဘာလုပ္သင့္လဲ?"
ထုပ္ပိုးေနၾကစဥ္ လူတစ္ေယာက္သည္ ၀မ္႐ႊီ႐ုန္၏ နား နားသို႔လာေမးေလ၏။
၀မ္႐ႊီ႐ုန္သည္ ႐ုတ္တရက္ တင္းက်ပ္သြားပုံရၿပီး တံခါးကို စိုက္ၾကည့္လိုက္ေလ၏။ သူတို႔အား ျပန္ေခၚလာေသာ စစ္သားမ်ားအားလုံးသည္ တံခါးဝတြင္ စနစ္တက်ရွိေနၾကၿပီး သူတို႔၏စကားေျပာသံကို မၾကားနိုင္ေခ်။ ထို႔ေၾကာင့္ သူ အနည္းငယ္ စိတ္ေလ်ာ့သြားေလ၏။
သူသည္ စပီကာကို စိုက္ၾကည့္ရင္း
"ခ်န္းခ်င္းက ဘယ္သူလဲ? ငါတို႔ ေတာင္ပိုင္းအေျခစိုက္စခန္းကို ေရာက္လာတုန္းက ခ်န္းခ်င္းလို႔ ေခၚတဲ့လူ တစ္ေယာက္မွမရွိဘူး။ မင္းငါ့အတြက္ မွတ္မိနိုင္တယ္ "
ထိုလူသည္ အံ့အားသင့္သြားၿပီးေနာက္ သူ႕အာ႐ုံမ်ားျပန္ေရာက္လာကာ ေခါင္းအသာညိတ္လိုက္ၿပီး ပါးစပ္ကိုပိတ္ကာ ထုပ္ပိုးလိုက္ေလသည္။
၀မ္႐ႊီ႐ုန္သည္ ကားျဖင့္ ေတာင္ပိုင္းအေျခစိုက္စခန္းမွ ထြက္ခြာလာသည့္အခ်ိန္တြင္ ေနာက္သို႔ျပန္ၾကည့္ကာ
"ငါ သိပ္မၾကာခင္ ျမန္ျမန္ ျပန္လာမွာပါ"
ေသာက္ ေတာင္ပိုင္းအေျခစိုက္စခန္း၊ သူနဲ႕တိုက္ခိုင္ရဲတယ္! အနာဂါတ္မွာ အခြင့္ေကာင္းရရင္ သူဒီကိုေသခ်ာေပါက္ ျပန္လာၿပီး ဒီေန႕ သူ႕ကို ေစာ္ကားတဲ့သူေတြကို တန္ေၾကးေပးေစမယ္!
ေတာင္ပိုင္းအေျခစိုက္စခန္းအဖြဲ႕ ျပန္ထြက္ခြာသြားၾကၿပီးေနာက္ ဝမ္ခ်န္အေျခစိုက္စခန္းရွိ ၿမိဳ႕စာင့္တပ္ထဲရွိ စြန႔္ပစ္အမွိုက္အုပ္စုသည္ ႐ုတ္တရက္ ပိုပိုၿပီး သန္မာလာခဲ့ေလသည္။ သူတို႔သည္ ၎တို႔ လုမိသားစုႏွင့္ပူးေပါင္းလိုက္ခ်ိန္တြင္ ဖိအားမ်ားခံစားခဲ့ရသည္။ ၎သည္ ေတာင္ပိုင္းအေျခစိုက္စခန္းႏွင့္ ပတ္သက္မႈရွိနိုင္သည္ဟု ပထမဆုံးသံသယရွိခဲ့ေလသည္။
ေတာင္ပိုင္းအေျခစိုက္စခန္း၌ ေဆး၀ါးအသစ္တစ္ခုရွိမွန္းသိၿပီးေနာက္ သူသည္ ထိုအေၾကာင္းကိုစတင္ေတြးမိၿပီး ေဆးဝါးအခ်ိဳ႕ဝယ္လိုခဲ့သည္။ သို႔ေသာ္လည္း စြမ္းရည္ေဆး၏အာနိသင္သည္ အလြန္ေကာင္းမြန္ေၾကာင္း သူၾကားခဲ့ရသည္။ ၎သည္ အစြမ္းကို တိုးတက္ေစသည့္ အာနိသင္ရွိ႐ုံသာမက စြမ္းအားတိုးတက္ေအာင္ ကူညီေပးနိုင္ေလသည္။ ၎သည္ တကယ့္ကို ရွားပါးေကာင္းမြန္သည့္ အရာတစ္ခုျဖစ္ေခ်၏။
ယခင္က ေတာင္ပိုင္းအေျခစိာက္စခန္းမွ လူမ်ားႏွင့္ ဆက္ဆံေရးမေကာင္းခဲ့သည္မွာ စိတ္ပ်က္စရာပင္။ သူတို႔ ေျမဆီလႊာမဲ့စိုက္ပ်ိဳးနည္းကို ေလ့လာဖို႔ အေျခစိုက္စခန္းကိုေရာက္လာသည့္အခ်ိန္က သူ႕ပါးစပ္ကို က်ယ္က်ယ္ဖြင့္ၿပီး လူမ်ားကို စိတ္အႏွောင့္အယွက္ျဖစ္ေစခဲ့သည္။ ေတာင္အေျခစိုက္စခန္းမွလူမ်ား မေက်မနပ္ျဖစ္ၿပီး သူ႕အားေဆးဝါးမ်ားမေရာင္းမည္ကို စိုးရိမ္ေနခဲ့ေလသည္။
သူ႕ခႏၶာကိုယ္ကို ဖုံးကြယ္ၿပီး တိတ္တဆိတ္လႈပ္ရွားနိုင္သည့္ ကိုယ္ေပ်ာက္စြမ္းရည္ နိုးထလာသည့္ ခ်န္းခ်င္းနာမည္ရွိ လက္ေအာက္ငယ္သားတစ္ေယာက္ ရွိခဲ့သည္။ ထို႔ေနာက္ သူသည္ ကိုယ္ေပ်ာက္သည့္တစ္ဖက္လူကိုအဖြဲ႕ႏွင့္ ေရာႏွောၿပီး ေတာင္ပိုင္းအေျခစိုက္စခန္းထဲသို႔ဝင္ခိုင္းရန္ သူဆုံးျဖတ္လိုက္ေလသည္။ ေတာင္ပိုင္းအေျခစိုက္စခန္းသည္ သူ႕အား ေဆးဝါးမ်ားေရာင္းလိုသည့္ဆႏၵမရွိပါက ခ်န္းခ်င္းအား ေဆးခိုးဖို႔အခြင့္အေရးကို ေစာင့္ခိုင္းရန္ သူႀကိဳးစားမည္ျဖစ္သည္။
အေသအခ်ာပင္ ေတာင္ပိုင္းအေျခစိုက္စခန္းေခါင္းေဆာင္မ်ားသည္ သူ႕ကို အေၾကာင္းအမ်ိဳးမ်ိဳးႏွင့္ တားထားၾက ေသာ္လည္း ေနာက္ဆုံးမွာေတာ့ သူ႕အား ေဆးေရာင္းရန္ဆႏၵမရွိၾကေခ်။ သုသည္ ခ်န္းခ်င္းအား ေဆးမ်ကိဳ တိတ္တိတ္ဆိတ္ဆိတ္ ခိုးခိုင္းခဲ့ေလသည္။ ေဖာ္ျမဴလာ သို႔မဟုတ္ တစ္ခုခုရွာနိုင္လွ်င္ ပိုေကာင္းၿပီး သူတို႔၀မ္ခ်န္းသို႔ျပန္ေရာက္သည့္အခါတြင္ တူညီသည့္အတိုင္း လုပ္နိုင္ၿပီး ခြန္အားပိုရလာနိုင္မလားကို ၾကည့္ရမည္။
ထို႔ေၾကာင့္ သူသည္ ခ်န္းခ်င္းအား လက္ပစ္ဗုံးတစ္လုံးကိုလည္းေပးလိုက္ေလ၏။ ေဖာ္ျမဴလာကို ရွာေတြ႕ပါက ေတာင္ပိုင္းအေျခစိုက္စခန္း၏ သုေတသနစင္တာကို ေဖာက္ခြဲပစ္လိမ့္မည္ျဖစ္သည္။ ထိုမွ ၀မ္ခ်န္းအေျခစိုက္စခန္းသည္ အေျခအေနအခြင့္ေကာင္းယူနိုင္ၿပီး တျခား အဓိကအေျခစိုက္စခန္းႀကီးမ်ားမွ လာေဖြလာနိုင္မည္ျဖစ္သည္။
လူမ်ားသည္ ေကာင္းကင္ဘုံေလာက္ အစြမ္းထက္မည္မဟုတ္ပါေခ်။ ေတာင္ပိုင္းအေျခစိုက္စခန္းသည္ ေတာ္ေတာ္ေလး ဖုံးကြယ္ထားမည္ဟု သူ မေမွ်ာ္လင့္ထားခဲ့ေခ်။ နည္းပညာျမင့္ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားႏွင့္ လက္နက္မ်ိဳးစုံကို အဆုံးမရွိတဲ့ ေရစီးကဲ့သို႔ ထြက္ေပၚေနေလသည္။ သူ၏ၿပီးျပည့္စုံသည့္ အစီအစဥ္သည္ တိုေတာင္းသြားၿပီး အံ့အားသင့္စရာ ျဖစ္ေစခဲ့သည္။
သို႔ေသာ္လည္း ၀မ္႐ႊီ႐ုန္၏ မ်က္လုံးမ်ားတြင္ ေဒါသႏွင့္ နာၾကည္းမႈအျပင္ ေလာဘအရိပ္အေယာင္မ်ား ရွိေနေလသည္။ ေတာင္ပိုင္းအေျခစိုက္စခန္းတြင္ ေနထိုင္သည့္ ဤေန႕ရက္မ်ားတြင္ ေတာင္ပိုင္းအေျခစိုက္စခန္း၏ ေနထိုင္မႈပတ္ဝန္းက်င္သည္ သူတို႔ ၀မ္ခ်န္းအေျခစိုက္စခန္းထက္ အဆေပါင္းရာႏွင့္ခ်ီ သာလြန္ေၾကာင္း ဝန္ခံရမည္ျဖစ္သည္။
ဤေနရာတြင္ ဆိုလာစြမ္းအင္ထုတ္လုပ္သည့္ကိရိယာမ်ားရွိေလသည္။ အေျခစိုက္စခန္းတြင္ မီးလုံးမ်ားသာမက ေလေအးေပးစက္မ်ားပါ ရွိသည့္အျပင္ ေဆးဝါးအသစ္မ်ား၊ လက္နက္ႏွင့္ ကိရိယာအေျမာက္အမ်ားလည္းရွိသည္။ ေတာင္ပိုင္းအေျခစိုက္စခန္း၏ လူေနမႈပတ္ဝန္းက်င္သည္ သူတို႔အေျခစိုက္စခန္းထက္ မ်ားစြာသာလြန္သည့္ပုံ ရသည္။
သူျပန္သြားၿပီးေနာက္ သူတို႔နည္းလမ္းတစ္ခုကိုရွာၿပီးေနာက္ ေထာက္လွမ္းေရးတစ္ေယာက္ကိုေတာင္ပိုင္းအေျခစိုက္စခန္းသို႔ပို႔ကာ ေ႐ႊ႕ းေျပာင္းဖို႔အခြင့္အေရးကို ေစာင့္ေနရမည္။
၀မ္႐ႊီ႐ုန္သည္ ထူးဆန္းေနသကဲ့သို႔ ျဖစ္ေနသည္ႏွင့္ ကားအျပင္ဘက္တြင္ က်ယ္ေလာင္ေသာ အသံကို ႐ုတ္တရက္ ၾကားလိုက္ရၿပီး ကား ႐ုတ္တရတ္ ရပ္သြားခဲ့ေလသည္။
" ဘာကိစၥရွိလို႔လဲ? "
၀မ္႐ႊီ႐ုန္၏ေခါင္းသည္ ကားေခါင္မိုးႏွင့္ တိုက္မိသြားၿပီး နာက်င္စြာ ရႈံ႕မဲ့သြားေလ၏။
"အစ္ကိုႀကီး! ေရွ႕က လမ္းက ၿပိဳက်သြားၿပီ!"
"လမ္းက ၿပိဳက်သြားတယ္! လမ္းေကာင္းတစ္ခုက ဘယ္လိုၿပိဳက်နိဳင္မွာလဲ?"
၀မ္႐ႊီ႐ုန္သည္ ေျပာရင္း တံခါးဖြင့္ၿပီး စစ္ေဆးဖို႔ ဆင္းလာခဲ့ေလသည္။
ညီညာေသာ ေျမျပင္သာ၊ သူတို႔ ေရွ႕ဆက္သြားမည့္လမ္းကို ပိတ္ဆို႔ေနေသာ နက္နဲေသာတြင္းႀကီးတစ္ခု ရွိေနသည္ကို မသိရေခ်။
" ေသာက္ကံက ဆိုးခ်က္! တျခား ပတ္သြားလို႔ရတဲ့လမ္းရွိေသးလား? "
"အစ္ကိုႀကီး၊ ပတ္သြားလို႔ရမယ့္လမ္းတစ္ခု ရွိသရွိေသးတယ္ထင္တယ္"
တစ္စုံတစ္ေယာက္သည္ ေျမပုံကိုထုတ္ၿပီး ေသခ်ာၾကည့္လိုက္၏။
"ဒါဆို လမ္းေျပာင္းလိုက္ "
၀မ္႐ႊီ႐ုန္သည္ မ်က္ေမွာင္ၾကဳတ္လိုက္၏။
ေမာ္ေတာ္ယာဥ္သည္ လမ္းေၾကာင္းေျပာင္းကာ လွည့္သြားခဲ့သည္။
သို႔ေသာ္လည္း သူတို႔မသိၾကသည္မွာ လမ္းတြင္ မိုင္းမ်ားထူထပ္စြာ ေထာင္ထားၿပီးျဖစ္ကာ သူတို႔ ျဖတ္သန္းမည္ကို ေစာင့္ေနေလသည္။
ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ လူတစ္စုသည္ ေတာအုပ္ထဲမွ ခုန္ထြက္သြားၾကကာ ေသေသခ်ာခ်ာ စစ္ေဆးရန္ လမ္းေပၚသို႔ သြားလိုက္ၾကေလ၏။ ပစ္မွတ္အားလုံး ေသဆုံးေၾကာင္း အတည္ျပဳၿပီးေနာက္ သူတို႔သည္ အေလာင္းမ်ားကို ခ်က္ခ်င္းမီးသၿဂိဳလ္ခဲ့ၿပီး ကားအပ်က္အစီးမ်ားအားလုံးကိုျမႇုပ္ႏွံလိုက္ၾကကာ သဲလြန္စမခ်န္ဘဲ ထြက္ခြာသြားၾကေလသည္။
***
ေတာင္ပိုင္းအေျခစိုက္စခန္းဌာနခ်ဳပ္အေဆာက္အအုံ၏ ညီလာခံခန္းမတြင္ က်န႔္ယြင္သည္ သူတို႔စခန္းမွထြက္ခြာၿပီး အေနာက္ေျမာက္ဘက္သို႔သြားေတာ့မည္ ျဖစ္ေၾကာင္း က်န္း႐ႊီက်ိဳးအားေျပာၾကားခဲ့သည္။
က်န္း႐ႊီက်ိဳးသည္ မ်က္ေမွာင္ၾကဳတ္ၿပီး
"မင္းတို႔ အဆင့္ေလးဖုတ္ေကာင္ေနာက္ကို လိုက္မွာ၊ ဟုတ္တယ္မလား? "
က်န႔္ယြင္ အံ့အားသင့္သြားေလ၏။ မေမွ်ာ္လင့္ဘဲ က်န္း႐ႊီက်ိဳးလည္း ထိုအေၾကာင္းသိေနခဲ့၏။
" အဆင့္ ေလးဖုတ္ေကာင္တကယ္ရွိတာလား?"
"မွန္ပါတယ္!"
က်န္း႐ႊီက်ိဳး သက္ျပင္းခ်ရင္း
"ဒီတစ္ခါေတာ့ အေနာက္ေျမာက္အေျခစိုက္စခန္းကလူေတြက အဆင့္ေလးဖုတ္ေကာင္ေတြ ႐ုတ္တရက္ေပၚလာတာေၾကာင့္ စြမ္းရည္ေဆးနဲ႕ ေျဖေဆးဝယ္ဖို႔ စိတ္အားထက္သန္ေနၾကတာ။ အဆင့္ 4 ဖုတ္ေကာင္ေတြရဲ႕ လက္ထဲမွာ သူတို႔ လူေတြအမ်ားႀကီး ဆုံးရႈံးခဲ့ရတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ နာရီအနည္းငယ္က အေနာက္ေျမာက္အေျခစိုက္စခန္းက အကူအညီေတာင္းခံမႈတစ္ခု ငါတို႔ လက္ခံခဲ့ရတယ္။ ေျပာပုံအရ အဆင့္ ေလး ဖုတ္ေကာင္ေတြက ပတ္ဝန္းက်င္မွာရွိတဲ့ ဖုတ္ေကာင္ေတြကို ေခၚေနၾကတယ္တဲ့။ အရမ္းဆိုးဝါးတဲ့ ဖုတ္ေကာင္ဒီေရလွိုင္းႀကီး ျဖစ္နိုင္တယ္"
"အဲ့ေနရာမွာမွာ တကယ္ကို အရမ္းအႏၱရာယ္မ်ားတယ္။ မင္းတို႔ သြားခ်င္ေနတာ ေသခ်ာလား?"
က်န္း႐ႊီက်ိဳးသည္ သူတို႔အား ဖုံးကြယ္လို႔မရေသာ ဝမ္းနည္းမႈမ်ားေနသည့္ နက္နဲသည့္မ်က္လုံးမ်ားႏွင့္ၾကည့္လိုက္ေလ၏။
"ဟုတ္ပါတယ္"
က်န႔္ယြင္သည္ အေနာက္ေျမာက္ဘက္ကိုသြားမည့္ ဤခရီးသည္ သူတို႔အတြက္ မရွိမျဖစ္လိုအပ္ေသာေၾကာင့္ အျပဳသေဘာေဆာင္စြာျပန္ေျဖၾကားလိုက္သည္။
"ေကာင္းၿပီေလ၊ မင္းတို႔နဲ႕လိုက္ဖို႔ ထိပ္တန္းအဖြဲ႕တစ္ဖြဲ႕ကို ငါလႊတ္လိုက္မယ္။ မင္းတစ္ခုခုလိုအပ္ရင္ ငါ့ကိုသာေျပာလိုက္၊ မင္းအတြက္ ငါလုပ္ေပးလိုက္မယ္"
က်န္း႐ႊီက်ိဳးသည္ သူတို႔၏လုပ္ေဆာင္မႈမ်ားကို အျပည့္အဝေထာက္ခံဖို႔ ဆုံးျဖတ္လိုက္ေလသည္။
"ေက်းဇူးတင္ပါတယ္၊ ဒါေပမယ့္ မလိုပါဘူး"
က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္အား အၿပဳံးႏွင့္ၾကည့္လိုက္ၿပီး
"တပ္မႉးက်န္း၊ ဒီတစ္ခါေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ လုပ္ေဆာင္ခြင့္ေပးမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္"
က်န္း႐ႊီက်ိဳးသည္ ထိုစကားကိုၾကားေသာအခါ ထိတ္လန႔္သြားၿပီး ေနာက္ သက္ျပင္းခ်လိဳက္ကာ
" ဟုတ္ပါတယ္၊ မင္းတို႔အားလုံးမွာ သာမာန္ထက္ထူးျခားတဲ့ ခြန္အားေတြရွိၿပီး သူတို႔က ေနာက္က်က်န္ေနေသးတာ။ ေကာင္းၿပီေလ၊ မင္းတို႔အတြက္ ေျဖေဆး နဲ႕ စြမ္းရည္ေဆးတစ္ေသတၱာကို ငါ ျပင္ထားလိုက္မယ္။ လမ္းမွာသုံးလို႔ရတဲ့ ပစၥည္းေတြကိုလည္းျပင္ထားေပးမယ္။ ႀကိဳတင္ျပင္ဆင္ထားလိုက္ၾကဦး "
က်န္း၏စကားမ်ား ေျပာၿပီးေနာက္ က်န႔္ယြင္ႏွင့္ စုေ႐ြ႕က်ယ္တို႔သည္ ျငင္းဆိုစရာ အေၾကာင္းမရွိေတာ့သည့္အတြက္ သူ႕အား ၿပဳံးၿပီး ေက်းဇူးတင္ခဲ့ၾက၏။
"ေနာက္ထပ္တစ္ခု ကြၽန္ေတာ္ ခင္ဗ်ားကိုေျပာစရာလိုေသးတယ္ တပ္မႉးက်န္း"
က်န႔္ယြင္သည္ မၾကာေသးမီရက္မ်ားအတြင္း ရာသီဥတုေျပာင္းလဲမႈမ်ားအေၾကာင္းႏွင့္ ေဆာင္းရာသီေရာက္မည္ကို မွန္းဆထားသည့္သတင္းကို က်န္း႐ႊီက်ိဳးအားေျပာျပလိုက္ၿပီး ေဆာင္းရာသီအတြက္ ပစၥည္းမ်ား အျမန္ျပင္ဆင္ေပးရန္ ေတာင္းဆိုခဲ့သည္။
"မင္းေျပာသလိုပဲ ေဆာင္းရာသီက ခ်ဲ့ကားေနတာလား?"
က်န္း႐ႊီက်ိဳးသည္ သံသယျဖစ္ေနေလ၏။ သူတို႔သည္ ေတာင္ပိုင္းတြင္ျဖစ္၏။ ေဆာင္းရာသီတြင္ အနိမ့္ဆုံးအပူခ်ိန္မွာ သုညေလာက္သာရွိသည္။ သုညေအာက္ 30 မ်ိဳးက မည္ကဲ့သို႔ျဖစ္မလဲဆိုသည္ကို သူေတြး၍ မရေခ်။
"ဒီေန႕ ေနအပူရွိန္က ခင္ဗ်ားကို တစ္ခုခုေျပာေနၿပီ မဟုတ္လား? "
က်န႔္ယြင္ေမးလိုက္၏။
အခ်ိန္အေတာ္ၾကာ တိတ္သြားၿပီးေနာက္ က်န္း႐ႊီက်ိဳးေျပာလာေလ၏။
" ေကာင္းၿပီ၊ ငါသိၿပီ။ ေဆာင္းရာသီအတြက္ သူတို႔လိုအပ္တဲ့ မီးေသြးနဲ႕ ေစာင္ေတြကို ျပင္ဆင္ခိုင္းလိုက္မယ္"
က်န႔္ယြင္သည္ ဤသို႔ေသာကိစၥမ်ိဳးမ်ားကို ေနာက္ေျပာင္လ်မ့္မည္မဟုတ္ေၾကာင္း သူခံစားရ၏။ ႀကိဳၿပီးျပင္ဆင္ထားလွ်င္ အၿမဲအႏၱရာယ္ရွိလိမ့္မည္မဟုတ္ပါေခ်။ တစ္ခ်ိဳ႕ေသာအရာမ်ားသည္ တစ္ခ်ိဳ႕အရာမ်ားထက္ ပိုၿပီးယုံၾကည္နိုင္ေလာက္သည္။
"ေကာင္းၿပီ"
က်န္း႐ႊီက်ိဳးႏွင့္ စကားစျမည္ေျပာဆိုအၿပီး ေနာက္မွာေတာ့ အဖြဲ႕သည္ သူတို႔၏စြမ္းအင္ကို ျမႇင့္တင္ၿပီး ေနာက္တစ္ေန႕အတြက္ ျပင္ဆင္ၾကဖို႔ရန္ အိမ္ျပန္ခဲ့ၾကေလသည္။
အပူခ်ိန္သည္ ေျပာင္းလဲရန္ အလြန္ျမန္ဆန္လိမ့္မည္ဟု သူတို႔ မေမွ်ာ္လင့္ထားခဲ့ၾကေခ်။
ေနာက္တစ္ေန႕ ေန႕လယ္အခ်ိန္သည္ ေန႕တာ၏ အပူဆုံးအခ်ိန္ဟု ထင္ရေသာ္လည္း ေအးျမၿပီး ေလႏုေအးမ်ားတိုက္ခတ္ ေနၿပီး ေနေရာင္သည္ ေပ်ာ့ေပ်ာင္းသြားပုံေပၚေလသည္။ လူ႕ခႏၶာကိုယ္သည္ ပူေနမည့္အစား ေအးျမၿပီး သက္ေတာင့္သက္သာ ခံစားရေလသည္။
လေပါင္းမ်ားစြာ ေနေရာင္မထိေတြ႕ခဲ့ၾကသူမ်ားသည္ အမိုးအကာေအာက္မွတေျဖးေျဖးထြက္လာၾကကာ ႏြေးေထြးေသာေနေရာင္ေအာက္တြင္ ေနပူဆာလႈံၾကၿပီး ေလျပည္ညင္း၏ ေအးျမမႈကို ခံခံစား ေပ်ာ္႐ႊင္ေနၾကေလသည္။
အသက္ရွင္လြတ္ေျမာက္လာသူမ်ားသည္ အပူလြန္ကဲျခင္း ျဖတ္ေက်ာ္သြားျခင္းကို ဆင္ႏႊဲရန္ရယ္ေမာေနခဲ့ၾကေသာ္လည္း က်န႔္ယြင္ ႏွင့္ စုေ႐ြ႕က်ယ္တို႔သည္ အေလးအနက္ျဖစ္ေနၾကေလ၏။ အပူခ်ိန္ေျပာင္းလဲမႈသည္ အလြန္ထူးျခားေၾကာင္း သူတို႔ သိခဲ့ၾကေလသည္။
စုေ႐ြ႕က်ယ္သည္ ေနရာလြတ္ထဲမွ သာမိုမီတာကို ထုတ္ကာ ယေန႕အပူခ်ိန္သည္ 28 ဒီဂရီစင္တီဂရိတ္သာရွိၿပီး ယမန္ေန႕ ေန႕လည္၏ 41 ဒီဂရီထက္ 13 ဒီဂရီ ေလ်ာ့နည္းေၾကာင္း ေတြ႕ရွိခဲ့ေလသည္။
"တစ္ခါတည္း သြားၾကရေအာင္!"
ယခု ဤအေျခအေနတြင္ သူတို႔ ညကို မေစာင့္နိုင္ၾကေတာ့ေခ်။ အပူခ်ိန္သည္ က်ဆင္းမႈသည္ အလြန္လ်င္ျမန္လြန္းသည္။ သူတို႔ ဆက္ၿပီး ႏွောင့္ႏွေးေနမည္ဆိုလွ်င္ သူတို႔ ႏွင္းမ်ားေအာက္တြင္ တကယ္ပဲ လမ္းေပၚမွာသြားေနၾကရလိမ့္မည္ျဖစ္သည္။
"ေကာင္းၿပီ! "
တကယ္တမ္းတြင္ သူတို႔တြင္ သန႔္ရွင္းေရးလုပ္စရာ ဘာမွမရွိပါေခ်။ အသုံးဝင္တဲ့အရာမ်ားကို အေျခခံအားျဖင့္ စုေ႐ြ႕က်ယ္သည္ ေနရာလြတ္ထဲတြင္ စုေဆာင္းထားခဲ့သည္။ သူတို႔သည္ လမ္းတြင္သုံးရန္အဆင္ေျပမည့္ အေျခစိုက္စခန္းမွေပးထားသည့္ ဆိုလာဓာတ္အားေပးစက္ကိုသာ ျဖဳတ္႐ုံသာရွိသည္။
သူတို႔အသုံးျပဳသည့္ ဆိုလာ photovoltaic ဓာတ္အားထုတ္လုပ္သည့္ စက္ အခ်ပ္ျပားတစ္ခုသည္ ေဆာင္းရာသီတြင္အသာထား မိုး႐ြာေသာေန႕မ်ားတြင္ပင္ ဆက္လက္အသုံးျပဳနိုင္သည္။Photovoltaic ဓာတ္အားေပးစက္သည္ အလင္းစြမ္းအင္ကို လွ်ပ္စစ္စြမ္းအင္အျဖစ္သို႔ တိုက္ရိုက္ေျပာင္းလဲရန္ ဆီမီးကြန္ဒတ္တာမ်က္ႏွာျပင္၏ photovoltaic effect ကိုအသုံးျပဳသည့္ နည္းပညာတစ္ခုျဖစ္သည္။ ေဆာင္းရာသီ သို႔မဟုတ္ ႏြေရာသီျဖစ္ေစ၊ တိမ္ထူေသာ သို႔မဟုတ္ မိုး႐ြာေသာေန႕မ်ားျဖစ္ေစ သဘာဝအလင္းေရာင္ရွိေနသေ႐ြ႕ photovoltaic generator မ်ား၏ လည္ပတ္မႈကို ထိန္းသိမ္းထားနိုင္သည္။ သို႔ေသာ္လည္း ေဆာင္းရာသီတြင္ ဓာတ္အားထုတ္လုပ္မႈမွာ ႏြေရာသီကဲ့သို႔ မျမင့္မားေပ။
က်န႔္ယြင္သည္ ေကာင္းက်န္း ထံသို႔ သြားၿပီး သူတို႔ ခ်က္ခ်င္းထြက္သြားေတာ့မည္ဟုေျပာလိုက္သည္။ တပ္မႉးက်န္းကို ေျပာေပးရန္ ကူညီေပးဖို႔ ေတာင္းဆိုခဲ့လိုက္သည္။
ေကာင္းက်န္းသည္ အရွိန္စြမ္းအားရွင္တစ္ေယာက္ႏွင့္ ထိုက္တန္သူျဖစ္ၿပီး ငါးမိနစ္မျပည့္ခင္မွာ အသြားအျပန္ ေျပးၿပီး ျပန္လာခဲ့ေလသည္။ သူျပန္ေရာက္လာေသာအခါ ေက်ာပိုးအိတ္ေသး ႏွစ္လုံးကို သယ္ေဆာင္လာခဲ့သည္။
က်န႔္ယြင္သည္ ေက်ာပိုးအိတ္ကိုဖြင့္လိုက္ၿပီး ေက်ာပိုးအိတ္တစ္ခုစီတြင္ ေျဖေဆး 50 ႏွင့္ စြမ္းရည္ေဆး 50 ရွိေၾကာင္းေတြ႕လိုက္ရသည္။
"တပ္မႉးက်န္းက လူေတြကို အက်ီတခ်ိဳ႕၊ အႏြေးအိပ္ယာေတြနဲ႕ လွ်ပ္စစ္ေရဘူးတခ်ိဳ႕ကို ရွာခိုင္းထားတယ္။ သူတို႔ အဲ့ဒါေတြကို တံခါးဆီကို ခင္ဗ်ားတို႔အတြက္ပို႔လာလိမ့္မယ္။ အေျခစိုက္စခန္းကေန ထြက္သြားတဲ့အခါ အဲ့ဒါေတြယူသြားဖို႔သတိရပါ။ တပ္မႉးက်န္းက အခ်ိန္ကက်ပ္ေနတယ္လို႔ေျပာတယ္။ မင္းတို႔အတြက္အမ်ားႀကီးျပင္ဆင္ထားဖို႔ သူ အခ်ိန္မေလာက္လိုက္ဘူးတဲ့။ လမ္းမွာေဘးကင္းေအာင္ဂ႐ုစိုက္ပါ"
"ေကာင္းၿပီ ငါတို႔အတြက္ တပ္မႉးက်န္းကို ေက်းဇူးစကားေျပာေပးပါအုံး"
🍒🍒